ဘာကြောင့် raccoon တွေရဲ့ Testicles တွေကကြီးမားရသလဲ ?
ဒီဆောင်းပါးလေးကတော့ စာဖတ်သူတို့အတွက် နည်းနည်းလေး ရိုင်းပျသွားမလားတော့မသိပါဘူး။
ဗဟုသုတလေးကိုလည်း မျှဝေပေးချင်ပါတယ်။
ဒီလိုပုံလေးကို မြို့ထဲတစ်နေရာရာတို့… ၊ ဂျပန်နိုင်ငံရဲ့ ဆိုင်အဝင်အဝမှာတို့….. ရှိနေတတ်တာကို စာဖတ်သူတို့ မြင်ဖူးကြပါသလား?
https://wowma.jp/item/316409402
ဂျပန်မှာ အရင်ကတည်းကရှိနေခဲ့တဲ့ raccoon dog ဆိုတဲ့ တိရစ္ဆာန်ကို လူသားအဖြစ်အသွင်ပြောင်းထားတဲ့ သစ်သားအရုပ်လေးပဲဖြစ်ပါတယ်။ နည်းနည်း မြင်နိုင်ဖို့ခက်ပေမဲ့၊ ခြေထောက် ၂ ချောင်းကြားကို သေသေချာချာလေး ကြည့်လိုက်ပါ။
ဒီ raccoon dog က အထီးလေးပဲနော်!!!!
ခြေထောက် ၂ ချောင်းကြားမှာ ကြီးမားတဲ့ Testicles ကြီး ၂ ခုကိုတွေ့ရမှာပါ။ တော်တော်လေးကို ကြီးတာပါ
raccoon dog အစစ်မှာလည်း ဒီလိုပဲကြီးတာလား ? ဆိုတော့ တကယ်အစစ်မှာတော့ အဲ့ဒီလိုမကြီးပါဘူး။
ဘယ်သူကများ raccoon dog ရဲ့ Testicles ကို ကြီးအောင်လုပ်ခဲ့တာပါလိမ့် ?
စကားမစပ် raccoon က ဘယ်လိုတိရစ္ဆာန်ကြီးလဲဆိုတာ နည်းလည်ဖို့ ပုံနည်းနည်းနဲ့ မိတ်ဆက်ပေးပါမယ်။
Edo ခေတ်မှာတုန်းက raccoon ကိုဒီလိုပုံဖော်ခဲ့ကြပါတယ်။
မိုးတွေအရမ်းရွာတာကြောင့် ကြောက်လန့်နေတဲ့ ပြည်သူတွေက raccoon ရဲ့ Testicle (balls) တွေကို ထီးအဖြစ်တောင်ဆောင်းခဲ့ကြပါတယ်။
နည်းနည်းရိုင်းပျတဲ့ ပုံစံပဲနော်..
https://mag.japaaan.com/archives/84996
ဒီပုံရောပဲ
https://mag.japaaan.com/wp-content/uploads/2018/11/2015-02-12-11.49.52.jpg
ကြီးလွန်းလို့ လမ်းတောင် မလျှောက်နိုင်တော့ဘူးတဲ့….(လွတ်လပ်စွာရယ်နိုင်ပါတယ်)
ဒါကြောင့် အကြံရသွားတာကတော့ ငှက်ကိုဖမ်းဖို့ ပိုက်ကွန်အစား ဒါကိုအသုံးပြုမယ်ပေါ့….?
https://mag.japaaan.com/archives/84996
raccoon တွေက မှော်အတတ်သုံးပြီး သူတို့ကိုယ်သူတို့ လူသားအဖြစ်ဖန်တီးကာ လူသားတွေကိုလှည့်စားကြတယ်လို့ ရှေးရှေးတုန်းက ပြောကြပါတယ်။ တိရစ္ဆာန်ထဲမှာမှ ထူးခြားသတ္တဝါတွေဖြစ်တယ်ပေါ့…။
နောက်ထပ် လူကိုလှည့်စားနိုင်တယ်လို့ပြောကြတဲ့ တိရစ္ဆာန်ကတော့ မြေခွေးလို့ပဲ ပြောရမယ်…။ သူတို့ရဲ့ Testicle တွေကတော့ အဲ့ဒီလောက်မကြီးပါဘူး။
ဒီနေရာမှာ ရှေးတုန်းကရှိခဲ့တဲ့ စကားတစ်ခုကတော့
狸の金玉 八畳敷き(はちじょうじき)
Japanese raccoon balls-eight tatami mats
ပြောချင်တာကတော့ raccoon ရဲ့ Testicles တွေဟာ ဂျပန်ဖျာ ၈ ချပ်စာလောက်ကျယ်ပြန့်ပါတယ်တဲ့..
畳 (tatami) = ဂျပန်ဖျာ
畳 (tatami) ၈ ချပ်စာလောက်ခင်းထားတဲ့ အခန်းလောက်ကို ရှိတာပေါ့နော်..
ဒီစကားကဘယ်ကလာသလဲဆိုတော့…..
ရှေးရှေးတုန်းက ရွှေပန်းထိမ်သမားတစ်ယောက်ရဲ့ ပြောပြချက်ဖြစ်ပါတယ်။
သူက ရွှေအရွက်ပုံစံလုပ်မှာဖြစ်တဲ့အတွက် ၄ ဂရမ် လောက်ရှိတဲ့ ရွှေကို raccoon ရဲ့ အရေပြားနဲ့ ထုပ်လိုက်ပြီး ဆွဲဆန့်လိုက်တယ်ဆိုရင်ပဲ ၊ 畳 (tatami) ၈ ချပ်စာ အကျယ်အထိ ဆန့်ထွက်လာတယ်လို့ ပြောခဲ့ပါတယ်။
ဘာကြောင့်များပါလိမ့်..
Raccoon ရဲ့ အရေပြားကဆွဲဆန့်နိုင်တယ်
↓
Testicles ရဲ့အရေပြားလည်း ဆွဲဆန့်လို့ရမယ်။
↓
ဒါဆို Testicles ရဲ့ အိတ်ကကြီးမယ်
↓
အထဲမှာရှိတဲ့ Testicles လည်း ကြီးမှာပေါ့…
ဆိုပြီး တွေးခဲ့ကြပါတယ်။
အရင်ကဂျပန်လူမျိုးတွေက စိတ်မနှံ့ကြဘူးလာဟင် ?
ပန်းချီဆရာတွေအရမ်းပေါများခဲ့တဲ့ အဲဒိုခေတ်မှာ ဒီလိုပုံတွေဆွဲပြီး ပုံဖော်ခဲ့ကြပါတယ်….
https://mag.japaaan.com/archives/84996/2015-02-12-11-50-13
အရမ်းကို အဆင်ပြေနေကြတဲ့ ပုံပဲနော်……(ရယ်လျက်)
ပြောပြချင်တာလေးကတော့ Raccoon Testicles က တကယ်တော့အပြင်မှာ အဲ့ဒီလောက်အထိမကြီးပါဘူး။
ဒါက ဒဏ္ဍာရီ ရိုးရာပုံပြင်လေးပေါ့ !!
အကယ်၍ ဂျပန်ကိုရောက်ဖြစ်ခဲ့လို့ မတော်တဆ Raccoon သစ်သားရုပ်မှာရှိတဲ့ Testicles ကြီးတွေကိုမြင်ပြီး၊
“ ဟာ … ဧရာမ Testicles ကြီးတွေပါလား၊ ထူးဆန်းလိုက်တာ၊ တကယ်ရှိခဲ့တာလား “ ဆိုပြီး တအံ့တသြကြီးတွေဖြစ်နေကြကုန်မှာ စိုးလို့၊ ဗဟုသုတအနေနဲ့ ရေးပေးလိုက်ရတာပါ ခင်ဗျား !!! (ရယ်လျက်)
Kengo Abe