ဖြိုးပြောပြတဲ့ ဂျပန်အကြောင်းအရာ အပိုင်း(၃)

မင်္ဂလာပါ။ JAPO .ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာတော့

ဂျပန်နိုင်ငံရဲ့ လစာ နဲ့တကယ်ကိုယ့်လက်ထဲရတဲ့လစာနဲ့ပက်သက်ပြီး ပြောပြပေးသွားပါမယ်နော်။

ဆောင်ရတဲ့အခွန်တွေကများသလို အခြေခံလစာပေါ် မူတည်ပြီး ဆောင်ရတာမို့ လစာမတူရင်ပေးဆောင်ရတာလည်း တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူးနော်။

 

အကယ်၍ အခြေခံလစာ ¥190000ဆိုရင်

源泉所得税(ဝင်ငွေခွန်)= ¥3910 ၊

健康保険料(ကျန်းမာရေးအခွန်)=¥9348 ၊

厚生年金保険料(ပင်စင်ခွန်)= ¥17385 ၊

雇用保険料(အလုပ်သမား အခွန်) = ¥664 ၊

စုစုပေါင်း = ¥31307 ကျပါမယ်။

ကိုယ့်လက်ထဲရောက်မှာက¥158693ပါ။

လစာက ¥200000ဆိုရင်တော့ အခွန်ကနည်းနည်းများသွားမှာပါ။

အကြမ်းဖျင်းအခွန် က ¥35219 ပါ။

အဲ့တော့ ကိုယ့်လက်ထဲရောက်မှာက ¥164781ပါ။ လစာ ¥260000ဆိုရင်အခွန်က ¥42726ပါ။ အဲ့တော့ကျန်မှာက ¥217274ပါ။

 

အဲ့ထဲမှာက အိမ်လစာ မနှုတ်ရသေးပါဘူး။ အိမ်လစာ က company ကအပြည့်ပေးမှာလား။ တစ်ဝက်ပေးမှာလား ပေါ်မူတည်ပြီး လစာအနည်းအများကွဲသွားတာပါ။ ဂျပန်မှာတော့ ခရီးစားရိတ်က company တော်တော်များများပေးကြပါတယ်။ အဲ့တော့ ကိုယ့်လက်ထဲရောက်မှာက ¥128693+ခရီးစားရိတ်ပါ။

လစာတော့လက်ထဲရောက်ပြီ ဒါပဲလားဆိုတော့မဟုတ်သေးပါဘူး။ ဂျပန်မှာက နေစားရိတ် စားစရိတ် တကယ်စျေးကြီးပါတယ်။ Phone ဖိုး internet ဖိုးက တစ်လကို အနည်းဆုံး ¥4000 ကနေ ¥6000 ကြားပါ။ ရေ၊ မီး ၊ gas ဖိုးက တစ်လ ¥10000 လောက်ကုန်ပါတယ်။ စားတာသောက်တာကတော့ အပြင်မှာစားရင်ပိုက်ဆံပိုကုန်ပါတယ်။

 

အဲ့တော့ ဂျပန်မှာ သိန်း20 25သိန်း ရတယ်ဆိုပြီး လူတိုင်းလာမေးကြလို့…..။ ရပါတယ်၊ ဟုတ်ပါတယ်။

စာရွက်ပေါ် မှာပဲရပါတယ်။ အခွန်တွေနုတ်လိုက်တဲ့အခါ အများကြီး မကျန်ပါဘူး။

အကယ်၍ ကိုယ်လုပ်တဲ့company ကအချိန်ပိုလုပ်လို့ရတယ်ဆိုရင်တော့ အချိန်ပိုကြေးလည်းရလို့ လစာ+အချိန်ပိုကြေး ဖြစ်တာကြောင့် များသွားကောင်းများသွားနိုင်ပါတယ်။

ဒီမှာက ဘာဝယ်ဝယ်ဘာစားစားအခွန်ဆောင်ရပါတယ်။

လတ်တလောမှအခွန် 10%ဖြစ်သွားတာမို့ ကိုယ်က ¥100တန် ဝယ်မယ်ဆိုရင်တောင် အခွန်နဲ့ ¥110 ပေးရပါတယ်နော်။

 

ကိုယ့်မြန်မာနိုင်ငံမှာဆို လစာ တစ်နှစ်စာဝင်ငွေ သိန်း50ကျော်မှအခွန်ဆောင်ရတာပါ။

ဒါတောင်မဆောင်ဘဲရှောင်နေချင် ရှောင်နေလို့ရပါတယ်။ ဒီမှာတော့အဲ့လိုမရပါဘူးနော်။ ဂျပန်ရောက်ခါစဆို အိမ်တစ်အိမ်ထူထောင်သလိုဖြစ်တော့ အိပ်ရာ၊ ထမင်းပေါင်းအိုး၊ ရေနွေးအိုး၊ မီးပူ၊ စတဲ့နေ့စဉ်သုံး အရာတွေဝယ်ရတဲ့အတွက် ပိုက်ဆံတော်တော်ကုန်ပါတယ်။

နောက်ကိုယ်နေမယ့်အိမ်က မီးဖို၊ refrigerator၊ အဝတ်လျော်စက်၊ ဘာညာ ပါရင်တော်ပါသေးတယ်။

မပါရင်အဲ့ဒါတွေဝယ်ရတာနဲ့ တော်တော်ကုန်ပါတယ်။ နောက် ဆေးစစ်ရပါတယ်။

 

 

မြန်မာပြည်မှာစစ်ခဲ့လည်း ဂျပန်မှာထပ်စစ်ရပါတယ်။ ကုန်ကျစားရိတ်ကတော့ အနည်းဆုံး ¥5000 ကနေ ¥10000 ကြားပါ အဲ့ဒီကုန်ကျစားရိတ်ကို company ဘက်ကပေးတာလည်းရှိသလို ကိုယ့်ဘာသာပေးဆောင်ရတာတွေလည်းရှိပါတယ်။

ပြီးတော့ စစချင်းလရဲ့ လစာကိုနောက်လမှရတာမျိုးလည်းရှိတော့ ပထမဆုံးလက ကိုယ့်စားရိတ်ကိုယ်စားပါ။

လစာပေးတဲ့ ရက်ကလည်းcompany တခုနဲ့တခုမတူပါဘူး။

 

တချို့company တွေကတော့ 1ရက်နေ့ဝင်ရင် လကုန်လစာရပါတယ်။

1ရက်ကနေ25အထိတွက်ပီး 30/31မှာရပါတယ်။ တချို့ ကတော့ လကုန်ပီး 10ရက်နေရင်ရပါတယ်။ နောက်အကျဆုံးကတော့ အရင်လကလစာကို ဒီလ25ရက်နေ့မှရတာပါ။

ဂျပန်ရောက်ခါစလကတော့ ကိုယ်တကယ်လာချင်တဲ့ဆီရာက်လို့ပျော်လည်းပျော် ပိုက်ဆံတွေလည်း အကုန်အကျအများဆုံးလမို့ ပျော်မောလ ပါပဲ။

ပျော်ရသလို စိတ်လည်းမောရတာပေါ့။

ဂျပန်လာဖို့ ပြင်ဆင်နေတဲ့သူများအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ဖြိုးက sharing လုပ်ပေးလိုက်ပါတယ်နော်……..

 

ဖြိုး

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: