ဂျပန်နိုင်ငံက မြန်မာ Scholarship ကျောင်းသားတစ်ချို့နဲ့ အင်တာဗျူး

ယခုနှစ်အနည်းငယ်အတွင်းမှာ နည်းပညာပိုင်းဆိုင်ရာတွေသင်ယူလေ့လာဖို့အတွက် ဂျပန်နိုင်ငံကိုသွား‌ရောက်ပညာသင်ကြားနေတဲ့ မြန်မာလူငယ်တွေတိုးပွားလျက်ရှိပြီး ဂျပန်နိုင်ငံရဲ့ကောလိပ်တွေတက္ကသိုလ်တွေမှာလည်း နိုင်ငံခြားကျောင်းသားအဖြစ်၊ ပညာတော်သင်ကျောင်းသားအဖြစ် ပညာသင်ကြားနေတဲ့မြန်မာကျောင်းသားတွေအများကြီးရှိပါတယ်။

အဲဒီထဲကမှ အိုကယာမတက္ကသိုလ်မှာဆို ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားအယောက်၂၀တောင်ရှိပါတယ်။

အခုတစ်ခေါက်ကတော့ အဲဒီအယောက်၂၀ထဲကမှ၃ယောက်ကို အိုကယာမရောက်တုန်း အခွင့်အရေးရတာနဲ့ ဂျပန်နိုင်ငံမှာကျောင်းတက်နေတဲ့အကြောင်းကိုမေးမြန်းဖြစ်ခဲ့ပါတယ် !

ဒီတစ်ခေါက်အင်တာဗျူးလုပ်ခဲ့တာကတော့ Shan Min Kha၊ Kay Khine Kywe နဲ့ Yan Linn Paing တို့ပဲဖြစ်ပါတယ်။

 

Kay Khine Kywe ကတော့ ဂျပန်မှာကျောင်းတက်နေတာ၄နှစ်ရှိပါပြီ။ Shan Min Khaက၃နှစ်၊ Yan Linn Paing ကတော့ ဂျပန်မှာကျောင်းတက်တာ၃လလောက်ရှိပါပြီ။

Kay နဲ့ Shan က Okayamaမှာကျောင်းမတက်ခင် Osaka မှာရှိတဲ့ဂျပန်စာသင်တန်းကျောင်းမှာ ၂နှစ်ကြာဂျပန်စာကိုသင်ယူခဲ့ပါတယ်။

ဂျပန်စာသင်တဲ့ကျောင်းမှာတော့ ဂျပန်စာတင်ပဲမဟုတ်ပဲ တက္ကသိုလ်ဝင်ခွင့်အတွက်အရေးကြီးတာတွေလိုအပ်တာတွေ၊ဂျပန်နိုင်ငံနဲ့ပတ်သတ်တာတွေအားလုံးကိုသင်ကြားပေးပါတယ်။အဲဒီကျေးဇူးကြောင့်လည်း တက္ကသိုလ်တက်ခွင့်ရခဲ့တာပါ။

ဂျပန်ဘာသာသင်တန်းကျောင်းမှာ ၂နှစ်တက်ပြီးတော့ တက္ကသိုလ်ဝင်ခွင့်ဖြေခဲ့ပါတယ်။ Kay နဲ့ Shan က ဝင်ခွင့်ဖြေတဲ့အခါမှာလည်း တခြားဂျပန်ကျောင်းသားတွေနည်းတူပဲဝင်ခွင့်စာမေးပွဲဖြေပြီးအောင်ခဲ့တာပါ။

သူတို့နှစ်ယောက်က အိုကယာမတက္ကသိုလ်ရဲ့ Global Discovery Program လို့ခေါ်တဲ့ ဘာသာရပ်ကိုတက်ရောက်နေပြီး ထိုဘာသာရပ်ကို ဂျပန်လူမျိုးများသာမက နိုင်ငံတကာကကျောင်းသားများလည်းတက်ရောက်လျက်ရှိပါတယ်။

Yan ကတော့ သူတို့နှစ်ယောက်နဲ့မတူပဲ ဂျပန်ကိုမလာခင်၅လလောက်ပဲဂျပန်စာကိုလေ့လာခဲ့ပြီး အိုကယာမတက္ကသိုလ်ကိုတက်ရောက်ခဲ့တယ်လို့ပြောပါတယ်။

ဒါကြောင့်မို့လို့ Yan ကဂျပန်စာအတန်းကိုလည်း တက်ရင်းနဲ့၊ urban branding Seminar မှာ အဖွဲ့၀င်ပြီး သုတေသန လေ့လာမှုတွေလည်း လုပ်နေပါတယ်။

သူတို့ ၃ ယောက်ဟာ အိုကယာမတက္ကသိုလ်မှာ ဘယ်လိုတွေကျောင်းတက်ပြီး ဘာတွေထပ်လုပ်သေးလဲဆိုတာကို၊ အမေးအဖြေလေးတွေလည်း လုပ်လာခဲ့ပါတယ်။

 

၃ယောက်လုံးက ဂျပန်တက္ကသိုလ်တွေအများကြီး ရှိတဲ့အထဲမှာမှ ဘာလို့အိုကယာမတက္ကသိုလ်ကို ရွေးခဲ့တာလဲ?

ကို Shan နဲ့ မkay တို့ကတော့ ဒီ Global Discovery Program က အိုကယာမတက္ကသိုလ်မှာရှိလို့ပါ။ ဒီ ဖရိုဂရမ်မှာတော့ သတ်မှတ်ထားတဲ့ ဘောင်မရှိဘူး၊ ကိုယ်တကယ်၀ါသနာပါတာကို ရွေးချယ်ပြီးလေ့လာလို့ရပါတယ်။  ဒီလို ၄ နှစ်တာစာသင်နှစ်ပြီး ဘွဲ့ရပြီးတဲ့နောက်ပိုင်းမှာလဲ အလုပ်နဲ့ပတ်သက်တဲ့ ရွေးချယ်စရာတွေအများကြီးရှိမယ်လို့ တွေးပြီး၊ ဒီ Global Discovery Program ကိုရွေးချယ်ဖြစ်သွားတာပါ။

 

ကို Yan ကတော့ အရင်ကတည်းက urban branding (မြို့ပြရဲ့ ဖွဲ့စည်းပုံ အမှတ်တံဆိပ်)နဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေ၊ အဖွဲ့အစည်းတွေကလည်း ဒီအိုကယာမတက္ကသိုလ်မှာ ရှိနေလို့ပါ။

 

သင်ခန်းစာကဘယ်လောက်အထိရှိလဲ?

Global Discovery Program မှာတော့ သင်ယူမယ့်ကျောင်းသားနဲ့လိုက်ပြီး ကွာခြားမှုတွေရှိပါတယ်။ သင်ခန်းစာက တစ်ချိန်ကို ၂ နာရီကြာပြီး၊ ၁ ရက်မှာ ၃ ကြိမ်တက်ရပါတယ်။ နောက်ပြီးသင်ခန်းစာမှာ နိုင်ငံရေးနဲ့ပတ်သက်တာကိုယူမလား၊ စီးပွားရေးကိုယူမလား စတဲ့ကိုယ်၀ါသနာပါတာနဲ့ လိုက်ပြီးရွေးချယ်နိုင်တယ်။

 

စာမေးပွဲက သိပ်ပြီးမရှိပေမဲ့၊ အဲ့ဒီအစား အိမ်စာတွေ၊ report တွေကတော့ အမြဲတင်ပေးရတယ်။ စနေ၊တနင်္ဂနွေ အပတ်တိုင်းကလည်း အိမ်မှာပဲ ပေးထားတဲ့ပုစ္ဆာတွေကို အသည်းအသန်အဖြေရှာရတာပေါ့။

 

၄ နှစ်လုံးလုံး မဖြစ်မနေတက်ရမယ့် ကျောင်းခေါ်ချိန် ယူနစ်တွေကလည်းရှိတဲ့အတွက်၊ ပထမနှစ်နဲ့ ဒုတိယနှစ်မှာ ကျောင်းခေါ်ချိန်တွေကို အပြည့်တက်ထားမယ်ဆိုရင်တော့၊ နောက်ကျန်တဲ့ ၂ နှစ်မှာ သင်ခန်းစာအချိန်တွေကို လျှော့လို့ရတဲ့ သတ်မှတ်ချက်လည်းထုတ်ထားပေးတယ်။

 

Yan ကတော့ ဘွဲ့ရပြီးသားကျောင်းသားဖြစ်တဲ့အတွက် ၂ နှစ်လောက်ပဲတက်ရမယ်။

တက္ကသိုလ်နဲ့ယှဥ်လိုက်ရင်တော့ ကျောင်းခေါ်ချိန်တွေနည်းပေမဲ့၊ ကိုယ်အဓိကယူမယ့် ဘာသာရပ်ကို သေသေချာချာလေး လေ့လာပြီး research လုပ်တာတို့၊ presentation လုပ်တာတို့ကို မဖြစ်မနေလုပ်ရမှာမို့လို့ ဒါကတောင် ပိုပြီးပင်ပန်းနိုင်လိမ့်မယ်။

 

Yan က ၁ပတ်မှာ အဓိကဘာသာရပ်အတွက် အတန်းချိန်က ၄ ချိန်၊ ဂျပန်ဘာသာစကားအတွက် အတန်းကလည်း ၄ ချိန် နဲ့ တကယ်ကို ကြိုးကြိုးစားစားတက်ရောက်နေသူတစ်ယောက်ပါ။

 

ဘာသာရပ်အတန်းချိန်တွေမှာ report တွေရေးရ၊ presentation တွေလုပ်ရတဲ့ အခွင့်အရေးအပြင်၊ ဂျပန်စာအတန်းမှာလည်း အိမ်စာတွေအများကြီးပြန်လုပ်ရတဲ့အတွက် နေ့တိုင်းက အလုပ်ရှုပ်နေမယ့် ပုံပါပဲ။

 

ဒါနဲ့ အိုကယာမတက္ကသိုလ်နဲ့ ဘွဲ့လွန်တက္ကသိုလ်တွေမှာ နိုင်ငံခြားသားကျောင်းသားတွေအတွက် ဂျပန်စာအတန်းကိုလည်း သီးသန့်ဖွင့်ပေးထားတယ်။ level တွေကိုတော့ ၇ ခုခွဲထားပြီးတော့၊ ဘွဲ့ရဖို့အတွက်လည်း ဂျပန်စာအတန်းကို မတက်ရင်မရပါဘူး။

 

ဘယ်မှာနေလဲ? နေထိုင်မှုစာရိတ်တွေက ဘယ်လိုပေးလဲ?

Shan နဲ့ kay ကတိုက်ခန်းတွေမှာ ၁ ခန်းစီငှားပြီး သီးသန့်နေကြတယ်။ တိုက်ခန်းတွေရှာတဲ့အချိန်ကစပြီး ငှားတဲ့အချိန်ထိ အားလုံးကိုယ့်ဟာကိုယ် ၁ယောက်ထဲပဲ လုပ်ခဲ့တယ်။ ငှားတဲ့စာချုပ် ချုပ်တဲ့အချိန်မှာတော့ ဂျပန်လူမျိုးက သက်သေလုပ်ပေးစရာမလိုတဲ့ အခန်းကိုရှာရတာ တော်တော်လေးအခက်တွေ့ခဲ့တယ် လို့  ၂ ယောက်လုံးက ပြောခဲ့ပါတယ်။

 

အိုကယာမတက္ကသိုလ်နဲ့ နီးတဲ့နေရာမှာ အိမ်လခက ယန်း ၃ သောင်းကနေ ၄ သောင်းအထိရှိတာက များပါတယ်။

၂ ယောက်လုံးကလည်း Scholarship ရထားတော့၊ အဲ့ကနေပဲ အိမ်လခတို့၊ အခြားနေထိုင်မှုစာရိတ်တို့ကိုပေးပါတယ်။ ထမင်းလည်းပဲ ကိုယ့်ဟာကိုယ် အိမ်မှာပဲချက်စားဖြစ်ကြတယ်။

သူတို့တွေက Scholarship အတွက် ၁ လကို ယန်း ၁၁ သောင်းစီရကြပါတယ်။ Scholarship မှာလိုက်ပြီး နောက်ထပ်ကွဲပြားမှုတွေလည်း ရှိပါတယ်။

 

လတိုင်းပဲ ရထားတဲ့ Scholarship ထောက်ပံ့ကြေးနဲ့ အဆင်ပြေနေပေမဲ့၊ လျှောက်လည်တာတွေများသွားတဲ့ လဆိုရင်တော့ နည်းနည်းမလုံလောက်တာတွေဖြစ်လာတာပေါ့။

 

 

ကိုယ်တစ်ယောက်တည်းနေရတာဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ်နဲ့သွားလာနိုင်တယ်။ ကောင်းတဲ့အချက်ပဲနော်…….

 

 

တစ်ဖက်မှာလည်း Yan ကတော့ အိုကယာမတက္ကသိုလ်ကပေးထားတဲ့ နိုင်ငံခြားကျောင်းသားတွေရဲ့ အဆောင်မှာ နေပါတယ်။

နိုင်ငံအသီးသီးက နိုင်ငံခြားပညာတော်သင်ကျောင်းသားအများစုက နေကြပေမဲ့၊ Yan အပါအ၀င် မြန်မာကျောင်းသားက ၅ ယောက်လောက်ပဲ ရှိပါတယ်။

Yan ကလည်းပဲ ပညာသင်ထောက်ပံ့စာရိတ်ရထားသူ တစ်ယောက်ပါ။

အဆောင်မှာ သူငယ်ချင်းတွေစုပြီး မြန်မာထမင်းဟင်းကို ချက်စားကြပါတယ်တဲ့။

တိုင်းပြည်တစ်ခုတည်းကနေလာတဲ့ လူတွေနဲ့အတူတူနေရတာ၊ ပင်ပန်းကြပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် အားပေးဖော် အားပေးဖက်တွေ့ရတာပဲပေါ့နော်။

အခုပြောနေတဲ့ ၃ ယောက်လုံးက ပညာရေးမှာလည်း တော်ကြသလို၊ ကျောင်းပိတ်ရက်ရှည်ကြီးတွေမှာဆိုလည်း ဂျပန်နိုင်ငံမှာရှိတဲ့ နေရာတော်တော်များများကို ခရီးတိုလေးတွေထွက် လေ့လာရေးတွေလုပ် အစရှိသဖြင့် နိုင်ငံခြားပညာတော်သင် ကျောင်းသားဘ၀ကို ဖြတ်သန်းကြပါတယ်။

 

“ဂျပန်မှာနေရတာ တစ်ခုခုအခက်တွေ့တာတွေရှိလား” လို့မေးလိုက်တဲ့အချိန်မှာ “ငရုပ်သီးရောင်တဲ့ market တွေနည်းတယ်” လို့ပြန်ဖြေကြတာ တော်တော်လေးကို လန့်သွားခဲ့တယ်။

 

နိုင်ငံခြားကနေ တင်သွင်းကုန်တွေကို တိုက်ရိုက်ရောင်းတဲ့ market တွေမှာဆိုရင်တော့ ရှိပေမဲ့လည်း၊ အဲ့လိုဆိုင်တွေက စျေးအရမ်းကြီးလို့ မ၀ယ်နိုင်ကြပါဘူး။ အဲ့ဒါက မြန်မာလူမျိုးတွေပဲ မဟုတ်ဘူး အခြားအာရှနိုင်ငံတွေကနေလာတဲ့ နိုင်ငံခြားကျောင်းသားတွေအတွက်လည်း market တွေမှာ ငရုပ်သီးကို ရောင်းစေချင်ပါတယ်! တဲ့

 

အဲ့ဒီလိုသာဆိုရင် မြန်မာနိုင်ငံကနေ ငရုပ်သီးတွေကို ခရီးဆောင်အိတ်ထဲ သေသေချာချာထုပ်ပိုးထည့်ပြီး ယူလာရမယ့်ပုံပဲနော်..(ရယ်လျက်)

 

ငရုပ်သီးမရှိလည်း အဆင်ပြေမလား? ဂျပန်နိုင်ငံမှာ ကျောင်းလာတက်ချင်တဲ့ကျောင်းသားတွေ အရမ်းများလာတယ် မဟုတ်လား?

 

ဒီတစ်ခေါက် interview လုပ်ခဲ့တဲ့ ကျောင်းသား ၃ ယောက်ကတော့ 井内財団(Iuchi Zaidan)လို့ခေါ်တဲ့ foundation ကနေ Scholarship ရပြီး ဂျပန်ကိုလာခဲ့တာပါ။

 

 

ကျောင်းတက်ဖို့ စိတ်၀င်စားမယ့်သူရှိမယ်ဆိုရင် အဲ့ဒီနေရာကို တိုက်ရိုက်သွားစုံစမ်းကြည့်ပါ။

ဂျပန်နိုင်ငံမှာ ကျောင်းတက်ဖို့နဲ့ပတ်သက်ပြီး စိတ်၀င်စားတဲ့သူရှိရင်လည်း မေးချင်တာလေးတွေကို comment မှာ မေးလို့ရပါတယ်။

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: