ဗီဒီယိုနဲ့ オノマトペ ကို သင်ယူကြရအောင်!

ဂျပန်စကားထဲမှာ onomatope အမျိုးမျိုးရှိပါတယ်။

ニコニコ( nikoniko )၊ フワフワ( huwahuwa )၊ ドキドキ( dokidoki ) စတဲ့ onomatope က မရေမတွက်နိုင်အောင် အများကြီးရှိပါတယ်။

နေ့စဥ်သုံးစကားထဲမှာ ခဏခဏတွေ့လို့ ဂျပန်စကားကိုကျွမ်းချင်ရင် onomatope လည်း ရှောင်လို့မရဘူးနော်။

 

ဒါပေမဲ့ ဂျပန်စာလေ့လာသူအတွက် နားလည်ခက်တဲ့ဟာ အများကြီးရှိပါတယ်။

အဲဒီလူတွေက ဗီဒီယိုကြည့်ရင်း ဘယ်လိုသုံးမလဲဆိုတာကိုလေ့လာရင် ပိုပြီးအဆင်ပြေကောင်းပြေလိမ့်ပါမယ်။

ဒီဗီဒီယိုကို အစမ်းကြည့်လိုက်ပါနော်

https://youtu.be/K_NfOmMykcs

ကလေးကိုရေချိုးပေးတဲ့ပုံနဲ့တွေ့တယ်နော်။

ဒါပေမဲ့ ဒီဗီဒီယိုထဲမှာ အကုန်လုံး onomatope နဲ့ပဲ ပြောနေပါတယ်!

ကလေးရဲ့အဝတ်ချွတ်ပေးတာခက်တဲ့အခါ「おたおた」၊ ကိုယ်ခန္ဓာကို ညင်ညင်သာသာဆေးပေးတဲ့အခါ「すりすり」…

ဒီ onomatope ကို အဲလိုအသုံးပြုတယ်နော်! လို့သဘောပေါက်တဲ့လူလည်းရှိမယ်ထင်တယ်။

ဗီဒီယိုမှာပါတဲ့ onomatope ကို နေ့စဥ်ဘဝ ဘယ်အချိန်မဆို သုံးလို့ရပါတယ်။

တကယ်တော့ ဒီဗီဒီယိုက Otsuka Pharmaceutical Co., Ltd. လို့ခေါ်တဲ့ ဂျပန်ကုမ္ပဏီကရောင်းနေတဲ့ Oronine လိမ်းဆေး ရဲ့ ကြော်ညာဖြစ်ပါတယ်။

https://www.facebook.com/shiri100/photos/p.2062694533795158/2062694533795158/?type=1&theater

 

Otsuka Pharmaceutical ဆိုရင် POCARI SWEAT လို့ခေါ်တဲ့ အချိုရည်က နာမည်ကြီးတယ်နော်။

အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ကြော်ညာလို့ခံစားရတယ်နော်။

ဒီဗီဒီယိုကလွဲပြီး တခြားဗီဒီယိုလည်းရှိပါသေးတယ်!

https://www.youtube.com/watch?v=2IBt_kUDjz4

မြန်မာလူမျိုးက ဟော့ပေါ့ခဏခဏစားလို့ ဒီဗီဒီယိုထဲမှာပါတဲ့ onomatope ကို ချက်ချင်းသုံးကြည့်လို့လည်းရတယ်နော်။

ဂျပန်နိုင်ငံရဲ့ ကြော်ညာဗီဒီယိုကို ဂျပန်စာလေ့လာတဲ့အခါမှာသုံးရင် ဘယ်လိုလဲ?

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: