Kaigo Training Center သို့တစ်ခေါက်

အရင်တစ်ပတ်တုန်းက မင်မင်တို့  JAPO Myanmar အဖွဲ့သားတွေ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ KTC Kaigo Training Center ကိုလေ့လာဖို့အတွက် သွားရောက်ခဲ့ကြပါတယ်။ ဒီနေရာလေးမှာ ပြီးခဲ့တဲ့နှစ် ၆ လပိုင်းကစတင် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ကနေစတင်ပြီး ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးအနေနဲ့ စတင်ဝင်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံကနေလည်း သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးအနေနဲ့ ဂျပန်နိုင်ငံမှာသူနာပြုအလုပ်ကို သွားရောက်လုပ်ကိုင်သူတွေ ပိုမိုများပြားလာခဲ့ပါတယ်။

KTC ဆိုတာကတော့ ဒီလို သူနာပြုအလုပ်ကို ဂျပန်နိုင်ငံမှာ သွားရောက်လုပ်ကိုင်လိုသူတွေအတွက်ဖြစ်ပါတယ်။

အဲ့ဒီမှာ ဘယ်လိုပညာရပ်တွေကို သင်ကြားနိုင်မလဲ ?

KTC စင်တာရဲ့ ဒါရိုက်တာ ဆမုနိုစံကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး : KTC မှာ ဂျပန်နိုင်ငံကိုမသွားရောက်ခင် ဘာတွေတတ်မြောက်အောင်သင်ကြားရမလဲ ?

ဖြေ :ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးအနေနဲ့ သွားရောက်လုပ်ကိုင်မယ့်သူတွေအားလုံးကို ဒီမှာ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ N3 အထိအောင်ဖို့ရည်မှန်းထားပါတယ်။

၆ လပိုင်းမှာဝင်ရောက်လာခဲ့တဲ့ ပထမဆုံးအသုတ်ကို ကျောင်းဝင်ကတည်းကနေ ဂျပန်စာသင်ကြားပေးခဲ့ပြီး လာမယ့် ၁၂ လပိုင်း ဂျပန်အရည်အချင်းစစ်စာမေးပွဲမှာ N4 ကို ဖြေကြားခိုင်းဖို့ ရည်ရွယ်ထားပါတယ်။

12 လပိုင်းစာမေးပွဲကို အောင်မြင်ပြီးသွားတဲ့ကျောင်းသူတွေကိုတော့ ဂျပန်နိုင်ငံကနေလာရောက်တဲ့ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်းတာဝန်ရှိသူတွေက အင်တာဗျူးဖို့ လာရောက်ကြမှာဖြစ်ပါတယ်။

အင်တာဗျူးပြီးနောက် အောင်မြင်သွားတဲ့သူတွေက နောက်နှစ်ဝက်လောက် ဂျပန်နိုင်ငံကိုမသွားခင် N3 အောက်မြင်တဲ့အထိ ဆက်လက်ကြိုးစားလေ့လာသွားရမှာဖြစ်ပါတယ်။

ဒါကြောင့် ဝင်ရောက်လာတဲ့ကျောင်းသူတွေက ဂျပန်နိုင်ငံသွားရောက်သည်အထိ KTC မှာနေထိုင်ရမှာဖြစ်ပါတယ်။

သင်ခန်းစာတွေကတော့ N3 အောင်မြင်ဖို့အတွက် ပို့ချချက်တွေဆိုပေမယ့် ဂျပန်လူမျိုးဆရာဆရာမတွေရဲ့ လက်တွေ့စကားပြောဆိုမှုအလေ့အကျင့်နဲ့ ဂျပန်နိုင်ငံက သူနာပြုတွေကို ခေါ်ယူပြီး သင်ကြားပေးတာမျိုးတွေလည်းရှိပါတယ်။

သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးသင်တန်းသားတွေအတွက် အထူးသင်တန်းဖြစ်တာကြောင့် ဂျပန်စာသင်ကြားပေးရုံတင်မကဘဲ အခြေခံစောင့်ရှောက်မှုတွေကိုပါ လေ့လာပြီးမှဂျပန်နိုင်ငံကို သွားရမှာဖြစ်ပါတယ်။

မေး :KTC မှာ ကျောင်းသူဘယ်နှစ်ယောက်လောက်ရှိပါသလဲ ? နောက်ပြီး ဘယ်လိုကျောင်းသားတွေက ပိုများပါသလား?

ဖြေ :၆ လပိုင်းမှာဝင်ရောက်လာခဲ့တဲ့ ပထမအသုတ်ကျောင်းသူ ၄၅ ယောက်၊ ၉ လပိုင်းမှာဝင်ရောက်လာခဲ့တဲ့ ဒုတိယသုတ်ကျောင်းသူ ၂၅ ယောက်၊ အယောက် ၇၀ လောက်က စာရင်းသွင်းရာထားပြီးသားဖြစ်ပါတယ်။

ခုကနေ ၃ လတစ်ကြိမ်ကျောင်းသားအသစ်တွေကို လက်ခံသွားမှာဖြစ်ပြီး  အမြဲတမ်းကျောင်းသား ၁၀၀ လောက်လက်ခံသွားမှာဖြစ်ပါတယ်။

ခုချိန်မှာ အားလုံးကမိန်းကလေးတွေဖြစ်ပြီး အသက် 18 နှစ် ကနေ 30 အတွင်း ကျောင်းသူတွေစုဝေးပြီး ကြိုးစားနေကြတာဖြစ်ပါတယ်။

ရန်ကုန်မှာနေထိုင်တဲ့သူတွေအပြင် နယ်ဘက်ကနေ လာရောက်တဲ့ကျောင်းသူတွေလည်းရှိပြီး အကုန်လုံးက ကျောင်းအနီးနားကအဆောင်မှာနေကြတာဖြစ်ပါတယ်။

မေး :ကျောင်းသူတွေရဲ့နေ့စဥ် အချိန်ဇယားကိုပြောပြေပေးနိုင်မလား ?

ဖြေ :အတန်းချိန်တွေကတော့ တနင်္လာနေ့ကနေ သောကြာနေ့အထိရှိပါတယ်။

မနက်ပိုင်းကျောင်းရောက်တဲ့အခါ အရင်ဆုံးသန့်ရှင်းရေးလုပ်ရပြီး ၉ နာရီမှာအတန်းစတာဖြစ်ပါတယ်။

တစ်နာရီအတွင်းအတန်းချိန်ကို မနက်ပိုင်း ၃ ချိန်၊ နေလည်ထမင်းစားနားချိန်မှာ ၃ ချိန် တက်ရပြီး တစ်ရက်တာပြီးဆုံးမှာဖြစ်ပါတယ်။

နေ့လည်စာကိုတော့ ကျောင်းမှာစားပြီး ညနေမှာတော့ ထမင်းဘူးလေးတွေထုပ်ထားပေးတာကြောင့် ထမင်းစားတဲ့အခါမှာလည်း အခက်အခဲမရှိပါဘူး။

နောက်ပြီး ပိတ်ရက်တွေမှာအလုပ်မရှိဘူးဆိုရင် ကိုယ့်အိမ်ကိုပြန်ကြတာများပါတယ်။

 

မေး : လေ့လာနေရင်းနဲ့ ဆက်မတက်တော့တဲ့ကျောင်းသူတွေရောရှိပါသလား ?

ဖြေ : စိတ်မကောင်းပေမယ့် ခုချိန်ထိ ၅ ယောက်လောက် လမ်းတစ်ဝက်မှာတင် ရပ်လိုက်ကြတဲ့ကျောင်းသူတွေလည်းရှိပါတယ်။

ဂျပန်စာဆက်မလေ့လာနိုင်တော့ဘူး ဆိုတဲ့အကြောင်းပြချက်နဲ့ ထွက်သွားတဲ့သူတွေက အများဆုံးပါပဲ။

နောက်ပြီး KTC မှာ သူနာပြုအလုပ်ကို သေသေချာချာနားလည်တတ်မြောက်နိုင်ဖို့အတွက် သူနာပြုအလုပ်မှာ ခက်ခဲပင်ပန်းတာတွေရှိကြောင်းကို သင်ပြပေးပါတယ်။

ဒါကိုကြားသိပြီး ကိုယ်ထင်ထားတာနဲ့ကွာခြားနေတယ်ဆိုပြီး ရပ်တန့်လိုက်တဲ့သူတွေလည်းရှိပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ဘက်ကနေ ကျောင်းသူတွေလက်လျှော့ချင်နေပေမယ့်လည်း ထပ်ပြီးကြိုးစားကြည့်ဖို့အခွင့်အရေးတွေပေးပါတယ်။

အကယ်၍ N3 မအောင်မြင်ခဲ့ဘူးဆိုရင်လည်း သူ့ရဲ့ဆုံးဖြတ်ချက်အတိုင်း ဖြစ်လာဖို့အတွက် နောက်တစ်ကြိမ် စိန်ခေါ်ကြည့်နိုင်မှာဖြစ်ပါတယ်။

 

မေး :KTC ကနေ သူနာပြုကျွမ်းကျင်အလုပ်သင်အနေနဲ့ ပို့မယ်ဆိုရင် ဘယ်ကိုပို့ပေးမှာပါလဲ?

ဖြေ :အဓိကကတော့ ခန်တိုနဲ့ မြို့ကြီးတွေမှာရှိတဲ့ KTC နဲ့ပူးပေါင်းထားတဲ့သက်ကြီးရွယ်အိုစောင့်လျှောက်ရေးလုပ်ငန်းတွေဆီကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

နေရာအသီးသီးမှာ ၂ ယောက်စီခွဲပြီးပို့ဆောင်ပေးမှာဖြစ်လို့ တစ်ယောက်တည်းဖြစ်မှာကိုမစိုးရိမ်ရပါဘူး။

မေး :နောက်ဆုံးအနေနဲ့ ဘာများပြောချင်တာရှိပါသလဲ ?

ဖြေ :ခုနောက်ပိုင်းမှာ ဂျပန်နိုင်ငံကိုသွားရောက်ပြီး သူသက်ကြီးရွယ်အိုစောင့်လျှောက်ရေးအလုပ်လုပ်ကိုင်တဲ့သူတွေ ပိုပြီးတော့များလာပါတယ်။

ဗီဇာနဲ့သက်ဆိုင်တာကို ပြောရမယ်ဆိုရင် ကျောင်းသားဗီဇာထက် Working ဗီဇာက ပိုပြီးအလေးသာလာပါတယ်။

အဲ့ဒီမှာ ဂျပန်နိုင်ငံဟာလုံခြုံမှုရှိပြီး တကယ်လက်တွေ့တတ်မြောက်တဲ့သူတွေအနေနဲ့ နိုင်ငံခြားသားသူနာပြုတွေကို အရေအတွက်အမြောက်အများ တိုးပြီးခေါ်သွားပါလိမ့်မယ်။

ဒါကြောင့် ဒီလိုနိုင်ငံခြားသားသက်ကြီးရွယ်အိုစောင့်လျှောက်ရေးတွေအနေနဲ့ အရေးကြီးဆုံးလိုအပ်တာကတော့ ဂျပန်ဘာသာစကားပဲဖြစ်ပါတယ်။

KTC မှာ တစ်နှစ်အတွင်းအသေးစိတ်လေ့လာပြီး N3 အောင်မြင်တဲ့ကျောင်းသားတွေက ဂျပန်နိုင်ငံသို့ပို့ဆောင်တဲ့အခါ အခွင့်အရေးပိုများပါတယ်။

နောက်ပြီး ဂျပန်နိုင်ငံကိုမထွက်ခွာခင်မှာ ကျန်းမာရေးစစ်ဆေးချက်တွေလည်း ပြုလုပ်ပေးသွားမှာဖြစ်လို့ ကျန်းမာရေးအတွက်ဘာမှစိတ်ပူစရာမလိုဘဲ ဂျပန်နိုင်ငံကိုသွားရောက်နိုင်မှာဖြစ်ပါတယ်။

ဒီလိုဘာသာစကားပိုင်းမှာရော ကျန်းမာရေးပိုင်းမှာရော အသေးစိတ်လုပ်ပေးပြီး ပို့ဆောင်နိုင်အောင် ကြိုးစားပေးနေတာကြောင့် တခြားကျောင်းတွေထက် ပိုသာတဲ့လစာတွေရရှိနိုင်မယ်ဆိုတာကို အာမခံပါတယ်။

အဲ့ဒီမှာ တက်ရောက်သက်ကြားနေရတဲ့ ကျောင်းသူလေးတွေက ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုစောင့်လျှောက်ရေးကျွမ်းကျင်သင်တန်းသားအနေနဲ့ သေသေချာချာ အလုပ်လုပ်နိုင်ဖို့လည်း ဆက်ပြီးတော့ ထောက်ပံ့ကူညီပေးမှာဖြစ်ပါတယ်။

 

KTC ရဲ့အတန်းထဲမှာက ဒီလိုပုံစံမျိုးဖြစ်ပါတယ်။

 

အတန်းသားတွေအားလုံးက အသံအကျယ်ကြီးနဲ့ ယဥ်ယဥ်ကျေးကျးနှုတ်ဆက်ခဲ့ကြတာက တကယ်ကိုအံ့မခန်းပါပဲ။

ကျောင်းသူတွေအားလုံးက သက်ကြီးရွယ်အိုစောင့်လျှောက်ရေးအနေနဲ့ ဂျပန်နိုင်ငံကိုသွားရောက်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂျပန်စာကိုကြိုးစားလေ့လာနေကြတာဖြစ်ပါတယ်။

လိပ်စာအပြည့်အစုံလေးကတော့ No.12/B 26 Quarter,Pyi Htaung Su Main Street,South Dagon,Yangon. ပဲဖြစ်ပါတယ်။

အဲ့ဒီမှာတက်ရောက်နေတဲ့ ကျောင်းသူတွေအားလုံး ဂျပန်နိုင်ငံကိုချောချောမွေ့မွေ့နဲ့ရောက်သွားနိုင်ရင် ကောင်းမယ်နော် !

 

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: