အိုကီနာဝါဒေသရဲ့ လုံးဝနားမလည်နိုင်တဲ့ စကားလုံးများ

ဂျပန်နိုင်ငံပြည်မကြီးရဲ့အဝေးမှာ သီးခြားရှိနေတာကတော့ အိုကီနာ၀ါခရိုင်ဖြစ်ပါတယ်။

တည်နေရာကတော့ ထိုင်ဝမ်မြို့ရဲ့အနီးနားမှာဖြစ်ပြီး အရင်တုန်းက 琉球王国(りゅうきゅうおうこく)Ryukyu Kingdom ဆိုတဲ့ ကိုယ်ပိုင်တိုင်းပြည်လေးဖြစ်ပါတယ်။

ဒီတိုင်းပြည်လေးဟာ ဂျပန်နိုင်ငံနဲ့ရော ထိုင်ဝမ်နိုင်ငံနဲ့ပါ ကူးလူးဆက်ဆံမှုတွေရှိခဲ့ပါတယ်။

နောက်ဆုံး ဂျပန်နိုင်ငံအဖြစ်ပေါင်းစည်းလိုက်တဲ့အခါ အိုကီနာ၀ါဒေသမှာ သီးခြားစကားလုံးတွေ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။

ဂျပန်ဘာသာစကားနဲ့ တရုတ်ဘာသာစကားကနေ ကောက်နုတ်ထားတာတွေဟာ ရောနှောနေပြီး ဂျပန်ဘာသာစကားရဲ့ ဒေသိယဘာသာစကားတစ်ခုအဖြစ် ဖြစ်လာခဲ့ပေမယ့် ဂျပန်လူမျိုးတွေ နားထောင်တဲ့အခါ အကုန်လုံးကိုနားမလည်နိုင်ကြပါဘူး။

ဂျပန်ဘာသာကျွမ်းကျင်တယ်လို့ မိမိကိုယ်ကိုယုံကြည်မှုရှိတယ်ဆိုရင် အားလုံးသိကြပြီးသားဖြစ်တဲ့ ဒီကာတွန်းကားလေးကိုうちなーぐちバージョン(Uchinaguchi version) နဲ့ ကြည့်ကြည့်လိုက်ပါနော်။

https://www.youtube.com/watch?v=lWyED8-c6f0

တစ်လုံးမှလည်း ……….. နားမလည်ဘူးနော် ………

ဂျပန်စကား မှဟုတ်ရဲ့လား ….

ဒါဆို Uchinaguchi ကို ရှင်းပြထားတာ ကြည့်လိုက်ကြရအောင်…

https://www.youtube.com/watch?v=TUNzkEaDIXo

ရှင်းပြတာလည်း နားမလည်ဘူး။ Ha Ha

တစ်ချို့ကို ကောက်နုတ်ဖော်ပြပါမယ် …

ハイサイ       こんにちは( Konnichiwa )

( Haisai )       မင်္ဂလာပါ(ယောကျ်ားလေးအသုံးအနှုန်း)

 

ハイタイ   こんにちは( Konnichiwa )

( Haitai )                 မင်္ဂလာပါ(မိန်းကလေးအသုံးအနှုန်း)

 

あいえな       びっくりした ( Bikurishita )

( Aiena )                 လန့်သွားတာပဲ

 

でーじなっとっさー          大変なことになってる( Taihen na koto natteru )

( De -ji nattossa -) ခက်ခဲပင်ပန်းလိုက်တာနော်

 

まーかいめんせーが?   どこにいきますか?( Dokoni ikimasuka ?)

( Ma-kaimense-ga?) ဘယ်သွားမလို့လဲ ?

 

よんなーしみそーれー   ゆっくりしてね。

(yona-shimiso-ne-)  အေးအေးဆေးဆေးနေပါနော်။

 

ဒေသခံအဘွားအိုတစ်ယောက်ရဲ့ လေယူလေသိမ်းက ဒီလိုမျိုးပါ။

https://www.youtube.com/watch?v=3EyKHHliVLU

စာရေးသူရဲ့ အဖွားဖြစ်သူက အိဝတဲ့ခရိုင်ကဒေသိယစကားကို တော်တော်လေးတတ်ပြီး နားလည်တယ်လို့ထင်ပါတယ်။

ဒီလိုလူတွေက တီဗွီမှာ စံဘာသာစကားနဲ့ထုတ်လွှင့်တာတွေကို နားတော့လည်နိုင်ပေမယ့် စကားပြောရင်တော့ သူတို့စကားလုံးတွေကိုပဲ သုံးတတ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာလည်း ဒေသိယဘာသာစကားတွေ အမျိုးမျိုးရှိလို့  မြန်မာနိုင်ငံရဲ့ဒေသိယဘာသာစကားနဲ့ ဂျပန်နိုင်ငံရဲ့ဒေသိယဘာသာစကားမှာ ဘယ်တစ်ခုက ပိုပြီးခက်ခဲပါလိမ့်နော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: