ဂျပန်စကားလုံးတွေရဲ့ မူလအရင်းအမြစ်

ဂျပန်စာကျွမ်းကျင်သူတို့ရေ သင်ဘယ်မေးခွန်းကို သိလိမ့်မလဲနော် ?

အနည်းငယ်ပြောင်းလဲသွားတဲ့ ဂျပန်ဘာသာစကားက ဘာကြောင့်ဒီလို စကားလုံးတွေကို အသုံးပြုရလဲဆိုတဲ့အရာမှာ စိတ်ဝင်စားစရာ စကားလုံးအရင်းအမြစ်တွေရှိပါတယ်။

赤ちゃん(あかちゃん)အကချန်

https://www.meiji.co.jp/baby/club/category/study/grow_baby/st_grow_baby14.html

 

ဒါကတော့ လွယ်လွယ်လေးထင်တယ်နော် ?

မွေးကင်းစကလေးငယ် သေးသေးလေးတွေရဲ့ မျက်နှာကနီနေလို့ဖြစ်ပါတယ်။

ဒါကြောင့် 赤ちゃん ( အနီရောင်လေး ) လို့ခေါ်တာဖြစ်ပါတယ်။

 

 

赤の他人(あかのたにん)အကနော့တနင်း

 

https://usable-idioms.com/2027

ဘာဆွေမျိုးမှမရှိဘူး ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

အနီရောင်ဆိုတာ ထင်ရှားပေါ်လွင်တဲ့ အရောင်ဖြစ်ပါတယ်။ ဒါကြောင့် “ ရှင်းရှင်းလင်းလင်းပဲ “ ဆိုတဲ့ အဓိပ္ပာယ်ပါဝင်နေတာဖြစ်ပါတယ်။

တခြားသူတွေမရှိဘူး ရှင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကနေ လာတာဖြစ်ပါတယ်။

 

いかさま အိကဆမ

 

https://magicmovie.jp/column/technique/second-deal/

လိမ်ညာလှည့်ဖြားတယ်ဆိုတာက မကောင်းတဲ့လုပ်ရပ်ပါ။

ခန်းဂျီးနဲ့ သိပ်ပြီးမရေးကြပေမယ့် 如何様 Ikasama လို့ရေးပါတယ်။

如何(いか)အိက ဆိုတာက ဘယ်လို ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး 様(さま)ဆိုတာကတော့ အခြေအနေ ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေလဲ ဆိုတဲ့ အဓိပ္ပာယ်ကို ယူထားတာဖြစ်ပါတယ်။

 

いらっしゃい အိရရှိုင်း

https://yurinofude.com/irassyaimase/

သွားလာတဲ့အခါမှာ ရိုသေသမှုပြုတဲ့အသုံးနှုန်းဖြစ်ပြီး “いらっしゃる” အိရရှရုကို ယဥ်ကျေးတဲ့အသုံးအနှုန်းမနေနဲ့ “ます” ကိုထည့်လိုက်ပါတယ်။

ယဥ်ကျေးတဲ့စကားလုံးကို ယဥ်ကျေးမှုအသုံးနှုန်း ထပ်ပေါင်းထည့်လိုက်တာက သဒ္ဒါအရဆိုရင် တစ်မျိုးကြီးဖြစ်နေလို့ပါ။

 

おやつ အိုယစု

https://www.excite.co.jp/news/article/Nemgym_9318/

မုန့်ပဲသရေစာတွေကို ပြောတာဖြစ်ပါတယ်။ နေ့လည်စာစားပြီးနောက် ၃ နာရီလောက်အကြာမှာ ဗိုက်ထဲအဆာချောင်သွားတာများပါတယ်။

ဒါက ဟိုးအရင်တုန်းက ဂျပန်နိုင်ငံရဲ့အချိန်ကို ရေတွက်တဲ့ပုံစံ 八つ時(やつどき)ယစုဒိုခိ ကနေလာပါတယ်။

ယစုဒိုခိ မှာနည်းနည်းအဆာပြေစားလို့ おやつ အိုယစု လို့ခေါ်ပါတယ်။

ယစုဒိုခိ ဆိုတဲ့အချိန်က အခုချိန်မှာ နေ့လည် ၂ နာရီကိုပြောတာဖြစ်ပါတယ်။

 

ごまかす ဂေါ်မကစု

https://www.photo-ac.com/main/search?q=ごまかす&srt=dlrank

လိမ်ညာပြီးပြောတယ်ဆိုတဲ့ အဓိပ္ပာယ်တွေမှာ အသုံးပြုပါတယ်။

ဒါကတော့ အဲဒိုခေတ်မှာ ရေပန်းစားတဲ့မုန့်က စကားလုံးရဲ့အရင်းအမြစ်ဖြစ်ပါတယ်။

胡麻胴乱(ごまどうらん)ဂေါမဒိုးရမ် လို့ခေါ်တဲ့ မုန့်တစ်မျိုးရှိပြီး အမြင်မှာတော့ အရမ်းကိုအရသာရှိမယ့်ပုံနဲ့ အထဲမှာတော့ ဟောင်းလောင်းပေါက်ကြီးဖြစ်နေပါတယ်။

အဲ့ဒီမုန့် 胡麻菓子(ごまかし)လို့ခေါ်ပြီး အမြင်ပဲတင့်တယ်တယ် ဆိုတဲ့အဓိပ္ပာယ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

 

さくら ဆာခူရာ

https://dot.asahi.com/print_image/index.html?photo=2018031900071_1

အရမ်းကိုနာမည်ကြီးတဲ့ ပန်းကိုဆိုလိုတာမဟုတ်ပါဘူး။

ဧည့်သည်ရှိနေသလို ပုံစံမျိုးနဲ့ ဆိုင်မှာထိုင်ခိုင်းထားပြီး ပြထားတဲ့သူတွေကို ဆာကူရာ လို့ခေါ်ပါတယ်။

ဧည့်သည်တွေသိပ်ပြီးမရှိတဲ့ဆိုင်ဆိုရင် လူတွေကသိပ်မဝင်ချင်ကြပါဘူး။

ပိုက်ဆံပေးစရာမလိုလို့ ဧည့်သည်ပုံစံဖမ်းပေးပါဆိုတဲ့ ပုံစံနဲ့ အကူအညီတောင်းထားတာက “ ဆာကူရာ “ ဖြစ်ပါတယ်။

အဲ့ဒီစကားလုံးအခြေခံထားတဲ့ အရင်းအမြစ်က နာမည်ကြီးလူကြိုက်များတဲ့ ဆာကူရာပန်းဖြစ်ပါတယ်။

ဆာကူရာ ဆိုတာကို ပြဇာတ်ရုံတွေမှာ အသုံးပြုလေ့ရှိပြီး “ အလကားကြည့်နိုင်တယ် “ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဆာကူရာ ပန်းတွေကိုလည်း အခမဲ့ကြည့်ရှု့လို့ရတာကြောင့် အဲ့ဒီနာမည်ကို အသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်။

ဂျပန်စာလေ့လာနေတဲ့သူတွေရော ဘယ်နှစ်လုံးလောက် သိထားပြီးသားလဲ ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: