YouTube ကြည့်ရင်း ဂျပန်စာသင်ကြမယ်

ဂျပန်စာလေ့လာနေတဲ့သူတွေအတွက် YouTube channel တွေနဲ့မိတ်ဆက်ပေးပါမယ်။

「日本語の森」ဆိုတဲ့ channel ဖြစ်ပါတယ်။

https://i.ytimg.com/vi/5HX9Njdfi6Q/maxresdefault.jpg

နာမည်ကြီးတဲ့ channel ဖြစ်တာကြောင့် သိတဲ့သူတွေလည်းများမယ်လို့ထင်ပါတယ်။

「日本語の森」ကတော့  日本語の森㈱လို့ခေါ်တဲ့ကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်တဲ့ Park Jin Woo စတင်ပြီး အခမဲ့ ဂျပန်စာသင်ကြားနေတဲ့အစီအစဥ်ဖြစ်ပါတယ်။

အဲ့ဒီအစီအစဥ်ကို ဖန်တီးခဲ့တဲ့သူကတော့ ကိုးရီးယားလူမျိုးဖြစ်နေပါတယ်။

Park Jin Woo ကိုယ်တိုင်ကလည်း ဂျပန်စာလေ့လာနေခဲ့တဲ့ အတွေ့အကြုံနဲ့ ဂျပန်စာသင်ယူနေဆဲ နိုင်ငံခြားသားတွေအတွက်ရည်ရွယ်ပြီး ပို့ချပေးနေတာဖြစ်ပါတယ်။

ဗီဒီယိုတွေကို JLPT အဆင့်အလိုက်ခွဲခြားထားတာကြောင့် ကိုယ့်ရဲ့ အဆင့်နဲ့ကိုက်ညီတဲ့ ဗီဒီယိုကို ကြည့်ရှု့နိုင်ပါတယ်။

ဘယ်လိုလဲ ဆိုတာကို အောက်က ဗီဒီယိုထဲမှာ ကြည့်ကြည့်လိုက်ပါနော် !

 

https://youtu.be/flfi38e0NKk

https://youtu.be/PUnOtW4KBRQ

ဂျပန်ဘာသာနဲ့ပို့ချပေးနေတယ်ဆိုပေမယ့် အောက်မှာစာတန်းထိုးပေးထားပြီး ဂျပန်စကားလွယ်လွယ်လေးတွေကိုပြောပေးနေတာကြောင့် အဲ့လောက်ကြီးမခက်ဘူးလို့ထင်ပါတယ်။

တကယ်ဆိုရင် အိမ်မှာနေရင် ဂျပန်စာသင်တန်းတက်နေရသလိုပါပဲ !

Self-study ပုံစံနဲ့ ဂျပန်စာကို လေ့လာတာလည်းကောင်းပေမယ့် ဒီလိုသင်ခန်းစာတွေကို လေ့လာမယ်ဆိုရင် YouTube မှာ ကြည့်ရင်းနဲ့ လေ့လာမယ်ဆိုရင် ဂျပန်စာကိုပိုပြီးကျွမ်းကျွမ်းကျင်ကျင် သင်ယူနိုင်မှာဖြစ်ပါတယ်။

ဂျပန်စာသင်တန်းတက်ရောက်နေတဲ့သူတွေလည်း အိမ်မှာပြန်လေ့လာတဲ့အခါ သေချာပေါက်ကြည့်ကြည့်လိုက်ပါနော် !

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: