ဂျပန်နိုင်ငံဆိုတာ အိမ်မက်ထဲကလို မဟုတ်ဘူး !!

ဖိလပိုင်နိုင်ငံသား နိုင်ငံခြားပညာတော်သင်တစ်ဦး ဂျပန်စာသင်တန်းကျောင်းကို တရားစွဲဆိုမှုဖြစ်ပွားခဲ့ပါတယ်။

https://www.bengo4.com/c_5/n_9809/

သူမဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ပွဲစားကနေတဆင့် မိတ်ဆက်ပေးခံခဲ့ရတာဖြစ်ပြီး ခနဂဝခရိုင်အတွင်းမှာရှိတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာမှာ အလုပ်လုပ်ရင်းနဲ့ ဂျပန်စာသင်ကျောင်းမှု ဆက်လက်တက်ရောက်နေပါတယ်။

ဖိလစ်ပိုင်မှာ ကြားခဲ့တုန်းကတော့…

စားစရိတ်၊ နေစရိတ် အခမဲ့နဲ့ ဟိုတယ်လိုပတ်ဝန်းကျင်မျိုးမှာနေရမယ်

လို့ကြားသိထားခဲ့ရတာဖြစ်ပါတယ်။

လက်တွေ့မေးကြည့်လိုက်တဲ့အခါမှာတော့ တစ်ခန်းမှာ ၅ ယောက် နေထိုင်ရမှာဖြစ်ပြီး ဟိုတယ်ဆိုတာနဲ့တော့အဝေးကြီးပါပဲ။

ဒါ့အပြင် အခမဲ့လို့ပြောထားပေမယ့် အခန်းခ ယန်း ၃၅,၀၀၀ ကို လစာထဲကနေဖြတ်ပါတယ်။

၅ ယောက်တစ်ခန်းကို ဒီလောက်တောင်ပေးရတယ်ဆိုတော့ မတရားကို ဈေးကြီးပါတယ်။

နောက်ပြီး သက်ကြီးရွယ်အိုတွေကို စောင့်ရှောင့်တဲ့အလုပ်မှာလည်း အချိန်အကြာကြီးဖြစ်တဲ့ ကျောင်းသားတစ်ဦးရဲ့ အလုပ်လုပ်ချိန်ဟာ တစ်ပတ်မှာ ၂၈ နာရီအထိပဲ အလုပ်လုပ်လို့ရမယ်ဆိုတဲ့အခြေအနေတွေရှိပြီး အဲ့ဒီအထက်ကန့်သတ်ချက်တွေကို ကျော်လွန်သွားတဲ့အခါ volunteer အနေနဲ့ လုပ်အားခမပေးဘဲ အလုပ်တွေကို မတရားခိုင်းစေပါတယ်။

အချိန်ပိုင်းအလုပ်ဖြစ်တဲ့ သူနာပြုအလုပ်အနေနဲ့ အလုပ်လုပ်ရတဲ့အချိန်ပိုပြီးများလာလို့ လုပ်အားခတောင်းဆိုတဲ့အခါမှာတော့ ကျောင်းကနေထွက်ဖို့ ညွှန်ကြားခံခဲ့ရပါတယ်။

ပညာတော်သင်ကျောင်းသား မဟုတ်တော့ဘူးဆိုရင် ကိုယ့်နိုင်ငံကို ပြန်ရတော့မှာဖြစ်ပါတယ်။

ကျောင်းဘက်ကရော သူမရဲ့တိုင်းပြည်ကို ပြန်ဖို့အတွက် ဖိအားပေးခဲ့လို့ ဂျပန်စာသင်ကျောင်းကို တရားစွဲခဲ့ရာ ယန်း ၁၆၅ သောင်း လျော်ကြေးအနေနဲ့ တောင်းထားပါတယ်။

ရှက်စရာကောင်းတဲ့ အကြောင်းအရာဆိုပေမယ့် ဒီတစ်ခါလို ဂျပန်စာသင်ကျောင်း၊ အချိန်ပိုင်းအလုပ်တွေကို တိုင်းပြည်မှာရှိတဲ့ပွဲစားတွေက ချိတ်ဆက်ပေးတဲ့အခါ အခက်အခဲတွေကြားမှာ နိုင်ငံခြားသားတွေကို အသုံးချတယ်ဆိုတဲ့ မကောင်းဆိုးဝါးအဖွဲ့အစည်းတွေ ပိုပိုပြီးများလာပါတယ်။

ဂျပန်နိုင်ငံကို လာဖို့အတွက် မိဘတွေက ငွေကြေးတွေအမြောက်အမြားရင်းနှီးပေးရတဲ့ သူတွေများပြီး အလွယ်လေးတွေးပြီး ထွက်ပြေးကြတဲ့သူတွေလည်းရှိပါတယ်။

ထွက်ပြေးတယ်ဆိုရင်လည်း တရားမဝင်ထွက်ပြေးတဲ့သူတွေများပြီး တရားမဝင်နေထိုင်ကြပါတယ်။

ဒီလိုဖြစ်လာတဲ့အခါ အလုပ်လုပ်တဲ့အခါမှာလည်း တရားမဝင်ဖြစ်လာပြီး အရင်နေတဲ့နေရာထက် ခက်ခဲတဲ့ပတ်ဝန်းကျင်ကလွဲပြီး ဘာကိုမှရှာတွေ့မှာ မဟုတ်ပါဘူး။

ဒီလိုဒုက္ခတွေ မကြုံတွေ့ရဖို့အတွက် အရင်ဆုံး “ဂျပန်နိုင်ငံဆိုတာ အိမ်မက်ထဲကလို နိုင်ငံမဟုတ်ဘူး ”လို့ နားလည်ထားရပါမယ်။

မကောင်းတဲ့သူတွေဆိုတာလည်း တော်တော်ကိုများပါတယ်။

နောက်ပြီး “ပွဲစား”၊ “ဂျပန်စာသင်တန်းကျောင်း ”နောက်ကြောင်းကို သေသေချာချာလေ့လာပါ။

ကောင်းကြောင်းကို လိမ်လည်ပြီး သတင်းဖြန့်ထားတာတွေလည်းရှိလို့ တတ်နိုင်မယ်ဆိုရင် ဟိုမှာရှိတဲ့ အသိတစ်ယောက်ယောက်ကို မေးရင်အကောင်းဆုံးပါပဲ။

နောက်ဆုံးတစ်ခုက လုံးဝထွက်မပြေးမိပါစေနဲ့။

ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ မြန်မာလူမျိုးတွေထဲမှာလည်း အဆင်မပြေတဲ့သူတွေ ရှိမယ်လို့ထင်ပါတယ်။

ထွက်ပြေးတာကို လွယ်လွယ်လေးနဲ့ ကူညီပေးလိုက်လို့ရပေမယ့် ထွက်ပြေးလိုက်မိတဲ့သင်က တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားအနေနဲ့ ဖြစ်လာပါလိမ့်မယ်။

တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ တတ်နိုင်တာကတော့ ရာဇဝတ်မှုတွေနဲ့ မကောင်းတဲ့အလုပ်တွေဖြစ်ပါတယ်။

ထွက်ပြေးလိုက်လို့ တစ်ခုခုဖြစ်လာမှာမဟုတ်ပါဘူး။

မှန်ကန်တဲ့တိုင်ပင်ဆွေးနွေးမှုတွေကို ပြုလုပ်ပေးနိုင်တဲ့ နေရာတွေဂျပန်နိုင်ငံမှာရှိပါတယ်။

မြန်မာသံရုံး၊ ကောင်စစ်ဝင်ရုံး တွေမှာလည်း တိုင်ပင်ဆွေးနွေးလို့ရမှာ သေချာပါတယ်။

ဂျပန်နိုင်ငံမှာ ဒီလိုမကောင်းတာတွေကို ကြုံတွေ့နေရမယ်ဆိုရင် ဂျပန်နိုင်ငံကိုမုန်းနေလိမ့်မယ်ဆိုတာ သိပေမယ့် မကောင်းတဲ့သူတွေချဥ်းပဲရှိနေတာတော့ မဟုတ်ပါဘူး။

ကောင်းတဲ့သူတွေလည်းရှိတာကြောင့် အကူအညီတောင်းကြည့်ကြပါနော်။

တစ်ယောက်တည်း ဘယ်လိုလုပ်မလဲဆိုတာကို မသိတဲ့အချိန်မျိုးမှာ JAPO ကို ဆက်သွယ်လိုက်ပါနော်…

[email protected]

JAPO က မြန်မာနဲ့ ဂျပန်နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့ တိုးတက်လာစေဖို့ ရည်ရွယ်ထားပါတယ်။

ကျွန်တော်တို့ရဲ့ အင်အားကလည်းတော်တော်လေးကို နည်းနေသေးလို့ တတ်နိုင်သမျှပူးပေါင်းပြီး ကူညီပေးမှာဖြစ်လို့ လုံးဝထွက်မပြေးပါနဲ့နော်…

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: