TOYOTA ဥက္ကဌ ရဲ့ မိန့်ခွန်းကျွမ်းကျင်မှု

ကျောင်းဆင်းပွဲ၊ ကျောင်းဖွင့်ပွဲ ၊ မင်္ဂလာပွဲ စတဲ့ အမျိုးမျိုးသော အခမ်းအနားတွေမှာ ရှေ့ထွက်ပြီးပြောရတဲ့အခါ ဂျပန်လူမျိုးတွေ သိပ်မကျွမ်းကျင်ကြပါဘူး။

ဒါကြောင့် ဒီတစ်ခါမှာ အမေရိကန်နိုင်ငံရဲ့ Babson တက္ကသိုလ်ရဲ့ကျောင်းဆင်းပွဲမှာ TOYOTA ဥက္ကဌ Toyoda Akio ရဲ့မိန့်ခွန်းက ကျောင်းသားနဲ့ မိသားစုတွေကြားမှာ အရမ်းကိုနာမည်ကြီးခဲ့ပါတယ်။

 

ကိုယ်ရဲ့ ဒိုးနတ် ကိုရှာပါ !

 

စာဖတ်သူတို့ရေ အကယ်၍ အင်္ဂလိပ်လို ဂျပန်လိုကောင်းကောင်းနားလည်ရင် ဒီအောက်က ဗီဒီယိုကို ကြည့်ဖြစ်အောင်ကြည့်လိုက်နော်။

https://www.youtube.com/watch?v=l147wqKkq6A

မှန်တာလုပ်ရင် ပိုက်ဆံတွေဝင်လာမယ်။

ဘယ်အရွယ်ကိုပဲရောက်ရောက် ကြိုးစားတာတွေကို မရပ်တန့်လိုက်ပါနဲ့။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ဆုံးဖြတ်ရမယ်။

အရမ်းကို ကောင်းတဲ့မိန့်ခွန်းတွေဖြစ်ပါတယ်။

https://gendai.ismedia.jp/articles/-/65476?page=2

ကဲ စာဖတ်သူတို့လည်း မိန့်ခွန်းကိုလေ့လာပြီးပြီထင်ပါတယ်။

ဒီလိုပြောနိုင်တဲ့သူတွေ နည်းမယ်ထင်တယ်နော်။

ဒီတစ်ခေါက်ဗီဒီယိုမှာတွေ့ရတဲ့ ကျွမ်းကျင်တဲ့မိန့်ခွန်းပြောကြားနည်းကို သင်ပေးမယ်နော်…

 

အစချီတဲ့အခါ စကားလုံးခိုင်ခိုင်မာမာနဲ့ ၇ စက္ကန့်အတွင်းပြောပါ

အစချီပြီးပြောတဲ့အခါ ခိုင်မာမှုရှိဖို့က အရမ်းကိုအရေးကြီးပါတယ်။

ဒီမှာကတည်းက ပျင်းစရာကောင်းနေပြီဆိုရင် အဲ့ဒီကနေဘာတွေပဲ ဆက်ပြောနေပါစေ ဆက်ပြီးနားထောင်ချင်တော့မှာ မဟုတ်ပါဘူး။

တိုယိုတာဥက္ကဌက အစချီနှုတ်ဆက်စကားပြောတာကို ၃ စက္ကန့်နဲ့ဖြတ်ချခဲ့ပါတယ်။

“ အရေးကြီးတာကိုပဲပြောပါတယ် ”

 

၃၀ စက္ကန့်အတွင်းမှာ ရယ်စရာလေးတွေပြောပါတယ်

တကယ့်ကို လေးနက်တဲ့စကားတွေချည်းပဲပြောနေတာထက် ဟာသလေးတွေနှောဖို့လည်းလိုပါတယ်။

ဒီမှာတော့သူက အားလုံးကိုတိုယိုတာမှာ လက်ဆောင်အနေနဲ့ အလုပ်ပေးမယ် ” လို့ပြောတာမျိုး ဖြစ်ပါတယ်။

လက်ခုပ်သံတွေ ငြိမ်သွားတဲ့နောက်မှာ လူ့စွမ်းအားအရင်းအမြစ်ကနေ OK ဆိုတာကိုမရသေးပေမယ့် ”လို့လည်းပြောခဲ့ပါတယ်။

ရယ်မောနိုင်အောင်လုပ်နိုင်တယ်ဆိုတာလည်း တကယ်တော်တာပဲနော်။

 

လေးလေးနက်နက်တွေးပြီး နောက်တစ်ယောက်ရယ်မောစေခြင်း

ဒီလိုနဲ့အလုပ်လုပ်တဲ့အခါမှာစိုးရိမ်ပူပန်မှုတွေဟာ အဆင်ပြေသွားမယ်လို့ တွေးမိရာ ပိုပြီးအရေးကြီးတာကိုပြောပါမယ်” လို့ဖြတ်ချလိုက်ပြီး တကယ်လေးနက်တာတွေကို ပြောတော့မယ်လို့ ထင်လိုက်ပေမယ့်…

 

ဒီည ပါတီမှာ ဘယ်လောက်တောင် ဆူညံလိုက်ကြမလဲနော်”

 “နောက်တစ်ခုအရေးကြီးတာက ကျွန်တော်ဒီပွဲကိုတက်နိုင်ပါ့မလား ?”

 “ဒါပေမယ့် ညနက်လို့မဖြစ်ဘူး …. Outstanding Drama ကဒီနေ့နောက်ဆုံးပိုင်းရောက်နေလို့ ”

https://gendai.ismedia.jp/articles/-/65476?page=2

 

မတ်တပ်ရပ်ပြီး ရယ်ရလောက်အောင် ရိုက်ချက်ပြင်းခဲ့ပါတယ်။

“ကျွန်တော်အဲ့ဒီမှာ ကျောင်းသားဖြစ်စဥ်က အဆောင်၊ စာသင်ခန်း နဲ့ စာကြည့်တိုက်ကိုသွားလိုက်လာလိုက်လုပ်ရင်း တကယ်ကိုပျင်းစရာကောင်းခဲ့ပါတယ် ”

 

“အဲ့ဒီနောက်တော့ New York ကိုသွားပြီး ညဘုရင်ဖြစ်ခဲ့ရပါတယ်။”

 

ဟာသသော့ချက်ကို စကားပြောရဲ့သော့ချက်အနေနဲ့ အသုံးပြုခြင်း

ဒီလိုနဲ့ အဓိကအချက်ကို ရောက်လို့လာပါပြီ။

 “ကျောင်းသားဘဝတုန်းက 、ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တဲ့ပျော်ရွှင်မှုတွေက အမေရိကန်နိုင်ငံရဲ့ ဒိုးနတ်ဖြစ်ပါတယ်။ ”

ကျောင်းသားတွေအတွက် အရေးကြီးတဲ့အချက်အလက်တွေစပါပြီ။

ဘဝမှာ ပျော်စရာတွေကို ရှာဖွေဖို့က အရေးကြီးတာကိုဖော်ပြခဲ့ပါတယ်။

 “အားလုံးကလည်း ကိုယ့်ရဲ့ဒိုးနတ်ကို ရှာကြပါ။

 အားလုံးပဲ အောင်မြင်မှုတွေ ရရှိပါလိမ့်မယ် “

တိုယိုတာဥက္ကဌရဲ့သားကတော့ စားသောက်ကုန်ဘက်မှာနာမည်ကြီးတဲ့ ဒိုးနတ်ကြိုက်တယ်လို့ ပြောလိုက်တဲ့အခါပိုပြီး အာရုံစိုက်လာကြပါတယ်။

 

တစ်ခုတည်းနဲ့ပြည့်စုံတဲ့ အချက်

အများကြီးပြောတဲ့ထဲမှာ ရယ်စရာလေးတွေနဲ့ တကယ်ကိုအလေးနက်ထားဖို့အရေးကြီးတာ တစ်ခုကို ချန်ထားနိုင်တယ်ဆိုတာ တကယ်ကိုတော်တဲ့အချက်ဖြစ်ပါတယ်။

 Find your own donut.

ကိုယ့်ရဲ့ဒိုးနတ်ကို ရှာလိုက်ပါ။

ဒီ ၄ လုံးတည်းနဲ့ ရိုးရှင်းတဲ့အချက်ဖြစ်ပါတယ်။

https://gendai.ismedia.jp/articles/-/65476?page=2

 

ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ယောက်က ရေးထားတာကို ဖတ်မိထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် နောက်ဆုံးတစ်ခုက ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမတတ်နိုင်တဲ့အရာဖြစ်ပါတယ်။

 

ဟိုဟာလေ၊ အွန်း…၊ ဟို….. ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားလုံးတွေတစ်လုံးမှမပါဘူးနော်။

အင်္ဂလိပ်လိုဆိုရင် Filler Words လို့ခေါ်ပြီး မိန်းခွန်းမှာကျင့်သားမရသေးတဲ့အခါ ဒီလိုစကားလုံးတွေကို သုံးမိပြီး နားထောင်နေတဲ့သူတွေဘက်မှာ နားထောင်ရခက်လာပါတယ်။

နောက်ပြီး ဘယ်လိုနားထောင်နေလဲ။

နားထောင်နေတဲ့သူတွေ ရယ်နေတာကိုကြည့်ပြီး ကျွမ်းကျွမ်းကျင်ကျင် အဖြတ်အတောင်လေးနဲ့ ရယ်ဖို့နားပေးပါတယ်။

ဆက်ပြောနေတာထက် ပြောတာကိုနားထောင်ရလွယ်အောင် ချန်လှပ်ပေးပါတယ်။

တစ်နေရာရာမှာ မိန့်ခွန်းပြောတော့မယ်ဆိုရင် ဒီလိုနည်းလမ်းတွေကို စဥ်းစားပြီး စကားလုံးတွေကို တည်ဆောက်ကြပါနော်။

နောက်ပြီး Find your won dount.

သင့်ရဲ့ ဒိုးနတ် ကိုရှာဖို့လည်းမမေ့နဲ့ဦးနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: