ဂျပန်လူမျိုးတွေတောင် မဖတ်နိုင်တဲ့ ဂျပန်စာ
ဂျပန်လူမျိုးတွေက ဂျပန်စာတော်ကြပါတယ်။
ဒါကြောင့်ဂျပန်စာတွေ တော်တော်များများကို ဖတ်နိုင်တာက ဟိုးအရင်ကတည်းကပါ။
ဒါပေမယ့် မြို့ထဲမှာတွေ့ရတဲ့ ဆိုင်းဘုတ်တွေကိုတော့ ဂျပန်လူမျိုးတွေတောင် မှန်အောင်မဖတ်နိုင်တဲ့စကားလုံးတွေရှိပါတယ်။
ဒီအောက်က ဆိုင်းဘုတ်ရဲ့ အလယ်က စာလုံးအကြီး ၃ လုံးကို ဘယ်လိုဖတ်လဲဆိုတာ သိပါသလား?
http://www.asahi.com/special/kotoba/archive2015/moji/2012072300001.html
အဖြေမှန်ကတော့ きそば ခိဆိုဘ ဖြစ်ပါတယ်။
ခေါက်ဆွဲအစိမ်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
ဒါက တကယ်တော့ ခန်းဂျီးတွေမဟုတ်ပါဘူး။ ဟိရဂနတွေဖြစ်ပါတယ်။
ကျောင်းမှာသင်တဲ့ ပုံစံနဲ့တော်တော်ကို ကွာခြားနေတာပဲနော်။
ဂျပန်နိုင်ငံမှာနေတဲ့ သူတွေလည်း ဒါကိုသတိထားမိမလားမသိပေမယ့် ဒီလိုစကားလုံးတွေ တော်တော်များပါတယ်။
ဒီ ဆိုဘ ဆိုင်မှာလည်း….
http://www.asahi.com/special/kotoba/archive2015/moji/2012072300001.html
ဒါကတော့ ညာဘက်ကနေ ဖတ်ရတဲ့ပုံစံရေးထားတာဖြစ်ပါတယ်။
http://www.asahi.com/special/kotoba/archive2015/moji/2012072300001.html
ဒါက တစ်ခါမှမမြင်ဖူးတဲ့ ဟိရဂနပုံစံတွေကို 変体仮名(へんたいかな)ဟန်းတိုင်းဂန လို့ခေါ်ပါတယ်။
သူ့ရဲ့သက်တမ်းက တော်တော်လေးကြာခဲ့ပြီဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ကျော်လောက်က အသုံးပြုခဲ့တဲ့ စကားလုံးတွေဖြစ်ပါတယ်။
အဲ့ဒီအချိန်တုန်းက အထက်တန်းလွှာတွေမှာ စကားလုံးတွေကို သီးခြားစကားလုံးတွေကို အသုံးပြုပြီး တရုတ်နိုင်ငံကနေ လာတဲ့ခန်းဂျီးတွေကို ရေးသားအသုံးပြုကြပါတယ်။
အဲ့ဒီစကားလုံးကို ချန်လှပ်ထားခဲ့ပြီး ဟိရဂနနဲ့ ခတခန ကိုဖော်ထုတ်ခဲ့ပြီး တစ်ချိန်တုန်းက ဂျပန်စာမှာ ကြီးမားတဲ့ပြဿနာတွေရှိခဲ့ပါတယ်။
ကိုယ်ပိုင်စကားလုံးတွေမရှိသေးတဲ့ ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ခန်းဂျီးတွေကနေ ဆွဲထုတ်ပြီး တဖန်ပြန်လည်မွေးဖွားလာခဲ့တဲ့ ဂျပန်စကားလုံးတွေဖြစ်ပါတယ်။
အသံထွက်တူရင် OK ဆိုပြီး မသဲကွဲတဲ့ အသုံးပြုပုံတွေကြောင့် Ka ဆိုတဲ့အသံထွက်ကို ဖော်ပြရမယ်ဆိုရင် 加、可、賀 ထဲကဘာမဆို Ka ဖြစ်လာခဲ့တာဖြစ်ပါတယ်။
စကားလုံးနဲ့အသံထွက်က တစ်သမတ်တည်းမရှိတဲ့အခြေအနေကြားမှာ ကျန်ရှိနေတဲ့ ဟိရဂန နဲ့ ခတခန မှာလည်း ကြီးမားတဲ့သက်ရောက်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အခုချိန်မှာ ၄၈ လုံးပဲရှိတဲ့ ဟိရဂနက အရင်တုန်းက အလုံး ၁၀၀ ကျော်တောင် ရှိခဲ့တယ်လို့သိရပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀ ကျော်လောက်တုန်းက အချိန်နဲ့နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ပုံမှန်အသုံးပြုနေတယ်ဆိုပေမယ့် ၁၉၀၀ ခုနှစ်မှာ စီမံမှုတွေပြုလုပ်ခဲ့ပြီး လက်ရှိအသုံးပြုနေတဲ့ ဟိရဂန တစ်လုံးကို စကားလုံး ၁ လုံးပဲအသုံးပြုရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။
https://nlab.itmedia.co.jp/nl/articles/1906/17/news071_3.html
အဲ့ဒီပျောက်ကွယ်သွားခဲ့တဲ့ စကားလုံးတွေကို ဟန်းတိုင်းဂန လို့ခေါ်ပါတယ်။
ဘယ်လိုမျိုးလဲဆိုတာ ကြည့်ကြည့်လိုက်ပါဦး။
https://www.pinterest.com/pin/737323770218774464/
ဂျပန်စကားလုံးလည်းမဟုတ်ဘူးလို့ စာရေးသူတို့ ဂျပန်လူမျိုးတွေတောင်ထင်မိပါတယ်။
တော်သေးတာပေါ့နော်၊ ဂျပန်စာသင်နေတဲ့သူတွေ မသင်ခင်မှာ ဒီလိုရှုပ်ယှက်ခတ်နေတာတွေ မရှိတော့လို့…
ဒါပေမယ့် မြို့ထဲမှာတော့ ဟန်တိုင်းဂန တွေကို မြင်တွေ့နိုင်ပါသေးတယ်။
အဲ့ဒီစကားလုံးလေးတွေနဲ့ မိတ်ဆက်ပေးလိုက်မယ်နော်…
ပုံလေးတွေကြည့်ပြီးဖတ်ကြည့်ပြီးရင် ပုံအောက်မှာအဖြေတိုက်လိုက်နော်…
http://kurojikanbandesu.blog102.fc2.com/blog-entry-24.html
志ぶや(しぶや)ရှိဘုယ
https://plaza.rakuten.co.jp/hongming/diary/200611180000/
ぼんた ဘွန်းတ ( ညာဘက်ကနေ ဖတ်ရပါတယ် )
https://twitter.com/ani3/status/568062062850482176
やぶそば ယဘုဆိုဘ
https://plaza.rakuten.co.jp/hongming/diary/201510100000/
ことぶき ခိုတိုဘူခိ
https://ameblo.jp/aiki-p/entry-12269699612.html
てんぷら တန်ပူရ
ဘာကိုမဆို အသေးစိတ်တိတိကျကျလုပ်တယ်ဆိုတဲ့ ဂျပန်လူမျိုးတွေဆိုတဲ့ ပုံရိပ်က ကမ္ဘာတစ်ဝှမ်းမှာထင်ဟပ်နေပါတယ်။
ဒါကြောင့် ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် မသေချာမရေရာတဲ့ စကားလုံးတွေကို သုံးခွင့်ရနေတဲ့ စကားလုံးတွေကို ပြန်လည်သတ်မှတ်ခဲ့တယ်လို့ထင်ပါတယ်။
Kengo Abe