နိုင်ငံခြားဘာသာစကားကလာတဲ့ ဂျပန်စကားလုံးများ

ဂျပန်စကားတွေထဲမှာလည်း အင်္ဂလိပ်စာနဲ့ တရုတ်စာကနေ မွေးစားထားတဲ့စကားလုံးတွေအများကြီးရှိပါတယ်။

နောက်ပြီး တခြားနိုင်ငံတွေက စကားလုံးတွေနဲ့လည်းတူတာတွေရှိပါသေးတယ်။

ဂျပန်လူမျိုးတွေတောင် သတိမထားမိတဲ့ နိုင်ငံခြားမွေးစားစကားလုံးတွေ တော်တော်များများရှိပါတယ်။

 

カッパ ( Kappa )

 

https://tabippo.net/loanword/

Raincoat ကို ပြောတာဖြစ်ပါတယ်။ 合羽 ( かっぱ ) ဆိုတဲ့ခန်းဂျီးဖြစ်ပါတယ်။

ဂျပန်စကားလုံးပဲလို့မထင်လိုက်နဲ့နော်။ တကယ်တော့ ပေါ်တူဂီဘာသာစကားဖြစ်ပါတယ်။

၁၆ ရာစုမှာ ဂျပန်နိုင်ငံကိုခရစ်ယာန်သာသနာပြုတွေ လာရောက်ခဲ့စဥ်ကဝတ်ခဲ့ကြတဲ့အပေါ်ထပ်အင်္ကျီတွေကနေ ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

背広(せびろ) ( Sebiro )

 

https://tabippo.net/loanword/

 

Suit လို့မခေါ်ကြဘဲနဲ့ 背広(せびろ) ( Sebiro ) ဆိုတာက နည်းနည်းအသက်ကြီးနေတဲ့လူတွေကိုခေါ်တာဖြစ်ပြီး ဂျပန်စကားလုံးလို့ထင်ခဲ့ပေမယ့် အင်္ဂလိပ်စကားလုံးဖြစ်နေပါတယ်။

မူရင်းဖြစ်ပေါ်လာတဲ့အခြေခံစကားလုံးကတော့ ၂ လုံးရှိပါတယ်။

Civil Clothes ဆိုတဲ့စကားလုံးနဲ့ စျေးကြီးတဲ့ယောကျ်ားလေးဝတ်ဆိုင်တွေရှိတဲ့မြို့ဖြစ်တဲ့ Savile Row ဆိုတဲ့စကားလုံးကနေ ဖြစ်လာတာဖြစ်ပါတယ်။

 

襦袢(じゅばん)( Juban )

 

https://item.rakuten.co.jp/hitotoki/cc0534/

ဂျပန်ရိုးရာဝတ်စုံရဲ့အောက်ထပ်ဖြစ်တဲ့  襦袢(じゅばん)အတွင်းအင်္ကျီဖြစ်ပါတယ်။ ဒါလည်းနိုင်ငံခြားစကားလုံးပါပဲ။

အရင်တုန်းကတော့ ပေါ်တူဂီဘာသာစကားနဲ့ အတွင်းအင်္ကျီဖြစ်တဲ့ Gibao,Jubao ဆိုတဲ့စကားလုံးဖြစ်ပါတယ်။

အဲ့ဒီပေါ်တူဂီစကားလုံးကလည်း အာရေဗျဘာသာစကားဖြစ်နေပါတယ်။

 

 

タバコ ( tobacco )

 

https://tabippo.net/loanword/

 

ဒါကိုတော့သိကြလိမ့်မယ်ထင်ပါတယ်။ စပိန်ဘာသာစကားနဲ့ ပေါ်တူဂီစကားလုံးရဲ့မူရင်းစကားလုံးဖြစ်တဲ့ Tabaco ကိုမွေးစားထားတာဖြစ်ပါတယ်။

 

瓦(かわら)( Kawara )

https://tabippo.net/loanword/

ခေါင်းမိုးမှာသုံးတဲ့ အုပ်ချပ်တွေကိုခေါ်တာဖြစ်ပြီး နိုင်ငံခြားဘာသာစကားဖြစ်မှန်းမသိခဲ့ပါဘူး။

ရှေးဟောင်းအိန္ဒိယဘာသာစကားရဲ့ Kapala ကနေဆင်းသက်လာခဲ့တာဖြစ်ပါတယ်။

 

おてんば ( O tenba )

https://tabippo.net/loanword/

 

ကြံ့ခိုင်တဲ့မိန်းကလေးတွေဖြစ်တာကြောင့် おてんば ( O tenba ) Tom boy လို့ခေါ်တာဖြစ်ပါတယ်။

ဒါပေမယ့် ခုလက်ရှိမှာတော့ဒီစကားလုံးကို သိပ်မသုံးကြတော့ပါဘူး။

မူရင်းစကားလုံးကတော့ နယ်သာလန်ဘာသာစကား Otembaar ဆိုတဲ့စကားလုံးဖြစ်ပါတယ်။

 

いくら ( Ikura )

 

https://tabippo.net/loanword/

တူနာငါးဥ ကို いくら ( Ikura ) လို့ခေါ်ပါတယ်။

ဒါကတော့ ရှရှားဘာသာစကားဖြစ်ပါတယ်။

 

バッテラ ( Battera )

 

https://tabippo.net/loanword/

ဆဘငါးနဲ့အဓိကပြုလုပ်ထားတဲ့ဆူရှီကို バッテラ ( Battera ) လို့ခေါ်ပါတယ်။

ပေါ်တူဂီစကားလုံးနဲ့ “小舟” ( ခိုဘုနဲ ) လှေကလေးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

 

 

天ぷら ( Tenpura )

https://tabippo.net/loanword/

ဂျပန်နိုင်ငံရဲ့ရိုးရာစားစရာဖြစ်တဲ့ နာမည်ကြီးတန်ပူရာဖြစ်ပါတယ်။

ဒါလည်း နိုင်ငံခြားဘာသာစကားဖြစ်ပါတယ်။

ပေါ်တူဂီစကားလုံးဖြစ်ပြီး ဟင်းချက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ Tempero ကမူရင်းစကားလုံးလို့သိရပါတယ်။

 

ကဲ…. ဘယ်လိုလဲ ?

တကယ်တော့ ပေါ်တူဂီစကားလုံးတွေတော်တော်များများကိုသုံးထားတာဖြစ်ပါတယ်။

ခရစ်ယာန်သာသနာပြုပုဂ္ဂိုလ်တွေ ဝင်ရောက်လာခဲ့တာကြောင့် ပေါ်တူဂီဘာသာစကားက အင်္ဂလိပ်ဘာသာစကားထက် အရင်ဆုံးဝင်ရောက်လာခဲ့တယ်လို့ထင်ပါတယ်။

အားလုံးကရော ဒီထဲကဘယ်နှစ်လုံးကိုသိပြီးသားလဲ ? ? ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: