SAMURAI နဲ႔ BUSHI အတူတူပဲလား?

ဂျပန်နိုင်ငံရဲ့အင်အားကြီးတဲ့သူတွေလို့ပြောရရင်  SAMURAI တို့ NINJA တို့ဖြစ်ပါတယ်။

သာမာန်လူတွေနဲ့ကွာခြားပြီး အားအင်တွေအပြည့်ရှိတဲ့ကာရိုက်တာတွေကို ရုပ်ရှင်နဲ့ ကာတွန်းတွေမှာမြင်တွေ့ရပေမယ့် တကယ်တော့သာမာန်လူတွေဖြစ်တာကြောင့် မဖြစ်နိုင်တဲ့အရာတွေကို မလုပ်နိုင်ပါဘူး။

SAMURAI ဆိုတဲ့စကားလုံးကို နိုင်ငံခြားမှာတော့ထွေထွေထူးထူးမဟုတ်ပေမယ့် ဂျပန်လူမျိုးတွေကတော့ 武士 ဆာဘူရှိ ဆိုတဲ့စကားလုံးကိုအသုံးများပါတယ်။

ဂျပန်စာနဲ့အလှမ်းဝေးနေတဲ့သူဆိုရင်တော့ ဒီလိုတွေးမိကောင်းတွေမိပါလိမ့်မယ်။

 

武士=SAMURAI

 

ဒီလိုတွေးမိတဲ့သူတွေထဲမှာ ဂျပန်လူမျိုးတွေလည်း အများကြီးပါဝင်နေပြီး အဓိပ္ပာယ်ကွဲလွဲနေတာကို သိပါသလား?

စာဖတ်သူသာ SAMURAI ကိုနှစ်သက်မယ်ဆိုရင် အပြင်မှာကိုယ်နဲ့သိတဲ့ ဂျပန်လူမျိုးကို ပြန်ကြွားလို့ရပြီနော်။

အရင်ဦးဆုံး SAMURAI ဆိုတဲ့စကားလုံးကနေစပါမယ်။

ခန်းဂျီးနဲ့ဆိုရင် 侍 ( ဆာမူရိုင်း ) လို့ရေးပါတယ်။

https://mag.japaaan.com/archives/93856

ပေါ်ပေါက်လာခဲ့တာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀၀ ကျော်လောက်ကတည်းကဖြစ်ပါတယ်။

စစချင်းမှာတော့ “守る” ကာကွယ်တယ် ဆိဆိုတဲ့အဓိပ္ပာယ်နဲ့もる ဆိဆိုတဲ့စကားလုံးကိုအသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီနေ “もらふ”(もらう)ဖြစ်လာပြီး ပြည့်ဝတဲ့စကားလုံးဖြစ်လာအောင် “さ” ကိုကိုဖြည့်စွက်လိုက်ပြီး “さもらふ(さもらう)” ဖြစ်လာကာ ဆို“侍”ဆာမူရိုင်း ဆိုတဲ့စကားလုံးဖြစ်လာခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်တာကျွမ်းကျင်တဲ့သူတွေဟာ侍 ဆာမူရိူင်း မဟုတ်ဘဲ၊ တစ်ချိန်တုန်းက အမြင့်မှာနေပြီး သာမာန်လူတွေကို အုပ်ချုပ်တဲ့သူကို SAMURAI လို့ခေါ်ပါတယ်။

နှိုင်းယှဥ်ရမယ်ဆိုရင် BUSHI က ခန်းဂျီမှာ武士ဘုရှိလို့ ရေးတာကြောင့် “武” ဆိုတဲ့စကားလုံးကို တိုက်ခိုက်တဲ့သူတွေအတွက်သုံးပြီး 武士 ဘုရှိလို့ခေါ်တာဖြစ်ပါတယ်။

https://mag.japaaan.com/archives/93856/2

ဒီစကားလုံးက တစ်နေရာရာမှာ ဘုရှိအနေနဲ့ ငှားရမ်းလိုက်တဲ့သူတွေရော တိုက်ခိုက်ရေးနဲ့ဓားရေးကျွမ်းကျင်တဲ့သူတွေကို စုဆောင်းဖို့အတွက်လှည့်လည်နေတဲ့သူတွေနေရာမှာ သုံးပါတယ်။

ဒီလိုဆိုတော့ အားလုံးကနားလည်မှုလွဲနေတာလေးရှိပါတယ်။

အောက်မှာပါတဲ့ပုံထဲကလူကို သိပါသလား?

http://genbudou.ocnk.net/product/10

宮本武蔵(みやもと むさし)ဆိုတဲ့ ဓားရေးအကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။

ဓားနှစ်ချောင်းကို ကျွမ်းကျင်စွာကိုင်နိုင်ပြီးတော့ ဂျပန်နိုင်ငံရဲ့ ရှေးတုန်းက ဓားရေးအကျွမ်းကျင်ဆုံးပုဂ္ဂိုလ်လို့လည်း ပြောလို့ရပါတယ်။

လူသတ်ဖို့အတွက်အသုံးပြုတာမျိုးမဟုတ်ဘဲ ဓားရေးလေ့ကျင့်ဖို့အတွက်အသုံးပြုတဲ့သူကို  SAMURAI မဟုတ်ဘဲ BUSHI လို့ခေါ်ရမှာဖြစ်ပါတယ်။

ဒါကို ဂျပန်လူမျိုးတွေတောင်ခွဲခြားပြီးမသိပါဘူး။

ကိုယ်သိတာကို ပြန်လည်မျှဝေရင်းနဲ့ ကြွားလိုက်မယ်ဆိုရင် စိတ်ဝင်စားစရာပဲနော်…….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: