花札(はなふだ) ( ဟနဖုဓ ) ဂိမ်းကနေ ဖြစ်လာခဲ့တဲ့ ဂျပန်စကားလုံးများ

花札(はなふだ) ( ဟနဖုဓ ) ဆိုတဲ့ ကဒ်ဂိမ်းကစားနည်းကိုသိပါသလား?

https://game.dmenu.smt.docomo.ne.jp/article/ea59/

၁၅၇၀ ခုနှစ်လောက်မှာ ပေါ်တူဂီလူမျိုးတွေဆီကနေယူလာတဲ့ ကဒ်ဂိမ်းကို ဂျပန်စတိုင်အသစ်အနေနဲ့ ပြောင်းလဲဖြစ်ပေါ်လာတဲ့ 花札(はなふだ) ( ဟနဖုဓ ) ကဒ်ဂိမ်းကစားနည်းပဲဖြစ်ပါတယ်။

စုစုပေါင်း ၄၈ ကဒ်ရှိပြီး ကဒ်တွေပေါ်မှာ ၁၂ လရာသီအသီးသီးရဲ့ ပန်းအမျိုးအစားတွေနဲ့ တိရိစ္ဆာန်ပုံတွေကို ရေးဆွဲထားပါတယ်။

ဂိမ်းနဲ့ပက်သပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေကို အခုချပြမှာမဟုတ်ပေမယ့် အဲ့ဒီ ဟနဖုဓ ဆိုတဲ့ဂိမ်းကနေ ဖြစ်ပေါ်လာတဲ့ စကားလုံးတွေထဲမှာ ယခုလက်ရှိအသုံးပြုနေတဲ့ စကားလုံးတွေလည်းပါဝင်နေပါတယ်။

https://mag.japaaan.com/archives/90623

しかと ( ရှီကတို )

တစ်ယောက်ယောက်ကို လျစ်လျူရှုလိုက်တဲ့အခါမှာ “しかと” ( ရှီကတို ) ဆိုတဲ့စကားလုံးကို အသုံးပြုကြပါတယ်။

လူငယ်တွေသုံးတာများပြီး တကယ်တော့ 花札(はなふだ) ( ဟနဖုဓ ) မှာပါတဲ့ ပုံကနေ ဖြစ်ပေါ်လာခဲ့တဲ့ စကားလုံးဖြစ်ပါတယ်။

Kanji နဲ့ရေးရမယ်ဆိုရင် 鹿十(しかと) ( ရှိကတို ) ဖြစ်ပါတယ်။

အပေါ်ကကဒ်တွေရဲ့  အလယ်ကကဒ်မှာ သမင်ပုံလေးကိုဆွဲထားပါတယ်။

နောက်ပြီးတော့ အနောက်မှာပါတဲ့ပန်းရဲ့ အဓိပ္ပာယ်က  ဆောင်းဦးရာသီမှာဖြစ်ပေါ်တဲ့အရောင်နဲ့ Momiji အရွက်တွေဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပုံထဲကသမင်က ဒီဘက်ကိုလှည့်နေလို့ ဖြစ်ပါတယ်။

အဲ့ဒီပုံထဲကသမင်လိုပဲ လူတွေကိုလျစ်လျူရှုထားတယ်ဆိုတာကနေ  しかと  ( ရှီကတို ) ဆိုတဲ့ စကားလုံးဖြစ်လာတာဖြစ်ပါတယ်။

 

ピカイチ ( ပိကအိချိ )

ကောင်းတာတွေအများကြီးရှိတဲ့ထဲမှာ အထူးအကောင်းဆုံး ဆိုတဲ့အဓိပ္ပာယ်အနေနဲ့ရှိတဲ့ စကားလုံးဖြစ်ပါတယ်၊၊

ဟနဖုဓ ကဒ်တွေထဲမှာ “光 ( ひか ) り 物  ( もの )” ဟိကရိမိုနို လို့‌ခေါ်တဲ့ အမှတ်များများရတဲ့ ကဒ်က ၅ ကဒ်ထဲရှိပါတယ်။

အရင်ဦးဆုံး ၇ ကဒ်ကို ဝေပေးထားတဲ့ထဲမှာ ၆ ရွက်က အမှတ် သုည ဖြစ်နေပြီး ကျန်တစ်ကဒ်တည်းက 光 ( ひか ) り 物  ( もの )” ဟိကရိမိုနို ဖြစ်နေတဲ့အခါမှာဆိုရင် ピカイチ ( ပိကအိချိ ) ဆိုတဲ့ ကဒ်နဲ့ တစ်ဖက်လူကို အနိုင်ယူလို့ရပါတယ်။

ပိကအိချိ ကဒ်က သုံးလို့မရတဲ့ ကဒ်တွေထဲမှာတောင် ၊ ၁ ကဒ်ထဲနဲ့တင် အံ့သြစရာကောင်းလောက်တဲ့ အရည်အသွေးတွေရှိပါတယ်။

ဒီလိုအဓိပ္ပာယ်နဲ့ အသုံးပြုကြတာဖြစ်ပါတယ်။

 

ボンクラ ( ဘွန်းခုရ )

ဒီစကားလုံးကိုတော့ လွန်ခဲ့တဲ့နှစ်အစောပိုင်းလောက်ကလူတွေ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

ယောင်ယောင်ဝါးဝါးနဲ့ ဘာကိုမှနားမလည်တဲ့သူကို ボンクラ ( ဘွန်းခုရ ) လို့ခေါ်ပါတယ်။

Kanji နဲ့ ရေးမယ်ဆိုရင် 盆暗 ( ぼんくら ) ( ဘွန်းခုရ ) ဖြစ်ပါတယ်။

လောင်းကစားမှာ ရှုံးပဲရှုံးနေတဲ့သူက ယောင်ယောင်ဝါးဝါးနဲ့ ဘာကိုမှမစဥ်းစားပဲ ရှုံနှိမ့်ပြီး အရှုံးတွေနဲ့အမှောင်အတိဖြစ်သွားတယ် ဆိုတာကနေ ဖြစ်ပေါ်လာပါတယ်။

 

三下(さんした)စံရှိတ

ဒါကိုလည်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာတုန်းကလွဲပြီး မသုံးတော့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တစ်ဖက်လူရဲ့ အောက်ခြေကို ကြည့်တဲ့အခါမှာ ပြောတဲ့ပုံစံဖြစ်ပါတယ်။

ဆိုတဲ့ပုံစံမျိုး ပြောကြပါတယ်။

花札 ( はなふだ) ( ဟနဖုဓ ) သုံးပြီးဆော့တဲ့ “かぶ”  ခဘု ဆိုတဲ့ကစားနည်းကနေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီဂိမ်းမှာကဒ် ၂ ကဒ်ကို ဆွဲပြီး စုစုပေါင်းက ၉ နဲ့နီးတယ်ဆိုရင် ဂျိုကာ လိုမျိုးအစွမ်းရှိပါတယ်။

အဲ့ဒီထဲမှာ ၃ ခုအောက်နည်းတဲ့ အရေအတွက်ဆိုရင် အဓိပ္ပာယ်မရှိဘဲ သုံးလို့မရတော့ဘူး ဆိုတဲ့နေရာကနေ 三下 ( さんした )စံရှိတ ဆိုတဲ့စကားလုံး ဖြစ်လာခဲ့တာဖြစ်ပါတယ်။

 

ဒီလိုဂိမ်းကနေ ဖြစ်ပေါ်လာတဲ့ စကားလုံးတွေက နှစ် ၁၀၀ ကျော်တိုင်အောင်အသုံးပြုနေတယ်ဆိုတာက နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတယ်နော်….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: