ဗွီဒီယိုလေးတွေကြည့်ရင်း ဂျပန်စကားသင်ကြမယ်

Japatomo TV ကနေပြီးတော့ သားသားမီးမီးလေးတွေအတွက်ရည်ရွယ်ပြီး ဂျပန်စကားလေ့လာသင်ယူဖို့

အစီအစဥ်ကောင်းလေးတွေကိုတင်ဆက်ပေးလျက်ရှိပါတယ်။

သားသားမီးမီးလေးတွေအတွက် ရည်ရွယ်တယ်ဆိုပေမယ့် ဂျပန်စာသင်ကြားနေတဲ့သူတွေအတွက်လည်း အရမ်းကိုအဆင်ပြေပြီး စကားပြောလေးတွေ မှတ်မိဖို့အတွက် အရမ်းကိုအဆင်ပြေလွယ်ကူစေပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံတဲ့အခါမှာ ဘာကိုစပြီးပြောကြပါသလဲ ?

မင်္ဂလာပါလို့ စပြီးတော့နှုတ်ဆက်ကြပါတယ်။ နောက်တစ်ခုက ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးဖို့ကလည်းအရေးကြီးပါတယ်။

ဂျပန်လူမျိုးတွေနဲ့တွေ့ဆုံတဲ့အခါမှာ အရင်ဦးဆုံးကိုယ့်ကိုယ်ကိုမိတ်ဆက်ပေးဖို့ကလည်း အရေးကြီးတယ်နော်။

ဒီဗွီဒီယိုလေးထဲမှာ မိမိက ဂျပန်သူငယ်ချင်းကို သွားကြိုဖို့အတွက်အခက်တွေ့နေပါတယ်။

ဒါကိုတွေ့တဲ့ ပစ်တိုင်းထောင်လေးက ထန်းလျက်ကိုခေါ်ပြီး အတူတူကူညီပေးလိုက်ပါတယ်။

ဘယ်လိုကူညီလိုက်လဲဆိုတာကိုတော့ ဗွီဒီယိုထဲမှာ ကြည့်လိုက်ပါနော်။

https://www.youtube.com/watch?v=Qakq3EVOeU4&t=16s

ကဲ မိမိ ကိုယ့်ကိုယ်ကို မိတ်ဆက်သွားတာတော့ Ok ပဲ။

နောက်ထပ်ဘာဆက်ဖြစ်ဦးမလဲဆိုတာကိုကြည့်ဖို့နဲ့ သင်ပေးထားတာကို မှတ်ထားဖို့လည်း မမေ့နဲ့ဦးနော်။

အပတ်စဥ်တိုင်းမှာ မိမိနဲ့အတူ ပစ်တိုင်းထောင်လေးနဲ့ ထန်းလျက်တို့က နည်းနည်းစီ သင်ပေးသွားမှာဖြစ်လို့

ဂျပန်စာကိုလေ့လာနေတဲ့သူတွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့မှတ်သားလိုက်ကြစို့နော်။

နောက်တစ်ခုက ကာတွန်းလေးတွေနဲ့ဆိုတော့ ပျော်စရာကောင်းပြီး အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။

သားသားမီးမီးတွေအတွက်ဆိုရင်လည်း ကွက်တိပဲနော်။

နောက်ထပ်အပိုင်း ၂ ကို ဆက်ပြီး စောင့်မျှော်ရင်းနဲ့ အပတ်စဥ်တိုင်းဖွင့်ကြည့်ပြီးတော့ စကားပြောလေးတွေကို မှတ်သားဖို့မမေ့ပါနဲ့နော်။

Youtube – Japatomo TV

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: