おせち料理 ( နှစ်သစ်ကူးဟင်းလျာ ) ရဲ့ အဓိပ္ပာယ်

ဂျပန်နိုင်ငံမှာ နှစ်သစ်ကူးရိုးရာအနေနဲ့ おせち料理 ( အိုဆဲချိလျောရိ ) ကိုစားသုံးကြပါတယ်။

အောက်မှာပါတဲ့ ပုံစံအတိုင်းလှလှပပပြင်ဆင်ထားပြီးတော့ ဂျပန်ရဲ့ရိုးရာဆိုတာကို သိကြပေမယ့် အဓိပ္ပာယ်ရှိတဲ့အစားအစာဆိုတာကို သိပါသလား ?

 

http://entermeus.com/128122/

 

おせち料理 ( အိုဆဲချိလျောရိ ) နှစ်တစ်နှစ်ရဲ့အကုန်မှာ ပြင်ဆင်ချက်ပြုတ်ကြပါတယ်။

နှစ်သစ်ရဲ့ ၁ ရက်နေ့ ကနေ ၃ ရက်အထိအလုပ်မလုပ်ကြဘဲ ” အနားယူကြပါစို့ “ ဆိုတဲ့အဓိပ္ပာယ်ကို သိတဲ့သူတွေရှိကောင်းရှိလိမ့်မယ်လို့ ထင်မိပေမယ့် အဲ့ဒီအဓိပ္ပာယ်တစ်ခုတည်းမဟုတ်ပါဘူး။

ဟင်းလျာတွေရဲ့ တစ်ခုချင်း ၊ တစ်ခုချင်းစီမှာတိကျတဲ့ အဓိပ္ပာယ်လေးတွေရှိပါတယ်။

နှစ်သစ်ကူးရောက်ပြီဆိုရင် おせち料理 ( အိုဆဲချိလျောရိ ) မှာတွဲဖက်ပြီးပါဝင်တဲ့ ဟင်းလျာတွေရဲ့ အဓိပ္ပာယ်လေးတွေကို ရှင်းပြပါမယ်။

https://radish-pocket.com/wp-content/uploads/1481413824afkspec6pk.jpg

 

黒豆(くろまめ)( ခုရိုမမဲ )

 

http://entermeus.com/128122/

 

ပဲကို ချိုချိုလေးပြုတ်ထားတာဖြစ်ပါတယ်။

ပဲကိုစားလိုက်တဲ့အခါမှာ နူးနူးညံ့ညံ့လေးနဲ့ အရသာရှိတယ်ဆိုပေမယ့်  တခြားအဓိပ္ပာယ်နဲ့ အသုံးပြုပါတယ်။

“ ပဲလိုမျိုးအလုပ်လုပ်နိုင်ပါစေ” ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ပဲ ဆိုတာက မာကြောတယ်ဆိုတဲ့ အဓိပ္ပာယ်ရပြီးတော့  အလုပ်ကိုကြံ့ကြံ့ခိုင်ခိုင်နဲ့ လုပ်ဆောင်နိုင်ပြီးတော့ သက်ရှည်ကျန်းမာစေလိုတဲ့ အဓိပ္ပာယ်နဲ့ စားသုံးကြတာဖြစ်ပါတယ်။

数の子(かずのこ)ခဇူနော့ခို

 

http://entermeus.com/128122/

Herring လို့ခေါ်တဲ့ ငါးဥကို ဆားနဲ့နယ်ထားတာဖြစ်ပါတယ်။

ကလေးများများရပါစေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ ငါးဥလောက်ကလေးတွေ များလာမယ်ဆိုရင် မများလွန်းဘူးလားနော်…..

 

田作り(たづくり)တဇုခုရိ

 

http://entermeus.com/128122/

ပင်လယ်တွေထဲကနေ ဖမ်းဆီးရရှိတဲ့ ငါးသေးသေးလေးတွေကို ချက်ပြုတ်ထားတဲ့ ဟင်းလျာဖြစ်ပါတယ်။

ဘာလို့ဒီနာမည်ပေးရလဲဆိုတော့ ငါးသေးသေးလေးတွေကို မြေသြဇာအဖြစ်သုံးမယ်ဆိုရင် စပါးတွေအမြောက်အများဖြစ်ထွန်းမယ်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။

စပါးအထွက်တိုးမယ်ဆိုရင် ဝင်ငွေတွေလည်းတိုးပွားလာမယ် ဆိုတဲ့အဓိပ္ပာယ်နဲ့ ဆက်စပ်ထားတာဖြစ်ပါတယ်။

 

かまぼこခမဘိုခို

 

http://entermeus.com/128122/

ခမဘိုခို ဆိုတာက ငါးဖယ်ကိုပေါင်းထားတာဖြစ်ပါတယ်။

ငါးဖယ်ကို စဥ်းနီတုံးအပြားပေါ်မှာတင်ပြီး အောက်မှာပြားပြားလေးနဲ့ အပေါ်မှာခုံးခုံးလေးလုပ်ထားဖြစ်ပါတယ်။

ဒါကို နှစ်သစ်ရဲ့ပထမဆုံးနေ့မှာ မြင်တွေ့လိုက်ရတာက ကောင်းတဲ့အတိတ်နမိတ်လို့ ယူဆကြပါတယ်။

အနီရောင်ကပျော်ရွှင်ခြင်းအဖြူရောင်ကမြင့်မြတ်ခြင်းကို ပုံဖော်တယ်ဆိုပြီးတော့ နှစ်သစ်မှာအနီနဲ့အဖြူကို ပေါင်းစည်းထားတာပဲဖြစ်ပါတယ်။

 

だてまき ဓတဲ့မခိ

 

http://entermeus.com/128122/

ရှေးတုန်းကစာအုပ်တွေဟာ စာလိပ်ပုံစံတွေဖြစ်တဲ့အတွက် အဲ့ဒီလိုပုံစံ だてまき ( ဓတဲ့မခိ )က နောက်ထပ်ပညာသင်နှစ်တွေမှာ ရလဒ်ကောင်းဖို့ဆိုတဲ့ အဓိပ္ပာယ်နဲ့  ပါဝင်နေရခြင်းဖြစ်ပါတယ်။

 

栗きんとん ခုရီခင်းတွန်

 

http://entermeus.com/128122/

သစ်အယ်သီးကို ချိုချိုလေးလုပ်ထားတာဖြစ်ပါတယ်။

ပုံမှာမြင်တဲ့အတိုင်း ရွှေဝါရောင်လေးကငွေကြေးလာဘ်လာတိုးပွားဖို့ ရည်ရွယ်တဲ့ အဓိပ္ပာယ်နဲ့စားသုံးကြပါတယ်။

 

ブリ、鯛などの魚ဘူရိ ၊ တိုင်း စတဲ့ငါး

 

http://entermeus.com/128122/

ブリဘုရိဆိုတဲ့ငါးကို 出世魚(しゅっせうお) ( ရွှတ်ဆဲအုအို ) လို့ခေါ်ပါတယ်။

ဒီငါးတွေက ကြီးလာတာနဲ့အမျှ နာမည်ပြောင်းသွာတာကြောင့်နဲ့  ရွှတ်ဆဲဆိုတာက ကုမ္ပဏီတွေမှာ ရာထူးတိုးတာကို ဆိုလိုတာဖြစ်ပါတယ်။

ဝန်ထမ်းတွေ အများကြီးထဲမှာမှ သူဌေး ၊ မန်နေဂျာ ၊ ဒါရိုက်တာ ဆိုပြီးတော့ နာမည်တွေပြောင်းသလို ဘုရိငါးလည်း ကြီးထွားလာတဲ့အခါမှာ နာမည်ပြောင်းလဲသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဘုရိငါးလိုမျိုးရာထူတိုးနိုင်ပါစေဆိုပြီး ဆုတောင်းတဲ့အဓိပ္ပာယ်နဲ့ ပါဝင်နေရတာဖြစ်ပါတယ်။

တိုင်းဆိုတဲ့ငါးက “めでたい” “မဲတဲတိုင်း “ ဆိုတဲ့စကားလုံးကနေလာတာဖြစ်ပါတယ်။

မဲတဲတိုင်းဆိုတဲ့ စကားလုံးက ဂုဏ်ယူပါတယ်၊ ဝမ်းသာပါတယ်လို့ ဂုဏ်ပြုချင်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒါကြောင့် ဂုဏ်ယူဝမ်းမြောက်စရာတွေရှိလာအောင်လို့ မဲတဲတိုင်းဆိုတဲ့စကားလုံးနဲ့တူတဲ့ တိုင်း ဆိုတဲ့ငါးကို စားသုံးရခြင်းဖြစ်ပါတယ်။

 

 

レンコンလန်ကွန်း

 

http://entermeus.com/128122/

မြန်မာနိုင်ငံမှာလည်း ကြာစွယ်ကို စားသုံးကြပါတယ်။ ကြာစွယ်မှာအပေါက်လေးတွေရှိတဲ့အတွက် ဘဝမှာလည်းတစ်ဖက်မှာရှိတဲ့ အနာဂတ်ကို ကြိုမြင်နိုင်တဲ့တာကြောင့် အလားအလာကောင်းတွေရှိနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

 

昆布巻き(こぶまき)ခွန်ဘုမခိ

 

http://entermeus.com/128122/

ခွန်ဘုဆိုတဲ့ပင်လယ်ရေညှိက “よろこんぶ” “ ယောရောခွန်ဘု” ဆိုတဲ့စကားလုံးကနေလာပါတယ်။ ယောရောခွန်းဘုရဲ့ ဝမ်းမြောက်ခြင်းဆိုတဲ့စကားလုံးနဲ့ ခွန်ဘုဆိုတဲ့ ရေညှိက အသံထွက်တူညီတဲ့အတွက်ကြောင့် ဝမ်းမြောက်စရာတွေအတွက် ရည်ရွယ်တဲ့အဓိပ္ပာယ်နဲ့ စားသုံးကြတာဖြစ်ပါတယ်။

 

海老 အဲဘိ (ပုစွန်)

 

SONY DSC

http://entermeus.com/128122/

ပုစွန်တွေက ခါးကနေပြီးတော့ ကွေးသွားတာကြောင့် အသက်ကြီးခါးကုန်းသွားတဲ့အထိ အသက်ရှည်ရှည်နေနိုင်ပါစေဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

 

အိုဆဲချိလျောရိ ကို ပျော်ရွှင်ခြင်းအမြောက်အမြားရရှိဖို့ ရည်ရွယ်ပြီး ချက်ပြုတ်ကြပါတယ်။

တစ်ချို့ကုန်ကြမ်းတွေက မြန်မာနိုင်ငံမှာလည်းရရှိနိုင်တဲ့အတွက် အစမ်းချက်ကြည့်ပြီးတော့ အဓိပ္ပာယ်ရှိရှိ သုံးဆောင်လို့ရပြီနော်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: