ငါးရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ခန်းဂျီး

ဂျပန်စာကို လေ့လာနေတဲ့သူတွေကို အောက်မှာပြထားတဲ့ ခန်းဂျီးတွေကို ဖတ်လို့ရလားလို့မေးကြည့်ချင်ပါတယ်။

http://www.zauo.com/tips/1385/

 

N1 ပြီးထားတဲ့သူတောင်မှ အကုန်လုံးကို ဖတ်လို့မရနိုင်လောက်ဘူးလို့ထင်ပါတယ်။

ဒါပေမယ့် ခန်းဂျီးရဲ့ အဓိပ္ပာယ်ကို နားလည်တဲ့သူဆိုရင်တော့ မှတ်သားရတာလွယ်ပါတယ်။

ဆူရှီဆိုင်တွေမှာ သုံးတဲ့ ခန်းဂျီးကို ဖတ်ပြီးတော့ အထာကျကျဆူရှီတွေကို မှာလိုက်ကြရအောင် !

 

 

ကစုအို  鰹(かつお)

http://www.myojin.co.jp/katsuo/k1_1/

 

မြန်မာနိုင်ငံမှာရော အဲ့လိုငါးမျိုးရှိပါသလား ?

ဂျပန်စာဖတ်နိုင်တဲ့သူဆိုရင် ခန်းဂျီးကိုသေချာကြည့်ထားပါနော်။

မာကျောတဲ့ငါးဆိုတဲ့ အဓိပ္ပါယ်ကိုရောသိကြပါသလား?

https://www.projectdesign.jp/201604/pn-kagoshima/002814.php

 

ဂျပန်မှာတော့ ကစုအိုဆိုတဲ့ငါးကို အခြောက်လှန်းပြီးတော့ မာကြောသွားတဲ့အခါမှာ အပြားလေးတွရအောင်ခြစ်လိုက်ပါတယ်။

အဲ့ဒီအခါမှာ ကစုအိုဘုဂျိ 鰹節(かつおぶし)လို့ခေါ်တဲ့စားစရာတစ်ခုအနေနဲ့ထွက်လာပါတယ်။

အဲ့ဒီကနေ ကစုအိုးကမာကြောတယ်ဆိုပြီးတော့ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဘယ်လောက်မာကြောလဲဆိုတော့ ဒယ်ပြားနဲ့ခေါက်ကြည့်ရင် ဒေါင် ဒေါင် ဒေါင် လို့တောင် အသံထွက်ပါတယ်။

 

 

 

ဆာဘ 鯖(さば)

 

 

https://www.zukan-bouz.com/syu/タイセイヨウサバ

 

ဒီငါးက မြန်မာနိုင်ငံမှာလည်းရှိမယ်လို့ထင်ပါတယ်။

ဆာဘတွေကအပြာ‌ရောင်ရှိတဲ့အတွက် ခန်းဂျီးကလည်း အပြာရောင်ငါးဆိုပြီး‌ရေးထားတာဖြစ်ပါတယ်။

 

 

ခရဲအိ 鰈(かれい)

 

https://tsurihyakka.yamaria.com/issues/イシガレイ

သူ့ပုံစံက သစ်ရွက်နဲ့တူတဲ့ငါး ဖြစ်ပါတယ်။ သင်ရောအဲ့လိုပဲမြင်တယ်မလား?

 

အိဝရှိ 鰯(いわし)

 

https://www.zukan-bouz.com/syu/マイワシ

 

ဒီငါးကိုတော့မြန်မာနိုင်ငံမှာ ငါးသေတ္တာလို့ခေါ်ပါတယ်။

အိဝရှိဆိုတာကတော့ အားနည်းတဲ့ငါးဆိုတဲ့ ခန်းဂျီးပဲဖြစ်ပါတယ်။ ချစ်စရာလေးနော်…..

အဲဒီငါးရဲ့အဆီကို စားလိုက်ရရင် အရမ်းအရသာရှိတယ်ဆိုပေမယ့် ချက်ချင်းနေလို့ထိုင်လို့မကောင်းဖြစ်စေပါတယ်။

ဒါကြောင့် အားနည်းတဲ့ငါးဆိုပြီးတော့ ဖြစ်လာတာပါ။

 

အဂျိ 鯵(あじ)

https://taberugo.net/3528

 

အဂျိရဲ့ အရသာအရှိဆုံးအချိန်ကို ပြောပါဆိုရင်တော့ ၃လပိုင်းပဲဖြစ်ပါတယ်။

ခန်းဂျီးမှာ ကို အခုဆန် ( 三 ) လို့ရေးကြပေမယ့် အရင်တုန်းကကိုဆန် ( 参 ) လို့ရေးခဲ့ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီငါးက အရမ်းကိုအရသာရှိတဲ့ ရာသီကို ဖော်ညွှန်းပြီးအသုံးပြုထားတာဖြစ်ပါတယ်။

 

စကားလုံးတစ်လုံးထဲမဟုတ်တဲ့ ငါးတွေကိုလည်းဖော်ပြပါမယ်။

 

စံမ秋刀魚(さんま)

https://suinaka.info/fishguide/sanma.html

 

ဂျပန်ရဲ့ ဆောင်းဦးရာသီမှာ စားကြတဲ့ငါးဖြစ်ပါတယ်။

ဆောင်းဦး ( 秋) မှာစားပြီးတော့ ဓား ( 刀) နဲ့တူတဲ့ငါး ဆိုတဲ့အတွက်ကြောင့် စံမ (秋刀魚) ဆိုပြီးဖြစ်လာတာဖြစ်ပါတယ်။

နာမည်ကအလန်းစားပဲနော်။

 

ဝကဆဂိ 公魚(わかさぎ)

 

ဆောင်းတွင်းရဲ့ ခဲနေတဲ့အင်းအိုင်တွေထဲမှာ အပေါက်လေးတွေဖောက်ပြီးတော့ငါးလေးတွေကို ဖမ်းရတာ အရမ်းကိုပျော်စရာကောင်းပါတယ်။

ဒါပေမယ့် အဲဒီငါးတွေက အရမ်းကိုသေးပါတယ်။

တန်ပူရာတို့ ကြက်ကြော်တို့နဲ့တွဲစားရတယ်ဆိုပေမယ့် ဖမ်းရတာခက်တဲ့အတွက် ဆာမူရိုင်းရဲ့‌ခေါင်းဆောင်ဖြစ်တဲ့ ရှိုးဂန်းတွေကိုဆက်သကြပါတယ်။

ရှိုးဂန်းဆိုတာက ဂျပန်တစ်ခုလုံးရဲ့  အင်အားအကြီးဆုံးလူဖြစ်ပါတယ်။ ဂေါ်ခိုးဂိ (ご公儀 ) လို့လည်းခေါ်ပါတယ်။

ဂေါ်ခိုးဂိ (ご公儀 ) ရဲ့ငါးဆိုတာကို အစွဲပြုပြီးတော့ ဒီခန်းဂျီးဖြစ်လာခဲ့ပါတယ်။

 

ဒီလိုပဲ ပုစွန်ကိုလည်း အဲဘိ( 蝦 ) ဆိုပြီးတော့‌ရေးပါတယ်။

ငါးမဟုတ်ပဲနဲ့ ပိုးကောင်လေးနဲ့တူတယ်လို့တွေးပြီးတော့ ဒီလို ခန်းဂျီးဖြစ်လာခဲ့တာဖြစ်ပါတယ်။

အဲဘိ ( 海老) လို့လဲရေးပြီးတော့ ခါးကိုင်းပြီးအသက်ကြီးတဲ့သူနဲ့တူတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။

 

တခြားခန်းဂျီးတွေလည်းအများကြီးရှိတဲ့အတွက်ကြောင့် အဓိပ္ပာယ်ကိုအရင်သိပြီးတော့ မှတ်သားမယ်ဆိုရင်

ပိုပြီးတော့စိတ်ဝင်စားဖို့မကောင်းဘူးလား ? ? ?

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: