Yes ကနေ No ဖြစ်သွားတဲ့ ဂျပန်ဘာသာစကား
ဂျပန်ဘာသာကို သင်ကြားနေတဲ့ သူက တွေဝေစေတဲ့ ဂျပန်ဘာသာစကားရဲ့ ဖော်ပြချက်ဖြစ်ပါတယ်။
အဲ့ဒီထဲမှာ တော်တော်လေးကို ရှုပ်ထွေးတဲ့ ပြဿနာက ဒီမှာပါ။
あなたは私のことが好きではないですよね?
မင်းကကိုယ်ကိုသဘောကျတာမဟုတ်ဘူးမလာ?
ကဲ…သင်ရောဘယ်လိုဖြေမလဲ ?
Yes ဒါမှမဟုတ် No လို့ဖြေတဲ့အခါမှာ သင်ဘယ်လိုဖြေမလဲ?
အကယ်၍သင်က သူကို သဘောကျတယ်ဆိုရင်ဘယ်လိုဖြေမလဲ?
အဖြေမှန်ကတော့……….
No! လို့ဖြေတာက အဖြေမှန်ပဲဖြစ်ပါတယ်။
ဒါက အင်္ဂလိပ် စတဲ့ ဘာသာစကားနဲ့ ဖော်ပြမယ်ဆိုရင် ပြောင်းပြန်ဖြစ်သွားပါတယ်။
သဘောကျတာမဟုတ်ဘူးမလား ? လို့မေးတဲ့ ပုံစံက သိပ်မကောင်းတဲ့ မေးခွန်းဖြစ်ပေမယ့် ဆန့်ကျင်တဲ့ မေးခွန်းပုံစံ အခြေအနေမှာ ဂျပန်ဘာသာနဲ့ အင်္ဂလိပ် ဘာသာက Yes နဲ့ No ဆိုရင်ပြောင်းပြန်ဖြစ်ပါတယ်။
မေးခွန်းကိုပြောင်းလဲ လိုက်မယ်ဆိုရင် ပုံမှန်အင်္ဂလိပ် ဘာသာစကားနဲ့ အတူတူပဲဖြစ်ပါတယ်။
あなたは私のことが嫌いですよね?
မင်းကိုယ်ကိုမုန်းတယ်မလား?
ဒီလိုဆိုရင် သဘောကျတယ်ဆိုရင် No ။ တကယ်မုန်းတယ်ဆိုရင်တော့ Yes။
ဒီလိုဆို OK
မေးခွန်းမှာဆန့်ကျင်တဲ့ ပုံစံပါလာရင် ရှုပ်ထွေးလာပါလိမ့်မယ်။
この話、あなたは理解できないですよね?
အဲ့ဒီစကားကိုမင်းနားမလည်နိုင်ဘူးနော်?
ကဲ သင်ရောဘယ်လို ဖြေမလဲ?