လက်ဝှေ့ပွဲအတွင်းညစ်ပတ်ခဲ့တဲ့ တရုတ်ကစားသမားကို ပညာရှိနည်းနဲ့တုံ့ပြန်လိုက်တဲ့ ဂျပန်ချန်ပီယံဟောင်း

တိုင်းပြည်ကိုကိုယ်စားပြုပြီးယှဉ်ပြိုင်တဲ့ ထိပ်တန်းကစားသမားကို တစ်ခဲနက်အားပေးကြတဲ့ပရိသတ်က ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ရှိပါတယ်။
ပွဲကြည့်ပရိသတ်တွေကလည်း မိမိနိုင်ငံကစားသမားကိုသာ အားပေးကြမှာဖြစ်ပြီး၊ တစ်ချို့ဒိုင်တွေကလည်း မိမိနိုင်ငံကိုယ်စားပြုကစားသမားကိုသာ အသားပေးဆုံးဖြတ်ချက်ချတာမျိုးတွေရှိပါတယ်။
ဒါပေမဲ့ ဒါဟာတော်တော်သရုပ်ပျက်ပါတယ်။

ဒီနေ့ပြောပြမယ့်အကြောင်းကတော့ လက်ဝှေ့ပွဲအတွင်း ဆိုးရွားစွာစည်းကမ်းချိုးဖောက်ခဲ့တဲ့ တရုတ်ကစားသမားအကြောင်းပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာ လက်ဝှေ့ပွဲတစ်ခုကိုကျင်းပသွားခဲ့ပါတယ်။ WBO (ကမ္ဘာ့လက်ဝှေ့အဖွဲ့အစည်း) ရဲ့ ကမ္ဘာ့ Flyweight ချန်ပီယံဟောင်းဖြစ်တဲ့ ဂျပန်လူမျိုးကစားသမား Sho Kimura နဲ့၊ တရုတ်ကစားသမားတို့ ကြိုးဝိုင်းအတွင်းမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပါတယ်။

ပွဲကဘယ်လိုဖြစ်သွားခဲ့သလဲဆိုရင်၊ Youtube မှာဗီဒီယိုတက်လာတဲ့အတွက် အရင်ကြည့်လိုက်ပါ။

စာဖတ်သူတို့လည်း မြင်လိုက်တယ်နော်?
ဒါ လက်ဝှေ့ပွဲမှဟုတ်ပါရဲလား?
ခြေထိုးပြီး လဲချတယ်၊ ကန်တယ်၊ ကိုင်ပေါက်တယ်။ ဒါဟာလက်ဝှေ့စည်းကမ်းကို ချိုးဖောက်ခြင်းဖြစ်ပါတယ်။

အဲ့ဒါထက် ရုပ်အပေါက်ဆုံးကတော့ round 2 မှာဖြစ်သွားခဲ့တယ်။
ခန္ဓာကိုယ်အရွယ်အစားသေးတဲ့ Sho Kimura ကိုမြောက်လိုက်ပြီး ခေါင်းကနေစောင့်ချလိုက်ပါတယ်။ ဒါဟာ MMA လိုမျိုးကိုယ်ခံပညာထဲမှာဖြစ်ဖြစ် အရမ်းနီးကပ်တဲ့ယှဉ်ပြိုင်မှုမှာဖြစ်ဖြစ် အန္တရာယ်ရှိလွန်းလို့ တားမြစ်ထားတဲ့ အကွက်တစ်ခုဖြစ်ပါတယ်။

အားကစားမှာတော့ ညစ်ပတ်တဲ့လုပ်ရပ်ဆိုတာ ရှိကြစမြဲပါ။ ဒါပေမဲ့ ဒီလောက်အထိ စေ့စေ့စပ်စပ်နဲ့ညစ်ပတ်တာမျိုးကတော့ အားကစားမဟုတ်တော့ပါဘူး။

ဒါနဲ့ပတ်သက်ပြီး Kimura ဟာစည်းကမ်းပြန်ချိုးဖောက်တာမျိုး မလုပ်ခဲ့ပါဘူး။

ပွဲကြည့်ပရိသတ်ထိုင်ခုံတွေကလည်း အားပေးသံတွေနဲ့ဆူညံနေခဲ့ပါတယ်။ …
ကိုယ့်နိုင်ငံကစားသမားက ဒီလိုရုပ်ဆိုးစွာနဲ့ယှဉ်ပြိုင်နေတာတောင် ဂုဏ်ယူအားပေးနိုင်သေးတာပဲလား?
Kimura ဘက်က ဒုတိယတစ်ခေါက်မှာ ဒီလိုအညစ်ပတ်ခံရလို့ ဒိုင်ကိုပွဲရပ်ပေးဖို့တောင်းဆိုပေမဲ့၊ ဒိုင်ဟာလျစ်လျူရှုခဲ့ပါတယ်။

 

ပွဲရဲ့ရလဒ်ကတော့ Kimura ဟာ ဆက်မထိုးဘဲပွဲဖျက်လိုက်လို့၊ တရုတ်ကစားသမားဟာ အနိုင်ရရှိတယ် ဆိုပြီးသတ်မှတ်လိုက်ပါတော့တယ်။
နားမလည်နိုင်တော့ဘူး…
ဒီအပြင် ခန်းမတစ်ခုလုံး အားရတက်ကြွနေတဲ့ချီးကျူးသံတွေထဲမှာ “ သတ်ပစ်!!” ဆိုတဲ့ စကားသံများလည်း ကြားလိုက်ရပါတယ်။

ဒီလက်ဝှေ့ပွဲရဲ့ အချက်အလက်တွေအပေါ် ကမ္ဘာ့မီဒီယာတွေကလည်း ဝေဖန်ကြတယ်။
ထုံးစံပါပဲ။ စည်းကမ်းမလိုက်နာရင် အားကစားမဟုတ်တော့ဘူး။ ဒါပေမဲ့ ကစားသမားတစ်ယောက်တည်းမဟုတ်ဘဲ၊ ပွဲကြည့်ပရိသတ်အပြင် ဒိုင်ကပါ အမှားကိုကျူးလွန်ကြတယ်။
ဒီလိုညစ်ပတ်တဲ့နိုင်ငံက ကစားသမားနဲ့ နောက်တစ်ကြိမ် ယှဉ်ပြိုင်ချင်စိတ်မရှိတော့တာလည်း မထူးဆန်းပါဘူး။
တရုတ်နိုင်ငံရဲ့အားကစားလောကကို ကမ္ဘာကအယုံအကြည်မရှိတော့ပါဘူး။

အဲ့ဒီတစ်ဖက်မှာလည်း Kimura ဟာ အရှုံးသမားလိုဆက်ဆံခံလိုက်ရပေမဲ့၊ Twitter ပေါ်မှာ ဒီလိုမှတ်ချက်ပေးခဲ့ပါတယ်။

“ ကံကောင်းထောက်မစွာနဲ့ ဒဏ်ရာမရခဲ့သလို၊ ခန္ဓာကိုယ်လည်း ဘာမှမဖြစ်သွားပါဘူး။
ဒါပေမဲ့ ကမ္ဘာတစ်ဝှမ်းကဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် မကောင်းတဲ့လူရှိရင် ကောင်းတဲ့လူလည်းရှိမယ်။
ရိုးသားတဲ့လူရှိရင်၊ ယုတ်မာတဲ့လူလည်းရှိမယ်။
ဒီကိစ္စမှာ တရုတ်လူမျိုးတွေအပေါ် အမုန်းမပွားစေချင်ပါဘူး။” …တဲ့..

ချန်ပီယံဟောင်းဖြစ်သူတစ်ယောက်၊ လူသားဆန်မှုဟာဘာလဲဆိုတာကို ပြသပေးလိုက်ပါတယ်။

ဘာကြောင့်ဒီလိုတွေဖြစ်လာသလဲဆိုရင်၊ လက်ဝှေ့ကစားသမားအချင်းချင်းဖြစ်လို့ လက်ဝှေ့စည်းကမ်းအတိုင်းပဲ ထိုးသတ်ဖို့ချမှတ်ထားတဲ့ အားကစားပွဲတစ်ခုသာဖြစ်ပါတယ်။
ဒါပေမဲ့ ပြိုင်ပွဲမစခင် မိနစ် ၃၀ အလိုမှာ တရုတ်ကစားသမားဘက်က ကိုယ်သဘောနဲ့ကိုယ် “ တရုတ်ကွန်ဖူး vs ဂျပန်လက်ဝှေ့” ဆိုပြီး စည်းကမ်းကိုလက်တစ်လုံးခြားလုပ်ချသွားခဲ့တယ်။

သေချာတာပေါ့ ဒီစည်းကမ်းဟာ အဓိပ္ပါယ်ကိုမရှိပါဘူး။
ဒီထက်ဆိုးတာကတော့ ပွဲကြည့်ပရိသတ်နဲ့ဒိုင်ပါ။
ကစားသမားက အနိုင်ရချင်တဲ့စိတ်နဲ့ မဖြစ်နိုင်တာတွေ လုပ်နေတာကို မသိစရာအကြောင်းမရှိပါဘူး။
ဒါကိုတားမြစ်ဖို့က ဒိုင်ရဲ့တာဝန်ဖြစ်ပြီး၊ အဲ့ဒီလိုညစ်ပတ်တဲ့အခြေအနေကိုအားပေးပြီး “ သတ်ပစ်!” ဆိုပြီးတော့ပါ အော်ဟစ်နေတဲ့ ပရိသတ်တွေက ရူးနေတာများလား…

ဒီကိစ္စဟာ ခြေတစ်လှမ်းမှားတာနဲ့ အသက်ပါအန္တရာယ်ရယ်ရှိနိုင်ပါတယ်။
ဒါမျိုးနောက်တစ်ကြိမ်မဖြစ်ရအောင် စည်းကမ်းစနစ်တကျနဲ့လုပ်ဖို့လိုအပ်သလို၊ ဒီလိုပြင်ဆင်မှုမလုပ်နိုင်သေးသရွေ့ကတော့ တရုတ်နိုင်ငံရဲ့ အားကစားလောကတစ်ခုလုံးကို ကမ္ဘာကရှောင်ကြဉ်သွားကြလိမ့်မယ်။…

အချင်းချင်းထိုးသတ်ပြီးယှဉ်ပြိုင်တယ်ဆိုရင်တောင်မှ အားကစားကိုတော့ အားကစားအဖြစ်နဲ့ပဲမြင်သင့်ပါတယ်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: