ဆူမိုပြိုင်ပွဲဝင်နေရင်း ခါးစည်းကျွတ်ပြီး ဝတ်စလစ်ဖြစ်သွားရင်၊ ဘယ်လိုဖြစ်မလဲ?
ဂျပန်ဆန်တဲ့အရာကိုပြပါဆိုရင် အများကြီးရှိပေမဲ့၊ အဲ့ဒီထဲမှာ ဆူမိုဆိုတဲ့ အမျိုးသားအားကစားတစ်ခုရှိပါတယ်။
မြေကြီးပေါ်က စည်းဝိုင်းအတွင်းမှာ၊ Mawashi လို့ခေါ်တဲ့ ခါးစည်းဘောင်းဘီကိုသာ ဝတ်ဆင်ပြီးတိုက်ခိုက်ရတဲ့ အမျိုးသားပြိုင်ပွဲဖြစ်ပါတယ်။
https://chigai-allguide.com/力士と関取/
မူလက နတ်ဘုရားကိုပူဇော်တဲ့ ထုံးတမ်းအစဉ်အလာကနေ ဆင်းသက်လာတဲ့ ဆူမိုရဲ့သမိုင်းဟာ၊ ဒဏ္ဍာရီလာခေတ်ကိုပြန်ရောက်သွားလောက်အောင် ရှေးခေတ်ကတည်းက ဂျပန်မှာအမြစ်တွယ်နေတဲ့ယဉ်ကျေးမှုဖြစ်ပါတယ်။
ဆူမိုရုပ်ပုံတွေနဲ့ ဗီဒီယိုတွေကြည့်ဖူးသူတွေကတော့၊ ဒီအရာတစ်ခုကိုတွေးမိကြမယ်လို့ထင်တယ်။
အဲ့ဒီ Mawashi(ဆူမိုခါးစည်း) ကျွတ်ကျသွားရင်၊ အရှက်ပေါ်သွားမှာပဲမဟုတ်လား? ဆိုပြီး…
ဆူမိုကိုဂျပန်မှာ နာမည်အကြီးဆုံးအသံလွှင့်ဌာနဖြစ်တဲ့ NHK ဟာ အကြိမ်တိုင်းတိုက်ရိုက်ထုတ်လွှင့်တယ်။
ဆိုလိုတာက ခါးစည်းကျွတ်ကျပြီး အမျိုးသားအောက်ပိုင်းက ဘွားကနဲ ပေါ်လာခဲ့ရင်တော့ ထုတ်လွှင့်မှုမတော်တဆဖြစ်ပြီပဲ..
အပေါ်ကဓါတ်ပုံကိုကြည့်ရုံနဲ့ သိလောက်မှာပါ။ ရှိသမျှအားအကုန်ဖြင့် တစ်ယောက်နဲ့ တစ်ယောက်ဆွဲနေကြတယ်။ ဟုတ်ပါတယ်။ ခါးစည်းကလွဲပြီး တစ်ခြားဆွဲကိုင်လို့ရမယ့်နေရာလည်းမရှိပါဘူး…
တကယ်တော့ဒါမှာ အသေအချာချမှတ်ထားတဲ့ စည်းမျဉ်းရှိနေပါတယ်။
ခါးစည်းကျွတ်ကျသွားတဲ့လူဟာ 不浄負け မသန့်ရှင်းတဲ့အရှုံး ဆိုတဲ့နာမည်နဲ့ ဆိုးဆိုးရွားရွားရှုံးနိမ့်သွားမှာပဲဖြစ်ပါတယ်။
မသန့်ရှင်းဘူးဆိုတာက တစ်နည်းအားဖြင့် ညစ်ညမ်းတဲ့အရာ လို့ပြောတဲ့ရှုံးနိမ့်မှုခေါ်ပုံဖြစ်ပါတယ်။
အရှက်ရသွားမှာတင်မကဘဲ၊ ဒီလိုအရှက်တရားနဲ့ရှုံးနိမ့်ခဲ့တာကလည်း မှတ်တမ်းတင်ခံရအုံးမှာပါ။
ဒါဖြင့်၊ ပြိုင်ဘက်ရဲ့ ခါးစည်းကိုချွတ်မယ့် ဗျူးဟာဆိုရင်ရော? ဟဲဟဲ ဒီလိုညစ်ပတ်လို့လည်းမရပါဘူး။
ရည်ရွယ်ချက်ရှိရှိ ခါးစည်းကိုချွတ်တဲ့လုပ်ရပ်ကလည်း အတူတူပါပဲ။ မသန့်ရှင်းတဲ့အရှုံး ဆိုပြီးသတ်မှတ်လိုက်မှာဖြစ်ပါတယ်။
ဒီလိုရှားပါးဖြစ်စဉ်မျိုးတော့ ဖြစ်မှာမဟုတ်ဘူးလို့တွေးမိနိုင်ပေမဲ့၊ တကယ်တော့ သမိုင်းမှာရှိခဲ့ပါတယ်။
မှတ်တမ်းတင်ခံရတာကတော့ ၁၉၁၇ ခုနှစ်မှာ ၁ ကြိမ်၊ နောက်ပြီး မကြာသေးတဲ့ ၂၀၀၀ ခုနှစ်မှာလည်း ၁ ကြိမ်၊ ဝတ်စလစ်ဖြစ်သွားတဲ့မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။
ဆူမို Mawashi ခါးစည်းက ၉ မီတာလောက်ရှည်တဲ့အဝတ်ဖြစ်ပြီး၊ ဒါကိုရှိသမျှအားအကုန်ထည့်ပြီး ပတ်ထားရပါတယ်။
ဒါပေမဲ့ အဲ့ဒီလိုပဲ ပြိုင်ဘက်က Mawashi ကိုဆုပ်ကိုင်ပြီးပစ်ပေါက်လွယ်တဲ့အနေအထားမျိုးလည်း ရှိတာကြောင့်၊ ရည်ရွယ်ချက်ရှိရှိ ဖြေလျော့လိုက်တဲ့လူတွေလည်းရှိကြတယ်။
ထုံးစံအတိုင်း လျော့ရဲရဲပတ်ထားတဲ့လူကို ကြည့်ရှုသူများက ဝေဖန်ကြပါတယ်။
Showa သမိုင်းမှာကျန်ရှိတဲ့ နာမည်ကြီးချန်ပီယံ Chiyonofuji Mitsugu ဆိုရင်၊ အဲ့ဒီခါးစည်းကကျွတ်ကျတော့မယ့်ပုံမျိုး မမြင်ရလောက်အောင်၊ အမြဲတမ်းတင်းတင်းကြပ်ကြပ် စည်းထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။
https://www.esquire.com/jp/lifestyle
လျော့ရဲရဲနဲ့စည်းထားရင်တော့ သေချာပေါက်ဝေဖန်ခံရမှာပါ။
ဝတ်စလစ်ဖြစ်သွားခဲ့ရင် ရှက်စရာကြီး၊ တစ်နိုင်ငံလုံးကို ထုတ်လွှင့်ပြသလိုက်သလိုဖြစ်သွားမယ်၊ အရှက်တရားနဲ့ မသန့်ရှင်းတဲ့ရှုံးနိမ့်ခြင်းက သမိုင်းမှာကျန်ခဲ့မယ်… စတဲ့ဒီလိုတွေဖြစ်လာမှာမို့လို့ Mawashi ခါးစည်းကို သေသေချာချာလေး စည်းဖို့လိုအပ်ပါတယ်။ …
စကားမစပ် ဂျပန်ဘာသာစကားမှာ “ まわしを締めて” ဆိုတာက အားအင်ရှိသမျှကိုထည့်သွင်းတယ် ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လည်းတက်ကြွစွာနဲ့ “ まわしをしっかりと締めて” အားအင်ရှိသမျှစိုက်ထုတ်ပြီး အလုပ်ကြိုးစားရအောင်နော်….!
Kengo Abe