တစ်ချိန်ကဂျပန်မှာရှိခဲ့တဲ့ ကြီးမားတဲ့ဆင်ခြေလျှောကြီးတစ်ခု !!!

လက်ရှိဂျပန်ရဲ့စီးပွားရေးက အချိန်ကြာမြင့်စွာရပ်တန့်နေပေမဲ့၊ ဒီမတိုင်ခင်တုန်းကတော့ ကမ္ဘာ့ဒုတိယအဆင့်ရှိ စီးပွားရေးနိုင်ငံကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
စီးပွားရေးအားကောင်းခဲ့တာကြောင့် အခုစဉ်းစားကြည့်ရင် “ ရူးနေတာများလား?” လို့တွေးမိသွားစေနိုင်တဲ့အရာတစ်ခု ပေါ်လာခဲ့ဖူးပါတယ်။

၁၉၉၃ ခုနှစ်၊ Chiba စီရင်စု၊ Funabashi မြို့မှာပေါ်ပေါက်လာခဲ့တဲ့ ဒီထူးဆန်းတဲ့ဆင်ခြေလျှောကြီး !!!
ဘာလုပ်တဲ့အဆောက်အဦးလဲဆိုတာ စာဖတ်သူတို့သိပါသလား?

https://dime.jp/genre/1221800/

SSAWS လို့နာမည်ပေးထားတဲ့ဒီအဆောက်အအုံရဲ့ ဘေးဘက်ကဓါတ်ပုံမှာပါတဲ့ ကားတွေရဲ့အရွယ်အစားကိုကြည့်လိုက်ရင် ဒီအဆောက်အအုံက ဘယ်လောက်တောင်ကြီးနေလဲဆိုတာ စာဖတ်သူတို့မျက်မှန်းတန်းမိမယ်လို့ထင်ပါတယ်။

SSAWS ရဲ့ အရှည်ကောက်နာမည်ကတော့ Spring Summer Autumn Winter in Snow ဖြစ်ပါတယ်။
ဟုတ်ပါတယ်၊ ဒီနေရာက တစ်နှစ်ပတ်လုံးနှင်းကျနေပြီး၊ စကိတ်စီးနိုင်တဲ့အဆောက်အအုံဖြစ်ခဲ့တာပါ။

အဲ့ဒီအချိန်အသက် ၂၀ လူငယ်လေးတစ်ယောက်ဖြစ်တဲ့ကျွန်တော်တောင် ကောင်းကောင်းမှတ်မိပါသေးတယ်။
စကိတ်စီးခြင်းဟာ ခေတ်စားခဲ့ပါတယ်။

ဖက်ရှင်ကျတဲ့ စကိတ်စီးဝတ်စုံတွေနဲ့ တောက်ပြောင်တဲ့နှင်းလျှောစီးဘုတ်ကိုကိုင်ပြီး ကိုယ်ပိုင်ကားနဲ့စကိတ်ကွင်းကိုသွားကြတာဟာ အရမ်းမိုက်တဲ့လူငယ်တွေလုပ်ခဲ့တဲ့အရာဖြစ်ပါတယ်။
ကျွန်တော်လည်း အဲ့လမ်းကြောင်းပေါ်ရောက်သွားပြီး၊ ယန်းသောင်း ၂၀ လောက်အကုန်အကျခံကာ စကိတ်စီးဖို့အတွက်ပြင်ဆင်ခဲ့တာကို မှတ်မိနေပါသေးတယ်။
အတော်လေးဟန်ကျပြီး အပန်းရောင်တောက်တောက်စကိတ်ဘုတ်ကိုစီးခဲ့တာပေါ့

ဒါပေမဲ့ စကိတ်စီးတဲ့နေရာမှာ ပြဿနာကြီးရှိခဲ့ပါတယ်။
ပထမတစ်ခုက စကိတ်စီးနိုင်တဲ့နေရာက နယ်မြို့မှာပဲရှိခြင်းဖြစ်ပါတယ်။
ဟုတ်တယ်နော်..
မြို့ပေါ်မှာနှင်းအဲ့ဒီလောက်မကျသလို၊ စကိတ်စီးမယ့်နေရာကိုလုပ်ဖို့ တောင်ရော၊ ကုန်မြင့်ဆိုတာရော မရှိပါဘူး။
စကိတ်စီးချင်တာတောင် စကိတ်ကွင်းအထိသွားရတာက ပင်ပန်းလို့သိပ်ပြီးမသွားနိုင်ကြပါဘူး။

နောက်တစ်ခုကတော့ ဆောင်းရာသီမှာပဲစကိတ်စီးနိုင်ခြင်းဖြစ်ပါတယ်။
ဒါလည်းစဉ်းစားကြည့်ရင်ဟုတ်ပါတယ်။

အဲ့ဒါကို “ ငွေအင်အားနဲ့တစ်ခုခုလုပ်ရအောင်” ဆိုပြီးဆောက်လိုက်တာကတော့ ဟောဒီ SSAWS ဖြစ်ပါတယ်။
စိတ်ကူးက အများနဲ့မတူ တစ်မူထူးခြားနေတယ်။
မိုးလုံလေလုံနှင်းလျှောစီးအပန်းဖြေစခန်းလေးတစ်ခု ယခင်ကလည်းရှိခဲ့ပေမဲ့၊ ထိုစကိတ်ကွင်းကတော့ ဆင်ခြေလျှောလို့ဖြစ်မနေတဲ့အတွက် အရှိန်နဲ့စီးလို့မရသလို၊ အကွာအဝေးလည်းတိုလို့ သိပ်ပြီးစိတ်ဝင်စားဖို့မကောင်းခဲ့ပါဘူး။

ဒီနေရာကတော့ အမြင့် 100m တောင်ရှိပါတယ်။
ဒါကဘယ်လောက်တောင်မြင့်လဲလို့ပြောရရင်၊ တိုက်အလွှာပေါင်း ၃၀ စာအမြင့်ကနေ အောက်ကိုလျှောဆင်းသွားတဲ့ပုံစံမျိုးဖြစ်ပါတယ်။

ဆင်ခြေလျှော၏အရှည်သည် ၄၉၀ မီတာနဲ့ အကျယ်မှာ ၁၀၀ မီတာရှိပါတယ်။


https://www.moneypost.jp/509454

အထူးသဖြင့် ဒီကြီးမားတဲ့အဆောက်အအုံရဲ့ ဆောက်လုပ်မှုကုန်ကျစရိတ်ဟာ ထိုအချိန်ရဲ့ငွေကြေးအားဖြင့် ယန်း ၄၅ ဘီလီယံ ကုန်ကျခဲ့ပါတယ်။
ထိုနှစ်အတွက် ဂျပန်ရဲ့နိုင်ငံတော်ဘတ်ဂျက်နဲ့အသုံးစရိတ်ဟာ ယန်း ၂၇၇.၃ ဘီလျံခန့်ဖြစ်တာကြောင့်၊ ၎င်းဟာနိုင်ငံ့ဘတ်ဂျက်ရဲ့ ၆ ပုံ ၁ ပုံအချိုးကျခဲ့ပါတယ်။
ကမ္ဘာ့ဒုတိယအဆင့်ရှိ စီးပွားရေးနိုင်ငံတော်ကြီးရဲ့ နိုင်ငံ့ဘတ်ဂျက် ၆ ပုံ ၁ ပုံကိုသုံးစွဲထားတဲ့ အဆောက်အအုံတစ်ခုပဲဖြစ်ပါတယ်။
သို့သော်လည်း ပုဂ္ဂလိကအင်အားဖြင့်လုပ်ခဲ့တာပါ။

ဒါကိုဆောက်လုပ်ခဲ့တာကတော့ လက်ရှိအချိန်ထိရှိနေသေးတဲ့ ဂျပန်ရဲ့ထိပ်တန်းအိမ်ခြံမြေအကျိုးဆောင်တစ်ခုဖြစ်သော Mitsui Fudosan ကုမ္ပဏီကဆောက်လုပ်ခဲ့ပါတယ်။
တကယ်လားဆိုတာတော့မသိပေမဲ့၊ Mitsui Fudosan ဘက်ကနေဒီလိုစကားကို ကြားခဲ့ပါတယ်။

ရေခဲကို နှင်းဖြစ်အောင်လုပ်နိုင်တဲ့စက်ရှိတယ်လို့ ကြားဖူးမိလို့
အဲ့ဒါဆိုရင်တော့ “ စကိတ်ကွင်းဖန်တီးရအောင်လား?” ဆိုတာကနေအစပြုခဲ့တဲ့
ပရောဂျက်ဖြစ်ပါတယ်။

တကယ်များဖြစ်နေမလား? ပရောဂျက်အတွက် ယန်း ၄၅ ဘီလီယံတောင်သုံးထားပါတယ်။

လက်တွေ့မှာအောင်မြင်ခဲ့တဲ့ SSAWS ကို၊ ကျွန်တော်ကိုယ်တိုင်လည်းသွားဖူးပါတယ်။
နွေခေါင်ခေါင်ကြီး မိုးလုံလေလုံအခန်းတွင်းမှာ အပူချိန် အနုတ် ၄ ဒီဂရီအထိထားပြီး၊ အပေါ်ကနေ နှင်းတုများကိုရွာကျစေတယ်။
နှင်းတွေအရည်ပျော်ပြီး အစိုင်အခဲရေခဲများဖြစ်သွားရင်တော့ လျှောဆင်းဖို့ခက်ခဲနိုင်ပေမဲ့၊ ဒီလိုမဖြစ်စေဖို့ရေနုတ်မြောင်းကို အထူးဒီဇိုင်းထုတ်ထားပါတယ်။
သေချာပေါက် လျှောဆင်းတဲ့အခါ ဘာပြဿနာမှမရှိတော့ပါဘူး။
ဒီနှင်းအတုပြုလုပ်တဲ့စက်ဟာ 100㎡ မှာ 20cm ရဲ့နှင်းကိုစုမိလာဖို့ ဘတ်ဂျက်ယန်း ၁ သန်းမှ ယန်း ၂ သန်းကုန်ကျခဲ့ပါတယ်။

ဝင်ကြေးနဲ့ ၂ နာရီကြာလျှောစီးနိုင်မယ့်လက်မှတ်ကိုတော့ ယန်း ၅၉၀၀ သတ်မှတ်ပါတယ်။
ဈေးကြီးပေမဲ့လည်း၊ နယ်အထိသွားရမှာထက်စာရင် ဒါကသက်သာပါတယ်။

သို့သော်လည်း၊ လမ်းပေါ်မှာယာဉ်ကြောပိတ်ဆို့မှုကလည်းအရမ်းကြောက်စရာကောင်းလို့ကားနဲ့တောင် တော်တော်နဲ့မရောက်နိုင်ခဲ့ပါဘူး။

နောက်ပြီး၊ ဘာပဲဖြစ်ဖြစ်သဘာဝနှင်းလျှောစီးအပန်းဖြေစခန်းလောက်မကြီးသလို၊ တောင်စောင်းကမတ်စောက်လွန်းတာမဟုတ်ပါဘူး။
နည်းနည်းလေးချော်လဲသွားတာနဲ့ ငြီးငွေ့သွားတတ်တဲ့လူ့စိတ်ကလည်း စိတ်မကောင်းစရာပဲနော်…။

အလွန်များလွန်းတဲ့လျှပ်စစ်မီးဖိုးနဲ့ မြေနေရာဖိုး၊ ဒီအပြင် လှပသေသပ်စွာရိုက်ကူးထားတဲ့တီဗွီကြော်ငြာတွေလို ကြော်ငြာစရိတ်တွေကြောင့်များလားတော့မသိ၊ ဒီအဆောက်အဦးကို ၂၀၀၂ ခုနှစ်မှာ ပိတ်လိုက်ရပါတယ်။
လက်ရှိမှာထိုအဆောက်အဦးဖြိုချလိုက်တာကြောင့် ပုံစံမရှိတော့ပါဘူး။
စကားမစပ် အဆောက်အဦးဖြိုချစာရိတ်ကလည်း ယန်း ၄ ဘီလီယံလောက်ကုန်ကျခဲ့ပြီး၊ Mitsui Fudosan အနေနဲ့ ဒီလုပ်ငန်းမှာ ယန်း ၃၅၅ ဘီလီယံဆုံးရှုံးခဲ့ပါတယ်။
ဂျပန်ရဲ့ နိုင်ငံတော်ဘတ်ဂျက်ကိုကျော်လွန်ပြီးအရှုံးပေါ်နေတာတောင် ကုမ္ပဏီဆက်လက်ရှင်သန်နိုင်တာက အရမ်းအံ့သြစရာကောင်းလွန်းပါတယ်…

တစ်ချိန်က ထိုဖြိုချလိုက်တဲ့ဒီအဆောက်အအုံကို အရှေ့အလယ်ပိုင်းဆီသယ်ဆောင်သွားမယ်ဆိုပြီး ဆွေးနွေးပြောဆိုကြတာလည်းရှိခဲ့ပါတယ်။
သို့သော်တကယ်တော့ ဖြစ်မလာပါဘူး။

လွန်ခဲ့တဲ့နှစ် ၃၀ မတိုင်ခင်ကဂျပန်နိုင်ငံဟာ ဒီလိုရူးသွပ်ဖွယ်အရာတွေကိုဖန်တီးနိုင်ခဲ့တဲ့ စီးပွားရေးတောင့်တင်းသောနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပေမဲ့၊ လက်ရှိတော့ ထိုအခြေအနေကိုပြန်ရောက်ဖို့ မျှော်လင့်နေရဆဲအခြေအနေမှာရှိပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: