အိုလံပစ်မှာ လူတွေအံ့သြတကြီးအဖြစ်ဆုံးက GUNDAM အရုပ်လား?

ဂျပန်နိုင်ငံဟာ အနီမေးရှင်းဘက်မှာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအနေနဲ့ နာမည်ကြီးပြီး ကမ္ဘာတစ်ဝှမ်းကလည်း ဂျပန်နိုင်ငံရဲ့ အနီမေးရှင်းလက်ရာများစွာကို နှစ်သက်ကြပါတယ်။
အဲ့ဒီထဲကမှ စက်ရုပ်အနီမေးရှင်းမှာ နံပါတ်တစ် ပြေးနေတာကတော့ GUNDAM ပါ။
ကျွန်တော်လည်း အဲ့ဒီအနီမေးရှင်းကို ကြိုက်ပါတယ်။

ဒီ GUNDAM က အိုလံပစ်မှာလည်း အလွန်အာရုံစိုက်ခံနေရပါတယ်။
တိုကျိုရဲ့ အိုဒိုင်းဘမှာ ဒီလို GUNDAM စက်ရုပ်ကို ထောင်ထားပါတယ်။

https://www.walkerplus.com/article/162882/

တကယ့်စက်ရုပ်လိုကြီးမားပြီးတော့ အမြင့် ၂၀ မီတာလောက်ရှိတဲ့
GUNDAM Unicorn စက်ရုပ်ကြီးပါ။

ဒီအရုပ်က အိုလံပစ်အားကစားထုတ်လွှင့်မှုမှာ ဒီလိုမျိုး ပါလာခဲ့ပါတယ်။

https://twitter.com/Naldoxx/status/

https://tr.twipple.jp/h/8b/d1/%23トライアスロンxガンダム.html

ကြည့်ရှုသူတွေဟာ
ဟင် !! အဲ့ဒါဘာလဲ!!
ဆိုပြီး ဖြစ်သွားမယ်ထင်ပါတယ်။
ပိုပြီး ထူးခြားတာက ဒီအရုပ်က အနီမေးရှင်းအတိုင်း အဖြေပြန်ဖြေကြားမျိုးလုပ်တာပဲဖြစ်ပါတယ်။
အပေါ်က ဓာတ်ပုံ ၂ ပုံက GUNDAM ပုံပဲဖြစ်ပေမယ့် စကားပြန်ဖြေတာက ကွဲပြားပါတယ်။

အောက်ပုံက သာမန် Unicorn Mode။
အပေါ်ပုံက တကယ့်ကို တိုက်ခိုက်မယ့် Destroy Mode ဖြစ်ပါတယ်။

Youtube မှာ သွားကြည့်ချင်တဲ့သူတွေကတော့ ဒီကနေ ကြည့်နိုင်ပါတယ်။

ပုံပြောင်းတာနဲ့ အလင်းထွက်တာမျိုး လုပ်နိုင်တာကြောင့် အဝေးကနေ ကြည့်ရင်ကို ပေါ်လွင်ထင်ရှားပါတယ်။


https://twitter.com/rozlatiff/status/1422861126446977025/photo/1

 

ပြည်ပသတင်းထောက်တွေအချို့က Transformer လို့ မှားယွင်းခေါ်ဝေါ်ခဲ့တဲ့အတွက် ဝေဖန်ခံရတာမျိုးလည်းရှိပါတယ်။

ဟင်?
အိုလံပစ်ကစားသမားတွေထက် ဒီစက်ရုပ်တွေက ပိုပြီး နာမည်ကြီး နေတာမဟုတ်ဘူးလားနော်?
ဒီ GUNDAM က အိုလံပစ်အတွက် အလှဆင်ထားတာမဟုတ်ဘဲ အိုဒိုင်းဘမှာ အမြဲရှိနေတဲ့အရာဖြစ်တဲ့အတွက် ကိုရိုနာပြီးတဲ့အချိန် ဂျပန်နိုင်ငံကို လာတဲ့အခါ သေချာပေါက် လာကြည့်ကြည့်ပါနော်။
သေချာတာကတော့ ဒီအရုပ်ကို ကြည့်ပြီး အိမ်ပြန်တဲ့အချိန် GUNDAM ပလတ်စတစ်ပုံစံငယ်အရုပ် ဝယ်ချင်လာပါလိမ့်မယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: