အိုလံပစ်ရဲ့နောက်ကွယ်ကအရှုပ်တော်ပုံနှင့် ထာဝရဖျက်သိမ်းဖို့ တောင်းဆိုခဲ့တဲ့ဆန္ဒပြမှုပေါ်ပေါက်ခဲ့!!! ထိုတောင်းဆိုမှုက ?

၂၀၂၁ ခုနှစ် ၈ လပိုင်း ၈ ရက်နေ့။
နောက်ဆုံးမှာတိုကျိုအိုလံပစ်ဟာ ပြီးဆုံးသွားခဲ့ပါပြီ။
၂၀၂၀ ခုနှစ်အတွက်စီစဥ်ထားရာကနေ ၁ နှစ်ခန့်ရွေ့ဆိုင်းခဲ့ကြပြီး၊ ကိုရိုနာရဲ့ကူးစက်မှုကတော့လျော့မသွားသော်လည်း၊ အိုလံပစ်ကိုအတင်းအကြပ်ကျင်းပခဲ့ကြပါတယ်။
ဒါဟာလည်း အန္တရာယ်ကင်းစွာနဲ့ပြီးဆုံးသွားပြီလို့ထင်ခဲ့ပေမဲ့၊ တိုက်ပွဲကတော့ အဲ့ဒီကနေအစပြုခဲ့ပါပြီ…..။

ပိတ်သိမ်းပွဲအခမ်းအနားကိုကျင်းပတဲ့ အမျိုးသားအားကစားကွင်းကနေ မီတာ ၃၀၀ လောက်ဝေးတဲ့ မင်းသား Chichibu အောက်မေ့ဘွယ်ရာရပ်ဘီအားကစားကွင်းအနီးမှာ လူပေါင်း ၁၀၀ ကျော်ဟာစုဝေးပြီး၊ အိုလံပစ်ဖျက်သိမ်းမှုကိုတောင်းဆိုဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။

https://gunosy.com/articles/epG2c?s=s

အခမ်းအနားပိတ်သိမ်းပွဲကိုကျင်းပနေတဲ့ အမျိုးသားအားကစားကွင်းကိုတော့ အနားကပ်ခွင့်တောင်မပြုထားတဲ့အတွက်၊ အနည်းငယ်ဝေးတဲ့နေရာမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
သူတို့ ဘာကိုတောင်းဆိုလဲဆိုတာ သိပါသလား?

သူတို့တောင်းဆိုတဲ့အရာကတော့ တိုကျိုအိုလံပစ်သာလျှင်မဟုတ်ဘဲ၊ အိုလံပစ်ဆိုတဲ့အရာကို လုံးဝဖျက်သိမ်းပစ်စေချင်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

မူလကငြိမ်းချမ်‌ရေးပွဲတော်အဖြစ်ကျင်းပရာကနေအစပြုခဲ့တဲ့ အိုလံပစ်ဟာလည်း အတိုင်းအတာတစ်ခုအထိကြီးထွားလာသည်နှင့်အမျှပဲ၊ ၎င်းကိုလည်ပတ်ဖို့ငွေကြေးဟာ ပမာဏများများစာစားဖြစ်လာခဲ့ပါတယ်။
တိုကျိုအိုလံပစ်ရဲ့ စုစုပေါင်းဘတ်ဂျက်ဟာ ယန်း 164,400,000,000 ဖြစ်ပါတယ်။
ကိုရိုနာကူးစက်ကာကွယ်ခြင်းအတွက်အသုံးပြုစာရိတ်တောင်မပါဘဲ၊ များလှတဲ့ဒီငွေပမာဏဟာ သံသယဖြစ်စရာကောင်းနေပါတယ်။

ငြိမ်းချမ်းရေးပွဲတော်အဖြစ် ကမ္ဘာတစ်ဝှမ်းရှိနိုင်‌ငံတွေမှာ အကောင်အထည်ဖော်လုပ်ဆောင်နေပေမဲ့၊ ဒါဟာဖွံ့ဖြိုးပြီးနိုင်ငံတွေသာလျှင် ကျင်းပနိုင်တဲ့အတိုင်းအတာဖြစ်ပါတယ်။
(ဖွံ့ဖြိုးဆဲနှင့် မဖွံ့ဖြိုးသေးနိုင်ငံများအတွက်တော့ မျှော်လင့်ချက်တောင်မရှိပါ)
အဲ့ဒီငွေတွေရဲ့ စီးဆင်းမှုကအထူးသဖြင့် ဒီတစ်ခေါက်တော့ တော်တော်လေးထူးဆန်းပါတယ်။

တိုကျိုတင်ဒါအတွက်အသုံးပြုငွေ ယန်း 900,000,000

https://mainichi.jp/articles/20200404/ddm/035/050/123000c

မြို့ကြီးအတော်များများက ကိုယ်စားလှယ်လောင်းနေရာရွေးချယ်ခြင်းကိုစတင်ခဲ့တယ်။
တိုကျိုအိုလံပစ်ဖိတ်ခေါ်ခြင်းအတွက် ကုန်ကျငွေက ယန်းသောင်း ၉၀၀၀ လို့ပြောပါတယ်။
အိုလံပစ်ကော်မတီအတွင်း ဒီလောက်ငွေပမာဏကိုထည့်ဝင်ပြီး၊ တိုကျိုက အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ငြိမ်းချမ်းရေးပွဲတော်လို့ နာမည်ခံပြီး ဒီလိုအလုပ်မျိုးလုပ်သင့်ပါသလား?

ကြော်ငြာအေဂျင်စီများမှ ပုံမှန်မဟုတ်တဲ့အမြတ်အစွန်းများ

https://www3.nhk.or.jp/sports/story/18476/index.html

ဒီတစ်ခေါက် အိုလံပစ်ကျင်းပခြင်းမှာ ကြိုးစားအားထုတ်ခဲ့တဲ့အဓိကကြော်ငြာအေဂျင်စီ !!!
အလုပ်ရဲ့သဘောတရားကြောင့် အကျိုးအမြတ်ရတာမထူးဆန်းပါဘူး…..။
ဒါပေမဲ့၊ ထိုငွေပမာဏဟာဘယ်လိုပဲဖြစ်ဖြစ် သံသယဝင်စရာဖြစ်နေတယ်။
အခမ်းအနားသိမ်းပွဲဘတ်ဂျက်အဖြစ် ဒီကြော်ငြာအေဂျင်စီကိုလွှဲပေးခဲ့တဲ့ငွေပမာဏဟာ ယန်း ၁၆.၅ဘီလီယံ တဲ့..
လက်တွေ့မှာအသုံးပြုခဲ့တာကတော့ ယန်း ၁ ဘီလီယံ သာဖြစ်ပါတယ်။
ဘာတဲ့ သူတို့တွေရဲ့အကျိုးအမြတ်က ၉၄% ဖြစ်နေပါတယ်။
သူတို့ဟာ ကြော်ငြာအေဂျင်စီဖြစ်တာကြောင့် အစီအစဥ်ဆွဲပြီး စီမံကွပ်ကဲရပေမဲ့၊ ပါဝင်တဲ့အနုပညာရှင်များနဲ့ ဆောက်လုပ်ရေးတွေဟာ Outsourced သာဖြစ်ပါတယ်။
၎င်းက ယန်း ၁ ဘီလီယံလောက်သာကျသင့်ပေမဲ့ ကျန်တဲ့ငွေတွေဘယ်ရောက်သွားပါသလဲ?

အမြတ်ကြီးရရှိခဲ့တဲ့ လူစွမ်းအားအရင်းအမြစ်ကုမ္ပဏီ


https://www.volasapo.tokyo/column/2020/942/

အိုလံပစ်ပြိုင်ပွဲမှာ လူများစွာပါဝင်ကြပါတယ်။
တိုကျိုအိုလံပစ်ဟာ စေတနာ့ဝန်ထမ်းပမာဏကိုလျှော့ချဖို့နဲ့အစပြုခဲ့ပေမဲ့၊ စေတနာ့ဝန်ထမ်းပေါင်းများစွာကပါဝင်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဆိုးဝါးလွန်းတဲ့ပြိုင်ပွဲပဲလို့တွေးခဲ့တဲ့ စေတနာ့ဝန်ထမ်းများစွာကတော့ အစောပိုင်းကတည်းက နှုတ်ထွက်ခဲ့ပြီးသားဖြစ်ပါတယ်။
အလျင်စလိုလူသစ်စုဆောင်းခြင်းကိုပြုလုပ်ဖို့အတွက် လူစွမ်းအားအရင်းအမြစ်ကုမ္ပဏီကို တောင်းဆိုခဲ့ပါတယ်။
ဒီလူစွမ်းအားအရင်းအမြစ်ကုမ္ပဏီက အလုပ်သမားခငွေပမာဏကို ၁၀ ဆတိတိတောင်းခဲ့ပါတယ်။
ဒါကလည်း ၉၅% က ဒီလူစွမ်းအားအရင်းအမြစ်ကုမ္ပဏီရဲ့အကျိုးအမြတ်ဖြစ်သွားပါတယ်။
အရမ်းများလွန်းတယ် …

ပြည်သူတွေကိုသတ်နေပုံရတဲ့ ကျင်းပခြင်းနည်းလမ်း

https://news.yahoo.co.jp/articles/0d45a60acdb7dc25ad650ec4d1043c98ab3df558

ဖွင့်ပွဲမကျင်းပခင်၊ အားကစားသမားတွေနဲ့ တာဝန်ရှိသူတွေဟာ လုံးဝquarantine လုပ်ကြတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လိမ့်မှာမဟုတ်ဘူးလို့တစ်ထစ်ချပြောခဲ့ကြပေမဲ့၊ လက်တွေ့မှာတော့ ကစားသမားများစွာဟာ ဟိုတယ်ကနေခိုးထွက်ပြီး ဈေးဝယ်ခြင်း၊ ညဘက်လျှောက်သွားခြင်းများပြုလုပ်ကြပါတယ်။
အဲ့ဒါရဲ့တစ်ဖက်မှာ ဂျပန်ပြည်သူတွေကိုတော့ မလိုအပ်ဘဲအပြင်မထွက်ဖို့သတိပေးထားသလို၊ စားသောက်ဆိုင်တွေရဲ့ဆိုင်ဖွင့်ချိန်နဲ့ အရက်ရောင်းချမှုကိုလည်း ပြင်းပြင်းထန်ထန်ကန့်သတ်ထားပါတယ်။
ဂျပန်ပြည်သူတွေကတော့ အိုလံပစ်အားကစားပြိုင်ပွဲကြီးဖြစ်မြောက်ရေးအတွက် သည်းခံလိုက်ပါ၊ လို့မပြောရုံတမယ်ပါပဲ..
ဒီအပြင် IOC ဥက္ကဋ္ဌ Bachဟာ အိုလံပစ်ပြီးဆုံးသွားတဲ့နောက် Ginza မြို့ကိုလမ်းလျှောက်ကြည့်ခဲ့ပါသေးတယ်။
ပြည်သူတွေကို မလိုအပ်ဘဲအပြင်မထွက်ဖို့ပြောတဲ့ အစိုးရကိုယ်တိုင်က ဒါကိုခွင့်ပြုထားခဲ့တယ်။

ငွေအတွက်ဆို ကစားသမားများကိုတောင်လျစ်လျှူရှုနိုင်တယ်

https://news.yahoo.co.jp/articles/b89225daea76a27a34468122172b31ec5384b840

တိုကျိုရဲ့နွေရာသီကတော့ အတော်လေးပင်ပန်းပါတယ်။
အဲ့ဒါကိုတောင်မှ သေချာပေါက်နွေရာသီဖြစ်မှကိုရမယ်လို့ IOC ကတွေးပါတယ်။
အကြောင်းအရင်းကတော့ အမေရိကရဲ့ အသံလွှင့်ဌာနကနေ ထုတ်လွှင့်ခွင့်အခကြေးငွေများစွာကိုလက်ခံထားခြင်းကြောင့်ဖြစ်ပါတယ်။
အမေရိကမှာတော့ ဆောင်းဦးမှာ အမေရိကန်ဘောလုံးပွဲရာသီရှိပါတယ်။
ဒါကြောင့်ဆောင်းဦးမှာကျင်းပလိုက်မယ်ဆို ဒုက္ခရောက်သွားနိုင်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ်ဒါကိုရှောင်ပြီး နွေရာသီမှာမဖြစ်မနေကျင်းပမယ်လို့လုပ်ခဲ့ပါတယ်။
ကစားသမားတွေအတွက်ဘယ်လောက်တောင် ခက်ခဲလိမ့်မလဲမစဥ်းစားဘဲ၊ ငွေမျက်နှာသာကြည့်ခဲ့ကြတယ်။

နိုင်ငံရေးနှင့်နက်ရှိုင်းစွာပတ်သက်နေ


https://digitalpr.jp/r/38595

ကြီးမားတဲ့ငွေပမာဏ၊ အခွင့်အာဏာ စတာတွေနဲ့အိုလံပစ်ကိုလှုပ်ရှားရတာဖြစ်တဲ့အတွက်၊ နိုင်ငံရေးသမားတွေအများကြီးပါဝင်နေတာ သေချာပါတယ်။
အေဂျင်စီကိုမဖြစ်နိုင်တဲ့ငွေပမာဏနဲ့ငှားထားတယ်ဆိုတာကလည်း အားလုံးဟာနိုင်ငံရေးသမားတွေရဲ့ ဗျူဟာတွေသာဖြစ်ပါတယ်။
တန်ရာတန်ကြေးတစ်ခုခုရရှိထားတယ်လို့ တွေးနိုင်ပါတယ်။

အိုလံပစ်ပြိုင်ပွဲကြီးရဲ့ နောက်ကွယ်ကအရှုပ်တော်ပုံဟာ၊ တိုကျိုအိုလံပစ်မှာပဲဖြစ်ပွားခဲ့တဲ့ပြဿနာမဟုတ်လောက်ပါဘူး။
ကစားသမားတွေအတွက်ကြိုးစားခွင့်ကိုပေးချင်ပေမဲ့၊ မရိုးသားမှုတွေပြည့်နေတဲ့အားကစားပွဲကြီးကို ရပ်တန့်လိုက်ပါတော့ ! ဆိုပြီးသူတို့တွေဟာ တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။

ဒါနဲ့ စာဖတ်သူတို့ရော ဘယ်လိုထင်ပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: