2020 ခုနှစ် တိုကျိုအိုလံပစ်အခမ်းအနားပိတ်သိမ်းပွဲ ပုံရိပ်များ !!

ကျန်ခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့၊ တနင်္ဂနွေနေ့က 2020 ခုနှစ်တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကြီးကို အောင်မြင်စွာနဲ့အခမ်းအနားပိတ်သိမ်းနိုင်ခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါနှင့် ပုဂ္ဂိုလ်ရေးရာမငြိမ်မသက်မှုတွေကြောင့် ပွဲကြည့်ပရိသတ်မပါဘဲကျင်းပခဲ့ကြပေမဲ့၊ အခမ်းအနားသိမ်းပွဲက အိုလံပစ်မီးရှူးတိုင်ရဲ့မီးတောက်တွေကတော့ ပွဲကိုအသက်ဝင်စေခဲ့ပါတယ်။

https://www.aljazeera.com/

အားကစားရုံကြီးဆီမှ အိုလံပစ်မီးရှူးတိုင်ရဲ့မီးတောက်တွေငြိမ်းသွားတဲ့တစ်ခဏမှာတော့ ညအမှောင်ကောင်းကင်ယံမှာရောင်စုံမီးရှူးမီးပန်းများဖောက်ခဲ့ကြပြီး၊ ထိုအချိန်မှာအားကစားသမားတွေဟာ ထွက်ခွာဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။
ပိတ်သိမ်းပွဲအခမ်းအနားကို မြက်ခင်းစိမ်း၊ buskers နှင့် BMX riders များဖြင့် ပန်းခြံတစ်ခုသဖွယ်ဖန်တီးခဲ့ပြီး တိုကျိုရဲ့နေ့စဥ်ဘဝကို တွေ့ကြုံခံစားစေခဲ့ပါတယ်။

https://www.aljazeera.com/

မူလကတိုကျိုအိုလံပစ်ဟာ ပြင်းထန်တဲ့ငလျင်၊ ဆူနာမီနှင့် ၂၀၁၁ ခုနှစ်နျူကလီးယားအကျပ်အတည်းကနေ ပြန်လည်ထူထောင်လာခဲ့တဲ့ဂျပန်ကိုပြသဖို့ရည်ရွယ်ခဲ့ပေမဲ့၊ တစ်ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါအပြင်၊ နိုင်ငံရေးအခြေအနေ၊ အားကစားနှင့်ပုဂ္ဂိုလ်ရေးရာမငြိမ်မသက်မှုတွေကြောင့် အရင်ပြိုင်ပွဲများနဲ့မတူဘဲ ထူးဆန်းစွာပိတ်သိမ်းခဲ့ရခြင်းဖြစ်ပါတယ်။


https://www.aljazeera.com/

နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Thomas Bach နှင့် တိုကျို Olympic နှင့် Paralympic ကျင်းပရေးကော်မတီဥက္ကဋ္ဌ Seiko Hashimoto တို့ဟာ ချစ်ခြင်းမေတ္တာရဲ့သင်္ကေတ heart ကိုပုံဖော်ခဲ့ကြပါတယ်။

https://www.aljazeera.com/

အိုလံပစ်အားကစားရုံအတွင်း ဂျပန်အနုပညာရှင်များကလည်း ရိုးရာအကများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပါသေးတယ်။


https://www.aljazeera.com/

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပြင်းထန်စွာကူးစက်မှုတွေကြောင့် ထိုင်ခုံပေါင်း ၆၈၀၀၀ ဆံ့တဲ့အားကစားရုံကြီးမှာ ပွဲကြည့်ပရိသတ်တစ်ယောက်မှမရှိတာက သူ့အတွက်တော့ တစ်သက်မှာတစ်ခါမှမကြုံဖူးတဲ့အားကစားပြိုင်ပွဲကြီးပဲလို့ Bach ဟာပြောခဲ့ပါတယ်။

https://www.aljazeera.com/

လာမယ့် ၂၀၂၄ ခုနှစ်အတွက် နွေရာသီအားကစားပြိုင်ပွဲကြီးကိုတော့ ပြင်သစ်မှာကျင်းပသွားမှာဖြစ်ပါတယ်။

https://www.aljazeera.com/

ယခုတစ်ခေါက် ၂၀၂၀ ခုနှစ်တိုကျိုအိုလံပစ်ဟာပြီးဆုံးသွားခဲ့ပေမဲ့၊ နောက်ထပ်ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာကတော့ Paralympic (မသန်စွမ်းသူများရဲ့အားကစားပြိုင်ပွဲ) ပဲဖြစ်ပါတယ်။

 

Japo Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: