Corona နဲ့အတူပြောင်းလဲလာတဲ့ ဆောင်းဦးအားကစားပြိုင်ပွဲ !!!! ဘာတွေပြင်ဆင်ထားသလဲ?

အရမ်းမပူလွန်း၊ အရမ်းမအေးလွန်းဘဲ နေလို့ကောင်းတဲ့ရာသီက ဆောင်းဦးပါ
ဆောင်းဦးဆိုတာ အားကစားရာသီလည်းဟုတ်ပါတယ်။
ဂျပန်ရဲ့ကျောင်းတွေမှာတော့ ဆောင်းဦးအားကစားပွဲဆိုတဲ့ အစီစဥ်ကြီးကိုကျင်းပလေ့ရှိပါတယ်။

 

 

http://www.futureedu.tokyo/education-news-blog/japanese-school-sports-day

ဆောင်းဦးရဲ့ ကြည်လင်နေတဲ့ကောင်းကင်အောက်မှာ ကျန်းမာစွာပြေးလွှားဆော့ကစားနေတဲ့ ကလေးများ..
နောက်ပြီး အသည်းအသန်ကိုဓါတ်ပုံလိုက်ရိုက်နေတဲ့ မိဘတွေ..
မူလတန်းကျောင်းမှာတော့ မိဘတွေကထမင်းဗူးတွေယူလာပြီး နေလည်ခင်းမိသားစုအတူ ကျောင်းဝင်းထဲမှာစားကြပါတယ်။

အမေ့ထမင်းဘူးရဲ့အရသာ အရမ်းအရသာရှိတဲ့ထမင်းဘူး…
ဒါက ကလေးတိုင်းရဲ့အရမ်းပျော်ဖို့ကောင်းတဲ့ အမှတ်တရပါ…
(အမေလုပ်ပေးတဲ့ထမင်းဘူး ဘာနဲ့မှမလဲနိုင်ဘူးပေါ့..)

ဒါပေမဲ့ ဒီအားကစားပွဲကလုံးဝကြီးကိုပြောင်းလဲသွားပါတယ်။ တရားခံကတော့ ကိုဗစ်ကြောင့်ပါ..
လူစုလူဝေးမဖြစ်စေဖို့အတွက်လည်း ဘာလုပ်ရင်ကောင်းမလဲ? ကျောင်းဘက်က သေသေချာချာစဥ်းစားရပါပြီး…

အားကစားပြိုင်ပွဲကိုလူတွေအုပ်အုပ်သဲသဲနဲ့ ပိုပြီးဆူပူထကြွစေမယ့် ပြိုင်ပွဲတွေထဲမှာ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲဆိုတာလည်း အပါအဝင်တစ်ခုပေါ့…
ကိုယ်ရဲ့အတန်းကို ကိုယ်စားပြုရင်း တုတ်ကိုလက်ဆင့်ကမ်းပြီးပြေးရတဲ့ပုံစံပါ..

https://lineblog.me/kakikata/archives/1732010.html

အတန်းရဲ့ ကိုယ်စားလှယ်တွေဖြစ်တာကြောင့် အားလုံးကလည်း အားသွန်ခွန်စိုက်ပြေးကြပါတယ်…
လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ relay မှာ အရွေးခံရတဲ့သူတွေကလည်း ဘယ်ပြောကောင်းမလဲ တကယ့်ကိုခြေတံရှည်ရှည် ဖြောင့်ဖြောင့်တောင့်တောင့်တွေပေါ့… (ကျွန်တော်တော့မပါခဲ့ဘူး စိတ်မကောင်းလိုက်တာ…ဟဟဟ)

ဒါနဲ့ဒီပြိုင်ပွဲမှာ တစ်ယောက်နဲ့တစ်ယောက်လက်ဆင့်ကမ်းတဲ့အကွာအဝေးကလည်း နီးလွန်းတယ်ဆိုတဲ့သတ်မှတ်ချက်တွေကြောင့် ကျောင်းဘက်က လေးလေးနက်နက်စဥ်းစားပြီးနောက် ထွက်လာတဲ့အဖြေကတော့ဒီမှာပါ..

https://mainichi.jp/articles/20200927/k00/00m/040/122000c

အရှည် ၂ မီတာရှိတဲ့ တုတ်။ ကတ်ထူစက္ကူနဲ့လုပ်ထားတာကြောင့် ပျော့အိပျော့အိဖြစ်နေတယ်။
တမင်သက်သက်အပျော်သဘောနဲ့လုပ်ခဲ့တာမဟုတ်ဘဲ လေးလေးနက်နက်စဥ်းစားပြီးအကြံထုတ်ထားတာကြောင့် ရယ်ဖို့တော့မကောင်းပါဘူး..
ဘာလို့ဆို‌တော့ သူတို့တွေပြေးဖို့ပိုခက်သွားလို့ပါ…

ဒါ့အပြင် အော်ဟစ်အားပေးတာကိုပါ တားမြစ်ထားတယ်

အခြားသောအစီအစဥ်တွေကတော့ ကျောင်းခန်းထဲမှာရှိတဲ့ တီဗွီထုတ်လွှင့်မှုကနေပဲကြည့်ရတယ်။

ပြိုင်ပွဲပြီးသွားတာနဲ့ချက်ချင်း mask ပြန်တပ်ရပါတယ်။

နောက်ပြီး မိဘတွေလာအားပေးတာလည်း တားမြစ်လိုက်တယ်

တစ်နေကုန်ကြည်လင်တဲ့ကောင်းကင်အောက်မှာ အသံအကျယ်ကြီးတွေနဲ့အော်ဟစ်ပြီး ရှိသမျှအားတွေနဲ့အစွမ်းကုန် ပြိုင်ပွဲဝင်ကြတယ်။
မိဘတွေလည်းလာအားပေးတာကြောင့် ပိုပြီးကြိုးစားယှဥ်ပြိုင်ကြတယ်။
ဒါဟာအားကစားပြိုင်ပွဲရဲ့ တကယ်အနှစ်သာရပါပဲ။
ဒီလိုအနှစ်သာရက ကိုရိုနာကြောင့် ကြီးကြီးမားမားပြောင်းလဲသွားခဲ့ရပါတယ်။

ကိုရိုနာရဲ့ဂယက်ထမှုတွေပြီးသွားတဲ့အခါ ဘယ်လိုပုံစံပြန်ဖြစ်သွားမလဲမသိသေးပေမဲ့ ကလေးတွေအတွက်ရော၊ မိဘတွေအတွက်ပါ စိတ်ကျေနပ်မှုရစေချင်တာတော့ အမှန်ပါပဲ….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: