Air racing လေယာဉ်နဲ့ သမိုင်းဝင် Zero Fighter ဘယ်တစ်ခုပိုသာသလဲ ?!!

Air race ကိုသိကွပါသလား?
400km/h အမြင့်မှာ တိုက်ခိုက်တဲ့ လေယာဥ်ပြိုင်ပွဲမှာ အသုံးပြုခဲ့ကြတဲ့လေယာဥ်တွေဟာ တစ်ယောက်စီးအသေးစား ရဟတ်ယာဥ်တွေပဲဖြစ်ပါတယ်။

 

https://motorz.jp/feature/109929/

 

Car race ဆိုရင် Gymkhana အမျိုးအစားကားပြိုင်ပွဲဖြစ်ပြီး၊ Airplane version ဆိုရင်တော့ Air race ပေါ့..
ကြီးမားတဲ့ တာဝါတိုင်ကြီးကိုတည်ဆောက်ပြီး course ကိုပြုလုပ်ပါတယ်။
အဲ့ဒီကြားကို အရှိန်နဲ့ဖြတ်ပြေးရတာကြောင့်၊ အဲ့ဒီပြိုင်ပွဲကို လာကြည့်သူတွေက အရမ်းသဘောကျကြပါတယ်။

ဒီနောက်ဆုံးပေါ်လေယာဥ်ကိုယ်ထည်နဲ့ နှစ် ၇၀ မတိုင်ခင်က နောက်ဆုံးပေါ်နည်းပညာကိုထည့်သွင်းထားတဲ့ ဂျပန်ရဲ့တိုက်လေယာဥ်ဖြစ်တဲ့ Zero Fighter
ဘယ်တစ်ခုက ပိုပြီးကောင်းတဲ့လေယာဥ်ဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်မိပါသလား?

အရင်ဆုံး Air race မှာတွေ့ရတဲ့ လေယာဥ်ကို မိတ်ဆက်ပေးပါမယ်။
လေယာဥ်ရဲ့ ဒီဇိုင်းကိုယ်ထည် အမျိုးအမျိုးရှိသော်လည်း သိရမယ့်အရာတစ်ခုကတော့ ဝင်ပြိုင်မယ့်လေယာဥ်အားလုံးရဲ့ အင်ဂျင်ကအတူတူပဲဖြစ်နေရပါမယ်။ ဒါကသူ့ရဲ့ စည်းကမ်းချက်ပါ !!!

သို့သော် Maintenance and setting ပိုင်းမှာတော့ စွမ်းဆောင်ရည်ခြားနားချက် တော်တော်လေးရှိနေတာကို တွေ့ရပါတယ်။
အမျိုးအစားတစ်ခုချင်းစီအတွက် ကိုယ်စားပြုဒီဇိုင်းတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။

Edge540

Air race မှာ အကျော်ကြားဆုံး လေယာဥ်ပဲဖြစ်ပါတယ်.
engine = 6 cylinder engine (air cooling)
Displacement = 8,850cc
Maximum output = 340 horsepower
Machine weight = 531kg
Highest speed = 426km/h

 

MXS-R

အတောင်ပံပုံစံကွဲပြားတယ်။ body မှာထူးခြားတဲ့ carbon နဲ့တည်ဆောက်ထားတာက သူ့ရဲ့ထူးခြားချက်ပါပဲ။
Engine = 6 cylinder engine (air cooling)
Displacement = 8,850cc
Maximum output = 250-380 horsepower
Machine weight = 571kg
Highest speed = 426km/h

 

Corvus Racer540

Speed အမြန်ဆုံး လေယာဥ်
The engine = a 6-cylinder engine (air-cooled)
Displacement = 8,850cc
Maximum output = 325 horsepower
Machine weight = 685kg
Highest speed = 444km/h

 

သူတို့တွေအားလုံးဟာ ကားနဲ့ယှဥ်ရင် ဘယ်လောက်တောင် အိတ်ဇောအရွယ်အစားကြီးပြီး မြင်းကောင်ရေကြီးတဲ့ အင်ဂျင်တပ်ဆင်ထားတာကို ကောင်းကောင်းကြီး နားလည်နိုင်ပါတယ်။
နောက်ပြီး နောက်ဆုံးပေါ်နည်းပညာကိုထည့်သွင်းထာတာလည်း သေချာပါတယ်။

တစ်ဖက်ကလည်းဆိုရလျှင် နှစ် ၇၀ မတိုင်ခင်က အပြောင်မြောက်ဆုံးလက်ရာဖြစ်ခဲ့တဲ့ တိုက်လေယာဥ် Zero Fighter !!

 

Zero Fighter

အမေရိကန်တပ်က ZERO ဆိုရင်ကြောက်ခဲ့ရတဲ့ ရာဇဝင်ရှိ တိုက်လေယာဥ်….
ဒုတိယကမ္ဘာစစ်ရဲ့ စစ်မျက်နှာပြင်စဖွင့်တဲ့အချိန်၊ ပြိုင်ဘက်ကင်းမှုအပေါ် ဂုဏ်ယူခဲ့ရပါတယ်။

Engine type: 14 cylinders (with supercharger)
Displacement: 27,860cc
Maximum output: 1,130 horsepower
Machine weight: 1,856kg
Maximum speed: 565km/h

အပေါ်ကပြောသွားတဲ့ Air race ရဲ့လေယာဥ်တွေလည်း ကားနဲ့ယှဥ်ရင် monster လို့သတ်မှတ်ခံရသော်လည်း အဲ့ဒါထက်ကို ပိုပြီးသာလွန်တဲ့ monster ဖြစ်ခဲ့ပုံရပါတယ်။

အခြားနိုင်ငံရဲ့ တိုက်လေယာဥ်ကိုလည်း ကြည့်ရအောင်..

 

Mustang P-51

Zero Fighter ကိုမရှုံးတဲ့လေယာဥ်အဖြစ် ပေါ်လာတဲ့ အမေရိကန်တပ်ရဲ့ P-51

Engine type: 12 cylinder engine (with supercharger)
Displacement: 27,040cc
Maximum output: 1,490 horsepower
Machine weight: 3,460kg
Maximum speed: 703km/h

 

Maximum speed က 703km/h တဲ့ !!
ဘယ်လောက်တောင်မြန်မလဲ ခန့်မှန်းမိကြပါသလား?
ကျွန်တော်တို့ လက်ရှိစီးနေကြတဲ့ Private jet လေယာဥ်မှာသတ်မှတ်ထားတဲ့ အမြန်နှုန်းက 800〜900km/h ဖြစ်တာကြောင့် ပန်ကာတပ်ရဟတ်ယာဥ် ဖြစ်တာတောင် ဒီလောက်အမြန်နဲ့ပျံနိုင်တယ် ဆိုတာကို တကယ်ကို fighter ကြီးပါပဲ !!!!!

ZERO ကို လုံးဝဖြုတ်နိုင်ခဲ့တဲ့ monster ပဲနော်…

အင်ဂျင်စကေး အပြတ်အသတ်ကွာတာကြောင့် ဆက်မယှဥ်နိုင်တော့ပေမဲ့၊ Maximum speed နဲ့ power ကတော့ နှစ် ၇၀ မတိုင်ခင်ရဲ့ ဂျပန်တိုက်လေယာဥ်အနေနဲ့ ဂုဏ်ဆောင်ပေးခဲ့ပါတယ်။
ဒါပေမဲ့၊ Air race မှာပြိုင်ကြတဲ့လေယာဥ်တွေက ဆိုဒ်ရောအလေးချိန်ပါ သေးတာကြောင့် အချိုးအကွေ့တွေမှာဆိုရင်တော့ သူတို့တွေကတစ်ပန်းသာပါတယ်။

အဲ့ဒီလို စွမ်းဆောင်ရည်မတူတဲ့အတွက် Zero Fighter ဟာ ဆက်မယှဥ်နိုင်တော့ခြင်းဖြစ်ပါတယ်။

စကားမစပ် Air race ဆိုတာ ဒီလိုပြိုင်ပွဲပါ…..

 

 

အရမ်းမြန်တယ်နော် !!
ကိုယ်တိုင်ပွဲမှာ သွားကြည့်ရရင်တော့ ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းမှာ ဧကန်မလွှဲပါပဲ !!
အခွင့်အရေးရှိမယ်ဆိုရင် သေချာပေါက်သွားကြည့်ကြပါ …….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: