ဂျပန်ရဲ့လောင်းကစား, ဘယ်ဟာပိုပြီးနိုင်ဖို့ရာခိုင်နှုန်းများသလဲ? !!!!

ဂျပန်ဆိုတာ တစ်ကယ်တော့ လောင်းကစားလုပ်တဲ့နိုင်ငံကြီးတစ်ခုဆိုတာကို သိပါသလား?
လောင်းကစားရုံကိုအသစ်ပြန်လုပ်မလား မလုပ်ဘူးလားဆိုပြီး ပြောနေကြသော်လည်း အခြားသောလောင်းကစားတွေလည်းအတော်လေးမိုက်ပါတယ်။

ဂျပန်ကိုရောက်ဖြစ်ခဲ့ရင် ဂျပန်အစားအစာတို့ဘုန်းကြီးကျောင်းတို့ စတာတွေကိုလည်ပတ်ကြည့်ရှုတာလည်းကောင်းပေမဲ့၊ ဂျပန်ရဲ့လောင်းကစားကိုလည်း စိန်ခေါ်ကြည့်ရင် ကောင်းမယ်လို့ထင်ပါတယ်။
ခရီးသွားငွေလောက်သာဆိုရင်တော့ အရှုံးပေါ်သွားနိုင်မလားမသိဘူး?

ဘယ်ဟာဆိုနိုင်မလဲ? နိုင်ဖို့ရာခိုင်နှုန်းများမလား ကြည့်ရ‌အောင်….

pachinko

မြို့ရဲ့ဘယ်နေရာမှာမဆိုရှိတဲ့ pachinko ဂိမ်းဆိုင်

https://biz-journal.jp/2020/04/post_154299.html

အပေါ့ပါးဆုံး နောက်ပြီးအချိန်လည်းဖြုန်းလို့ရတယ် ဆိုတဲ့အကြောင်းကြောင့် နာမည်အရမ်းကြီးတဲ့ လောင်းကစားပဲဖြစ်ပါတယ်။
ပြန်ရနိုင်နှုန်းက 80〜85% ဖြစ်တာကြောင့် အမြတ်ရနိုင်ချေတွေလည်းမြင့်ပေမဲ့၊ နိုင်မလားမနိုင်ဘူးလားဆိုတာကတော့ ကျွမ်းကျင်မှု + ကံ နဲ့ဆိုင်ပါတယ်။
အရင်ဆုံး သတ်မှတ်ထားတဲ့နေရာမှာ ဘောလုံးကိုစုစည်းနိုင်တဲ့ကျွမ်းကျင်မှု အနည်းဆုံးတော့ လိုအပ်ပါတယ်။
အဲ့ဒီကနေ ကံကလည်းအရေးကြီးပါတယ်။
ကျွန်‌တော် ကံကောင်းတဲ့လူဖြစ်တာကြောင့် pachinko ကတော့အေးဆေးပါလို့ ပြောမယ့်လူတွေသေချာပေါက် ကစားကြည့်ပါ။

 

ထီ
ထီကို တစ်နှစ်မှာအကြိမ်ပေါင်းများစွာရောင်းချပါတယ်။
အကြီးဆုံးပေါက်တာကတော့ ယန်းသန်း ၇၀၀ + ရှေ့နဲ့နောက်ဆုများအပါအဝင်ဆို စုစုပေါင်းယန်း ၁ ဘီလီယံလောက်ရှိပါတယ်။
ဘဝကိုပြောင်းလဲစေနိုင်လောက်အောင် လုပ်ပေးနိုင်တဲ့ လောင်းကစားတစ်ခုဖြစ်ပါတယ်။

https://www.takarakuji-official.jp/news/recent/?newsId=190502

ငွေသားဆုရဲ့ မက်လုံးကတော့ အရမ်းကိုကြီးပေမဲ့ ပေါက်နိုင်ချေရာခိုင်နှုန်းကတော့ 46% ပဲဖြစ်ပါတယ်။
ထီထိုးထားတဲ့လူတွေကိုတော့ အားနာပေမဲ့၊ ပေါက်မယ်လို့ မထင်တာ ကျွန်တော်တစ်ယောက်တည်းတော့ မဖြစ်နိုင်လောက်ဘူး…..ဟဟဟဟ

 

မြင်းပြိုင်ပွဲ

https://www.sankeibiz.jp/business/news/200415/bsm2004150500005-n1.htm

မြင်းပြိုင်ပွဲကွင်းအကျယ်ကြီးမှာ ပြေးနေကြတဲ့မြင်းတွေကိုကြည့်ရတာ အရမ်းသဘောကျဖို့ကောင်းတယ်သလို မြင်းပြိုင်ပွဲမှာ date လုပ်ကြတာလည်း အကောင်းဆုံးပါပဲ။
ဒီမြင်းပြိုင်ပွဲမှာ ရနိုင်ချေကတော့ 70-80% ပဲဖြစ်ပါတယ်.
နောက်ပြီး pachinko ၊ ထီထိုးတာတို့နဲ့မတူဘဲ မြင်းရဲ့အခြေအနေနဲ့၊အရင်အချက်အလက်တွေကိုကြည့်ရင်း ခန့်မှန်းပြီး ဖြစ်နိုင်ချေကိုတိုးမြင့်နိုင်တာက အရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်။
ပြန်ရဖို့အတွက်ပဲမဟုတ်၊ အောင်မြင်နိုင်ချေရှိတာကလည်း သူရဲ့မက်လုံးတစ်ခုပါပဲ။
သို့သော် မြင်းရဲ့စိတ်အခြေအနေကိုရော ဖတ်နိုင်ပါ့မလားဆိုတာလည်း ရှိပါသေးတယ်…

နောက်ပြီးတစ်ချိန်တည်းမှာပဲပြေးနေတဲ့ မြင်အကောင်ရေအများအပြားကပဲအားနည်းချက်ဖြစ်ပါတယ်။
အများဆုံး ၁၈ ကောင်သောမြင်းတွေ တစ်ချိန်တည်းပြေးနေချိန်မှာပဲ ပထမ ဒုတိယ နေရာရောက်ဖို့ ရာခိုင်နှုန်းကိုခန့်မှန်းပါဆို အရမ်းခက်ခဲပါတယ်။

အော်တိုပြိုင်ပွဲ


https://perfectanavi.com/autorace/384/

မျဥ်းဖြောင့်မှာ ၁ နာရီ 150km အမြန်နှုန်းနဲ့ပြေးနေတဲ့ ဆိုင်ကယ်တွေကို မျက်စိရှေ့မှာတင်ကြည့်ရတာ အရမ်းကောင်းပါတယ်။
ပြန်ရနိုင်ချေကတော့ 70% ဖြစ်သော်လည်း၊ တစ်ချိန်တည်းမှာပြေးကြတာ ၈ စီး ဒါမှမဟုတ် အစီးအရေအတွက်နည်းတာကြောင့် အောင်နိုင်ချေလွယ်တာက သူ့ရဲ့မက်လုံးပဲဖြစ်ပါတယ်။
နောက်ပြီး လူတွေကကြိုးစားလာတာကြောင့် ဒီနေရာမှာအရေးကြီးတာက လူတွေရဲ့ချိတ်ဆက်မှုပဲဖြစ်ပါတယ်.
သင်ပြပေးသူနဲ့ချိတ်ဆက်မှု၊ အခြားပြိုင်ပွဲမှာချေးငှားယူတဲ့ အချက်အလက်တွေကို အထူးသဖြင့်စုဆောင်းဖို့အရေးကြီးပါတယ်။

 

စက်ဘီးပြိုင်ပွဲ

https://morecadence.jp/keirin/57518

အောင်နိုင်ချေကတော့ 75% ပါ။
စပြီးထွက်ခွာတာနဲ့ ၉ စီးဖြစ်ပြီး Auto race ထက်ပိုပြီးအရေအတွက်များလာသလို pattern အကြိမ်အရေအတွက်ကလည်း ပိုပြီးများလာတာကြောင့် နိုင်ဖို့ခက်ခဲပုံရပေမဲ့၊ အခြေခံအားဖြင့်တော့ စက်ဘီးမှာချို့ယွင်းမှုမရှိတဲ့အတွက်၊ လူရဲ့စွမ်းအားကိုပိုပြီးအားကိုးရတဲ့ ပြိုင်ပွဲပဲဖြစ်ပါတယ်။
အဲ့ဒီအတွက် အော်တိုပြိုင်ပွဲထက်ကို လူကိုအကဲဖြတ်တော်ဖို့ အရေးကြီးဆုံးပဲဖြစ်ပါတယ်.

 

လှေပြိုင်ပွဲ

https://bunshun.jp/articles/-/8733

ပြန်ရနိုင်ချေက 75% ပါ။
ပြိုင်ပွဲတစ်ပွဲမှာ ၆ စီးနဲ့ပြိုင်ပွဲဝင်ပြီး pattern အကြိမ် ကလည်းနည်းတဲ့အတွက် နိုင်ဖို့လွယ်ကူတယ်လို့ ပြောကြပါတယ်။
Winner ဆိုတဲ့ပထမနေရာတစ်ခုတည်းကိုရရှိသွားသူက ၆ ယောက်ထဲက ၁ ယောက်ပဲဖြစ်ပါတယ်။
သင့်တော်သလို လောင်းလိုက်မယ်ဆိုရင်တောင် ပေါက်နိုင်ပါတယ်။
အဲ့ဒီအစား ပေးချေမှုအချိုးကနိမ့်သော်လည်း လှေပြိုင်ပွဲကစိတ်ဝင်စားဖို့ကောင်းပါတယ်။
အခြားသော် ပြိုင်ပွဲတွေရဲ့အခြေခံက တစ်ချိန်တည်းမှာစထွက်တာပါ။ သို့သော် လှေပြိုင်ပွဲကတော့ ထူးခြားပါတယ်.

စတဲ့အချိန်မတိုင်ခင်တည်းက အရှိန်မြင့်ထားပြီး စပြီးဆိုတာနဲ့ စတင်မျဥ်းကိုဖြတ်နိုင်ရင်ရပါပြီ ဆိုတဲ့ပုံစံပါ.
အဲ့ဒီအတွက် နောက်ဆုံးမိနစ်အထိရောက်ပြီး နိုင်ခဲ့မယ်ဆိုရင်တောင် အချိန်ကနေလွတ်ထွက်သွားနိုင်ချေတွေလည်းရှိပါတယ်။
ကြံ့ခိုင်လျင်မြန်တဲ့ကစားသမားလည်း သတိမမူကျော်ထွက်တာတွေရှိနိုင်ပြီး၊ ခွဲတမ်းမြင့်တဲ့ကစားသမားကနိုင်တယ်ဆိုတာလည်း တော်‌တော်လေးရှိပါတယ်။

ကဲ စာဖတ်သူတို့ လည်း သိသွားပြီဆိုတော့ ဘာကိုလုပ်ကြည့်ချင်ပါသလဲ?
ရာခိုင်နှုန်းအမြင့်ဆုံးကတော့ လှေပြိုင်ပွဲပါ။
သို့သော် ထီပေါက်ပြီး ဘဝကိုပြောင်းလဲပေးနိုင်တဲ့ အလွယ်နည်းကိုလည်းမျှော်လင့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်.

ဒါပေမဲ့ သိထားတဲ့အတိုင်း ပြန်ရနိုင်ချေက 100% မကျော်တဲ့အတွက် တစ်ယောက်ယောက်ကတော့ သေချာပေါက်ရှုံးမှာပါ..
ကိုယ်ပဲအနိုင်ရမယ်လို့ထင်ပါသလား

ဒါဆို ဘဝနဲ့ရင်းရလောက်တဲ့အထိမဟုတ်ဘဲ အပျော်တမ်းကစားကြည့်မယ်ဆိုရင်ရော?……
ဂျပန်ကိုရောက်ဖြစ်ခဲ့ရင် သွားကြည့်လိုက်နော်…….

 

Kengo Abe

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: