သိပ်လှတဲ့ကြွက်သားဒဏ္ဍာရီ !!! အဆီမရှိတဲ့ တစ်ချိန်ကဆူမိုနပန်းသမားဆိုတာ !!!

ဂျပန်နိုင်ငံရဲ့ အမျိုးသားအားကစားလို့ပြောရင် ဆူမိုပဲဖြစ်ပါတယ်။
ဆူမိုနပန်းသတ်တဲ့ကွင်းထဲကိုဝင်လာတဲ့ နပန်းသမားတိုင်းလိုလိုဟာ လူကောင်ခပ်ကြီးကြီးနဲ့ အဆီတွေအထပ်လိုက်ပိုင်ဆိုင်ကြသူတွေက ပိုများတယ်နော်…

ဆူမိုကတော့ boxing လို မတူညီတဲ့ခန္ဓာကိုယ်အလေးချိန်အတန်းတွေမရှိပါဘူး။

နောက်ပြီး ခံနိုင်ရည်အားလည်းမလိုအပ်သလို၊ လျှပ်တပြတ်လှုပ်ရှားနိုင်မှုကပဲ ပြိုင်ပွဲစည်းကမ်းဖြစ်တဲ့အတွက် ဝိတ်ပိုများတဲ့သူကပိုပြီးသန်မာကြတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။

ဒါနဲ့ အဆီချည်းပဲရှိတာကြောင့် ကြည့်ရဆိုးတယ်လို့ရောမထင်မိဘူးလာ?

ဒါဆို 千代の富士 Chiyonofuji ဆိုတဲ့ပုဂ္ဂိုလ်၊ အဲ့ဒီလောကမှာလှုပ်ရှားခဲ့တဲ့ပုံတွေကိုကြည့်လိုက်ပါ။

https://www.esquire.com/jp/lifestyle/sports/g186510/lifestyle-sports-chiyonofijo16-0801/

ဟာ..ဘာကြီးလဲဒီခန္ဓာကိုယ်က! … လို့
မြင်မြင်ချင်းမှာ သေချာပေါက်ထင်မိမှာပါ။

အရပ် 183cm နဲ့ ပုံပါအတိုင်းဖြစ်ပြီး ခန္ဓာကိုယ်အလေးချိန်ကတော့ 127kg သာရှိပါတယ်တဲ့…
နပန်းသမားတွေရဲ့ပျမ်းမျှအလေးချိန်က 162.6kg ရှိကြတာကြောင့်၊
千代の富士 Chiyonofuji တစ်ယောက် ဘယ်လောက်အကောင်သေးလဲဆိုတာကို ကြည့်ရုံနဲ့သိနိုင်ပါတယ်။

ဒီလောက်ခန္ဓာကိုယ်သေးသေးလေးနဲ့ ဆူမိုလောကရဲ့ ချန်ပီယံဖြစ်သူ Yokozuna ကိုကျော်တက်ခဲ့တဲ့ ဒဏ္ဍာရီထဲကလူသားကတော့ 千代の富士 Chiyonofuji ပါပဲ။

 

muscle monster ဖြစ်တဲ့ သူရဲ့ကြွက်သားဒဏ္ဍာရီကို ဆက်ပြီးကြည့်ကြရအောင်…

Hokkaido မှာ တံငါသည်မိသားစုကနေမွေးဖွားလာခဲ့တဲ့ 千代の富士 Chiyonofuji ဟာ၊ ငယ်ဘဝကတည်းကမိဘရဲ့အလုပ်အကိုင်တွေကိုကူညီလာခဲ့တဲ့အတွက် သူရဲ့ခြေထောက်နဲ့အကြောတွေဟာ အရမ်းကိုသန်မာပြီး၊ ကျွမ်းကျင်တဲ့အားကစားတစ်ခုလိုဖြစ်ခဲ့ပုံရပါတယ်။

အလယ်တန်းပထမနှစ်လောက်မှာ အူအတက်ပေါက်တာကြောင့်ခွဲစိတ်ကုသမှုခံယူတဲ့အချိန်၊ ခွဲစိတ်ပေးတဲ့ဆရာဝန်က သူ့ရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီး ထိန့်လန့်သွားခဲ့ပါတယ်။
ဒီကြွက်သားတွေက ပုံမှန်မဟုတ်ဘူးလို့ အသိမိတ်ဆွေဖြစ်တဲ့ ဆူမိုအသင်းရဲ့ ခေါင်းဆောင်ကြီးကိုဆက်သွယ်ခဲ့ပါတယ်။

ခေါင်းဆောင်ကြီးက 千代の富士 Chiyonofuji ရှိရာအရပ်ကိုသွားရောက်လည်ပတ်ခဲ့ပြီး အသင်းထဲဝင်ဖို့ဖိတ်ခေါ်ခဲ့ပေမဲ့၊
ဆူမိုကိုမကြိုက်တာကတစ်ကြောင်း၊ မိဘတွေကလည်းသဘောမတူဘူး ဆိုတဲ့အကြောင်းပြချက်နဲ့ ကမ်းလှမ်းချက်ကိုငြင်းပယ်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စိတ်မကုန်နိုင်တဲ့ခေါင်းဆောင်သခင်ကြီးက ဒီစကားကိုပြောခဲ့ပါတယ်။

အရင်ဆုံး တိုကျိုကိုသွားကြည့်ရအောင်။
လေယာဥ်ပျံပေးစီးမယ်လေ…

လေယာဥ်ပျံကို အရမ်းစီးချင်ခဲ့တဲ့ 千代の富士 Chiyonofujiအတွက် ဒီစကားကသူ့နားနဲ့တည့်သွားပြီး ဆူမိုလောကထဲကိုစပြီးအခြေချဖို့ ဖြစ်လာပါတော့တယ်.

သူပါဝင်လှုပ်ရှားခဲ့တဲ့ championship 31 ကြိမ်လုံးမှာ စုစုပေါင်း 1045 ဆုကိုရယူနိုင်ခဲ့တဲ့ သူရဲ့အောင်မြင်မှုက အဆုံးမဲ့ပြီး၊ ဆူမိုလောကမှာ ပထမဆုံးအမျိုးသားဂုဏ်ပြုဆုကိုပါ လက်ခံရရှိခဲ့ပါတယ်။

သို့သော် ဆူမိုနပန်းသမားတစ်ယောက်ဖြစ်နေပေမဲ့ တော်တော်နဲ့မှအဆီမတက်နိုင်တဲ့ သူရဲ့ကိုယ်အလေးချိန်ကို အမြဲတမ်းအားမလိုအားမရဖြစ်ခဲ့ရပါတယ်။

ပေါ့ပါးသော်လည်း အနိုင်ရရှိဖို့အတွက်တော့ ကြွက်သားတွေလိုအပ်ပါတယ်။
ဒါတင်မကသေးဘူး၊ သူဟာအဆစ်လွှဲတတ်တဲ့အကျင့်ရှိတာကြောင့် အဆစ်မလွှဲသွားဖို့ကြွက်သားတွေကိုလေ့ကျင့်ဖို့လိုအပ်ခဲ့ကြောင်းလည်း ပြောပါတယ်။

 

https://twitter.com/oh_sumou/status/340518757350924288/photo/1

စာဖတ်သူတို့ အဆီရာခိုင်နှုန်းဆိုတာကိုသိပါသလား?

ခန္ဓာကိုယ်ထဲမှာ အဆီရာခိုင်နှုန်းဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာတဲ့စံသတ်မှတ်ချက်မှာ အမျိုးသားတွေကယေဘုယျအားဖြင့် 10% ကနေ 19% လောက်ရှိကြပါတယ်။

千代の富士 Chiyonofuji ကတော့ 10.3% သာရှိပါတယ်။
သေးသွယ်တဲ့ဘောလုံးသမားတွေနဲ့ယှဥ်ရင်တောင် အတူတူလောက်သွားကျပါတယ်။

ကိုယ်အလေးချိန် 127kg မှာ သေချာတာကတော့ အရိုးနဲ့အတွင်းကလီစာပါထည့်တွက်ရမှာဖြစ်တာကြောင့် ကျန်တာကကြွက်သားတွေပဲဆိုတော့ ပုံမှန်မဟုတ်တဲ့ဇီဝဖြစ်စဥ်ဖြစ်ပါတယ်။

အရမ်းကိုသန်မာတဲ့ကြွက်သားတွေဖြစ်တာကြောင့် ကြွက်သားတည်ဆောက်ပုံရဲ့အသုံးပြုမှုတွေကို သံသယရှိမိပေမဲ့၊ ပုံမှန်လေ့ကျင့်မှုတွေပဲ ပြုလုပ်ခဲ့တာပါတဲ့။

အထူးသဖြင့် ပုခုံးအဆစ်ပိုလွှဲတတ်တာကြောင့်၊ ခန္ဓာကိုယ်အပေါ်ပိုင်းအတွက်လေ့ကျင့်မှုကအရမ်းအံ့သြဖို့ကောင်းပါတယ်။ တစ်ရက်ကိုပဲ push-up အကြိမ် 500 လုပ်ပါတယ်တဲ့။

နောက်ပြီး 20kg ရှိတဲ့ dumbbells နဲ့လေ့ကျင့်ပြီး၊ တိုင်ကိုပုခုံးနဲ့တိုက်တဲ့ training တွေလည်းပြုလုပ်ခဲ့ပုံရပါတယ်။

 

https://www.j-cast.com/2016/08/01274147.html?p=all

ကြွက်သားတွေသန်မာအောင် ဆေးတွေများအသုံးပြုထားသလားလို့ သံသယဝင်စရာကောင်းလောက်အောင်ကို လှပတဲ့ကြွက်သားကြီးတွေပဲနော်….

စိတ်မကောင်းစရာကတော့ အသက် 61 နှစ်မှာတင်ကွယ်လွန်သွားခဲ့ပါတယ်။
ဒီလိုခန္ဓာကိုယ်ကိုပိုင်ဆိုင်တဲ့ဆူမိုနပန်းသမား၊ တစ်တိုင်းပြည်လုံးရဲ့အချစ်ကိုခံရတဲ့ဆူမိုနပန်းသမားဆိုတာ အတိတ်မှာရော၊ ပစ္စုပန်မှာပါမရှိပါဘူး။

ဆူမိုလောကနောက်တစ်ကြိမ် ပြန်ပြီးအသက်ဝင်လာဖို့အတွက် 千代の富士 Chiyonofuji ကဲ့သို့သော superstar တွေကိုစောင့်မျှော်မိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: