ပါရမီကိုပျိုးထောင်ပေးတဲ့ Yokomine ပုံစံပညာရေးနည်းလမ်း !!!

မိမိရဲ့ကလေးကို ပါရမီရှင်အဖြစ်ပျိုးထောင်ပေးချင်တယ်.
ဘယ်မိဘမဆိုအဲ့ဒီဆန္ဒရှိကြပါတယ်။
ဒါဆို ဒီလိုပညာရေးဆိုရင်ရော?
၃ နှစ်ကနေ ၅ နှစ်အရွယ်ကလေးတွေတက်နေတဲ့ မူကြိုကျောင်းမှာကိစ္စတစ်ခုဖြစ်နေပါတယ်။

Yokomine ပညာရေးလို့ခေါ်တဲ့ပုံစံကို လက်ခံကျင့်သုံးနေတဲ့မူကြိုကျောင်းရဲ့ကျောင်းသားလေးတွေရဲ့အခြေအနေကိုကြည့်ကြည့်ပါ။

https://192abc.com/80984

handstand ဆိုတာက လူကြီးတွေအတွက်တောင် တော်တော်လေးခက်ခဲပါတယ်?
အဲ့ဒါတွေကို 幼稚園 မူကြိုကျောင်းသားတွေကလုပ်ရပါတယ်။ အားလုံးလုပ်နေတာပဲဖြစ်ပါတယ်။

စာလေ့လာမယ်ဆိုလည်း ဒီပုံစံအတိုင်းပါ။


သူတို့မျက်နှာကိုကြည့်တာနဲ့ သူတို့ဘယ်လောက်အာရုံစူးစိုက်ထားသလဲဆိုတာကို သိနိုင်ပါတယ်။

စိတ်စွမ်းအား၊ သင်ယူနိုင်စွမ်း၊ ခန္ဓာကိုယ်ရဲ့စွမ်းအား။
ဒီ ၃ ခုကိုဟန်ချက်ညီညီမျှမျှတတနဲ့ကြီးထွားနိုင်ဖို့၊ နောက်ပြီးကလေးတွေက မိမိကိုယ်ကိုရပ်တည်နိုင်ဖို့အတွက် self-study ပုံစံမျိုးနဲ့ပျိုးထောင်ပေးတာက Yokomine ပညာရေးပဲဖြစ်ပါတယ်။

စာလေ့လာမှုနဲ့ပတ်သက်ပြီး အခြေခံအချက် ၃ ချက်ရှိပါတယ်။
အဖတ်၊ အရေး၊ အတွက်
ဒီ 幼稚園 မူကြိုကျောင်းမှာတက်ရတဲ့ ၃ နှစ်တာကာလမှာ စာအုပ်ပေါင်း ၂၀၀၀ ကိုဖတ်ရပုံ ရပါတယ်။
တွက်ချက်တာနဲ့ပတ်သက်ရင်တော့ ပေသီးတွက်ချက်မှုကိုလေ့လာရပြီး၊ အားလုံးဟာ စာရွက်၊ ခဲတံနှင့် ဂဏာန်းပေါင်းစက်ကိုအသုံးမပြုဘဲ ဂဏန်း ၃ လုံးခန့်ထည့်သွင်းနိုင်ပုံရပါတယ်။

ကျောင်းဆင်းပွဲမတိုင်ခင်အထိ 小学校 မူလတန်းကျောင်း ဒုတိယနှစ်လောက်ရှိတဲ့ Kanji တွေကိုလည်းရေးနိုင်နေပါပြီ။

handstand Exercise ဆိုတာကလည်း ပုံမှန်လုပ်ရတဲ့လေ့ကျင့်ခန်းပါပဲ။

အသက် ၄ နှစ်သာလျှင်ရှိတဲ့ကျောင်းသားတွေအားလုံး handstand working ကိုလုပ်နိုင်ကြပါတယ်။
အခုခေတ်ကလေးတွေက လက်ရဲ့အရိုးသန်မာမှုနဲ့ကြွက်သားတွေရဲ့ကြီးထွားမှုမှာအားနည်းတဲ့အတွက် တစ်ခုခုဆိုအထိအခိုက်လွယ်ပါတယ်။
ဒါကိုလေ့ကျင့်ပေးဖို့ရန် handstand Exercise ကိုချမှတ်ခဲ့ခြင်းပဲဖြစ်ပါတယ်။

တစ်ခြားမှာလည်း ရေကူးခြင်း၊ တောင်တက်ခြင်း၊ နပန်း စသည်တို့ကို ရှိသမျှအင်အားနဲ့လေ့ကျင့်ပေးလျှက်ရှိပါတယ်။
ထို့အပြင် ဂီတနှင့်ပတ်သက်ပြီး absolute pitch ကိုသင်ကြားပေးပါတယ်။
ကြားခဲ့တဲ့အသံပမာဏကို အဲ့ဒီနေရာမှာပဲချက်ချင်းပြန်ဖြေရပါတယ်။

ဘယ်လိုပဲကြည့်ကြည့် သူတို့လေးတွေဟာ ပါရမီရှင်လေးတွေသာဖြစ်ပါတယ်။
ဗီဒီယိုထဲမှာ သူတို့ရဲ့လှုပ်ရှားမှုကိုကြည့်လိုက်ပါအုံး..

အဲ့ဒီပညာရေးဟာ ဂျပန်မှာသာမက၊ ထိုင်းနဲ့အင်ဒိုနီးရှား စတဲ့နိုင်ငံတွေအပါအဝင် နေရာပေါင်း ၃၆၀ မှာလေ့ကျင့်သင်ကြားပေးလျှက်ရှိပါတယ်။

အခြေခံကတော့ သူတို့ကို ကိုယ်တိုင်ပြုလုပ်စေခြင်းနည်းလမ်းပဲဖြစ်ပါတယ်.
သင်ပေးတဲ့ပညာရေးဆိုတာက ကလေးကိုပျိုးထောင်ပေးတာမဟုတ်ပါဘူး။

က‌လေးအားလုံးမှာ ပါရမီကိုယ်စီရှိကြပါတယ်.

လို့ Yokomine ဆိုသူကပြောကြားခဲ့ပါတယ်။

စိတ်ဆန္ဒ၊ လုပ်ချင်ကိုင်ချင်စိတ်၊ သိချင်စိတ်ပြင်းပြခြင်း(စပ်စုခြင်း)၊

self-study ကိုဖြစ်မြှောက်စေဖို့အတွက် ဒီအချက် ၃ ချက်ကိုနှိုးဆော်ပေးဖို့လိုအပ်ပါတယ်.
အဲ့ဒီအတွက် အားလုံးကိုအဆင့်သတ်မှတ်ထားပါတယ်။
အဆင့် ၁ လိုချင်တယ်။ ဒါကြောင့်ကြိုးစားရမယ်။
ဒါဟာ ယှဥ်ပြိုင်လိုတဲ့စိတ်ကိုလှုပ်ဆော်ပေးခြင်းလည်းဖြစ်ပါတယ်။
နောက်ပြီး တစ်ယောက်နဲ့တစ်ယောက်ကိုယှဥ်ပြိုင်စေတယ်။
အဲ့ဒီအတွက်အရေးကြီးတာက successful experience ပါပဲ။

လွယ်ကူတဲ့အရာလေးတွေကို လုပ်ကြည့်လို့တတ်နိုင်သွားပြီဆိုရင် လူကြီးတွေကချီးမွမ်းပေးကြပါတယ်။
ချီးမွမ်းခံရလို့မပျော်တဲ့ကလေးဆိုတာတော့မရှိပါဘူး။
ပိုပြီးချီးမွမ်းခံချင်တဲ့အတွက် ပိုပြီးကြိုးစားလာမယ်။
အဲ့ဒီလိုဆို တစ်ဖြည်းဖြည်းတိုးတက်လာမယ်။
နောက်ပြီး တစ်ခုခုကိုလုပ်နိုင်လာတဲ့မိမိကိုယ်ကိုလည်း ယုံကြည်မှုတွေရှိလာပါမယ်။

ဒီလိုသာဆို သင်ယူလေ့လာမှုမှာသူတို့ကိုယ်တိုင်စိတ်ပါလာပြီဖြစ်ပါတယ်။
သတ်မှတ်တဲ့ကျောင်းသားတစ်စုလောက်ပဲမဟုတ်၊ ကျောင်းသားအားလုံးဟာထိုကဲ့သို့လုပ်ဆောင်နိုင်လာတာက Yokomine ရဲ့အံ့မခန်းတဲ့အချက်ပါပဲ။

ထူးချွန်တဲ့ကျောင်းသားတွေကိုပဲလက်ခံထားတာမဟုတ်ပါဘူး။
အရင်ကတည်းက ပုံမှန်ကျောင်းသားတွေချည်းပါပဲ။
စောစောထပါ။ မပျင်းရိပါနဲ့ လို့စကားအဖြင့်သာပြောနေမယ်ဆိုအဓိပ္ပါယ်မရှိပါဘူး။
သို့သော်၊ ကိုယ်တိုင်လုပ်နိုင်လာပြီဆိုရင်တော့ မိမိဆုံးဖြတ်ချက်နဲ့မှန်ကန်တဲ့နေထိုင်မှုပုံစံဘဝကိုရောက်ရှိသွားမှာဖြစ်ပါတယ်။

ရှုံးနိမ့်မှုဆိုတာလည်း အရေးကြီးတဲ့အတွေ့အကြုံတစ်ခုပဲလို့ဆိုပါတယ်။
Yokomine ပုံစံက နွေရာသီမှာ training camp လည်းရှိပါတယ်။
အဲ့ဒီမှာဟင်းတွေလည်းချက်ကြပြီး၊ ဟင်းတွေကိုချက်ပြုတ်ရတာလည်း ကလေးတွေချည်းသာလျှင်လုပ်ခိုင်းပါတယ်။
အန္တရာယ်များစွာရှိပေမဲ့၊ လုံးဝမကူညီပါဘူး။
စကားလုံးတွေပဲမဟုတ်၊ မိမိကိုယ်ကိုနာကျင်ပြီးသတိယနေဖို့ကို လေ့ကျင့်ပေးပါတယ်။

ချောင်းထဲမှာလည်းပစ်ချပြီးလေ့ကျင့်ပေးသလို ၁၇၀၀ မီတာအမြင့်ရှိတဲ့တောင်ကိုလည်း မိမိရဲ့ခွန်အားနဲ့တက်စေပါတယ်။ တောင်တက်လမ်းကမတ်စောက်ပြီး လူကြီးတွေအတွက်တောင် မလွယ်ကူဘူးလို့ပြောပါတယ်။
လူကြီးတွေတောင်မလုပ်နိုင်တာကို သူတို့ကိုလုပ်စေပြီးအောင်မြင်စေပါတယ်။
အဆုံးစွန်‌သောအောင်မြင်မှုအတွေ့အကြုံဆိုတာ မိမိကိုယ်ကိုယုံကြည်မှုအပေါ်များစွာသက်ရောက်မှုရှိပါတယ်။

ကြိုးစားရင်ဘာမဆိုဖြစ်တယ်။ ဆိုတဲ့အသိဟာ ကလေးတွေရဲ့ဘဝတစ်လျှောက်လုံးအတွက် ရတနာတစ်ခုလိုပါသွားမယ့်အရာပဲဖြစ်ပါတယ်။
ကလေးတွေထိမိခိုက်မိမှာစိုးရိမ်တာ၊ သူတို့တွေမသက်မသာခံစားရမှာစိုးရိမ်တာ စတာတွေချည်းပဲတွေးနေမယ်ဆိုရင် ဒီနေရာအထိသူတို့ရောက်ရှိလာနိုင်မှာမဟုတ်ပါဘူး။

သို့သော် ကလေးတွေရော၊မိဘတွေကပါ ဒီ 幼稚園 kindergarten ကိုပိတ်ချင်တဲ့သူမရှိကြတာကိုတွေ့ရပါတယ်။
ဒီ Yokomine ပုံစံပညာရေးဟာ ဂျပန်မှာသာမကကမ္ဘာတစ်ဝှမ်းမှာပါပျံ့နှံ့လျက်ရှိပါတယ်။
စာဖတ်သူတို့ရော ဒီပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုထင်ပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: