ဒီလိုဓာတ်ပုံမျိုး မရိုက်ချင်ကြဘူးလား?

ဓာတ်ပုံရိုက်ရတာကြိုက်တဲ့သူများအားလုံး မင်္ဂလာပါ”
ဒီတစ်ခါတော့ အားလုံးကို အံ့သြစရာကောင်းလောက်အောင်လှတဲ့ သဘာဝအတိုင်း ဓာတ်ပုံရိုက်ထားတဲ့ ရှုခင်းတွေကို မိတ်ဆက်ပေးချင်ပါတယ်။

ဟွန်ရှူး၏အနောက်တောင်ပိုင်းမှာ鳥取県(とっとりけん)တိုတိုရီစီရင်စု တည်ရှိပါတယ်။

အဲဒီဒေသရဲ့ အနီးအနားမှာ မနေထိုင်တဲ့ ဂျပန်လူမျိုးတွေကတောင် တွေးဆမထားမိတဲ့ ဧရိယာဖြစ်ပေမယ့် အဲဒီမှာ နာမည်ကြီး ထင်ရှားတဲ့ နေရာတစ်ခုရှိပါတယ်။

အဲဒါကတော့ Tottori Sakyu လို့ ခေါ်တဲ့ သဲသောင်ပြင်ပဲဖြစ်ပါတယ်။

 

https://gurutabi.gnavi.co.jp/a/a_1115/

ကမ်းခြေတစ်လျှောက်မှာ အခုလို သဲသောင်ပြင်ကြီးတွေ အတော်များများရှိပြီး သေချာပေါက် အရမ်းကိုလှပတဲ့ရှုခင်းပေါ့။

ဒါပေမယ့် ဒေသခံတွေအတွက်တော့ အမြဲတမ်းမြင်နေကြဆိုပေမယ့် ဒီသဲသောင်ပြင်တွေကိုကြည့်ဖို့ အတွက်တစ်ခုထဲနဲ့ Tottori စီရင်စုကို သွားမယ်ဆိုရင်တော့ အရမ်းကို ‌ဝေးလွန်းပါတယ်နော်?

ဒါပေမယ့် ဒီပုံတွေကိုမြင်လိုက်ပြီဆိုရင်တော့ ဘယ်လောက်ဝေးဝေးသွားချင်စိတ်ဖြစ်လာလေမလား?

 

 

 

 

 

 

 

 

 

 

http://fundo.jp/153444

အေးဆေးတည်ငြိမ်စွာနဲ့ ကမ်းရိုးတန်းရဲ့ အကွာအဝေးတစ်ခုကနေ
ထောင့်ကျယ်မှန်ဘီလူးဖြင့် ဓာတ်ပုံရိုက်တဲ့အခါ ဤကဲ့သို့သောပုံမျိုးထွက်လာပါတယ်။

နေဝင်ချိန်ကတော့ အထူးသဖြင့်ပိုပြီး လှပပါတယ်။ စက်ဘီးနဲ့ အတူ ရိုက်တဲ့ဓာတ်ပုံတွေကတော့ အများဆုံးပါပဲ။ အဲဒီ သဲသောင်ပြင်ပေါ်မှာ စက်ဘီးစီးမယ်ဆိုရင်တော့ Fat Bike ကိုအကြံပြုပါတယ်။

 


ပုံမှန်စက်ဘီးထက် တာယာရဲ့ထုထည်က ၅ ဆပိုများတဲ့စက်ဘီးပါ။
သူနဲ့သာဆိုရင် ကမ်းခြေပေါ်မှာ အငြိမ့် run နိုင်ပါတယ်။ကင်မရာကို သယ်0ကာ Fat Bike လေးစီးပြီး ဓာတ်ပုံရိုက်ဖို့အတွက် အလှဆုံးနေရာတွေကို ရှာကြမယ်။

စကားမစပ် Tottori စီရင်စုရှိ လေဆိပ်ရဲ့အမည်က Tottori သဲသောင်ပြင် Conan လေဆိပ်လို့ ခေါ်ပါတယ်။
အားလုံးသိကြတဲ့ မဟာစုံထောက် Conan ရဲ့ နာမည်ကို ယူပြီး နာမည်ပေးထားတာဖြစ်ပါတယ်။

Conan ကိုရေးသားတဲ့ သူ Aoyama ကတော့ Tottori စီရင်စုမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။လေယာဉ်ကွင်းမှာဆိုရင် ထင်ထားတာထက်ပိုပြီး Conan ပုံတွေနဲ့ ပြည့်နေတာပဲ။

 

 

 

 

 

 

 

 

 

 

 


https://tottorinoto.com/tottorisakyu-conankuko/

အပေါ်ကသံဘောင်နားမှာတောင် ဒီလိုရှိနေတာနော်


https://tottorinoto.com/tottorisakyu-conankuko/

အဲဒါကို သတိမပြုမိတဲ့သူတွေကတော့ အများကြီးရှိပါတယ်။

သဲသောင်ကမ်းခြေက ပုံတွေက ဆွဲဆောင်ပြီး သွားချင်တဲ့သူတွေရှိသလို လေဆိပ်မှာရှိတဲပုံတွေကလည်း Conan ကို ကြိုက်တဲ့ သူတွေအတွက်လည်း ဆွဲဆောင်နေပါတယ်။

ဓာတ်ပုံလည်းကြိုက် Conan လည်း ကြိုက်တဲ့ သူတွေအတွက် . . .Tottori ကို အလည်တစ်ခေါက်တော့ လာရောက်စေချင်ပါတယ်နော်~

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: