Rugby ဆော့တဲ့ လူသန်မာကြီးတွေဖြစ်ပေမဲ့ စိတ်ဓါတ်ကတော့ လေးစားစရာ!!!

Rugbyကို မသိတဲ့လူတစ်ယောက်ကကြည့်လိုက်ရင်တော့ လုကြဖဲ့ကြ ရန်ဖြစ်နေရုံကလွှဲပြီးမရှိတဲ့ အားကစားပါလို့ပြောရင် ၁၀၀ ရာခိုင်နှုန်းကိုထောက်ခံပါတယ်။

ဒါပေမဲ့ ဒီအားကစားကတော့ လူသန်ဗလတောင့်တောင့် ယောက်ျားကြီးတွေဆော့တာပါ။

လုကြဖဲ့ကြတယ်ဆိုပေမဲ့လည်း လုချင်တိုင်းတော့ လုခွင့်မရှိဘူးပေါ့

သူတို့မှာလည်း စည်းနဲ့ကမ်းနဲ့ သတ်မှတ်ပေးထားတဲ့ ဘောင်အတွင်းဆော့ရတာဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလားတောင် ကျင်းပပြီးပြီဖြစ်တဲ့ Rugby အားကစားကို စာဖတ်သူတို့သိကြပြီးပြီလား?

၁၈၂၃ ခုနှစ်မှာ ဘောလုံးပွဲကနေကွဲထွက်သွားတဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ အားကစားတစ်ခုပါပဲ။ England ကနေအစပြုခဲ့တာပေါ့။

https://www.sixnationsrugby.com

 

 

ထူးဆန်းတဲ့ဘောလုံးတစ်လုံးကို လက်မှာပိုက်ပြီးပြေးနေကြတာ!!!

ဘောလုံးအားကစားကနေကွဲထွက်လာတယ်လို့ မထင်ရလောက်အောင် အားရှိသမျှနဲ့ အချင်းချင်းတိုက်ခိုက်နေတဲ့ပုံစံ တော်ပါပြီဗျာ!!!

အကွဲအပြဲနဲ့ ဒဏ်ရာတောင်ရနိုင်တဲ့ တိုက်ခိုက်ရတဲ့အားကစားကြီးပဲဖြစ်ပါတယ်။

ဘောလုံးပွဲမှာကတော့ အဲ့ဒီလိုအချင်းချင်း တွန်းတိုက်မိပြီးလဲကျရင် Whistle မှုတ်ပြီး ပွဲကိုခဏရပ်လိုက်တယ်။ ပြစ်ဒဏ်ဘောအနေနဲ့ပေးလိုက်ပေမဲ့ Rugby မှာတော့ လဲကျလည်းအေးဆေးပါပဲ ဆက်ကစားရပါတယ်။

 

တစ်ဖက်သူနဲ့တိုက်မိပြီး ရပ်သွားလဲ အဆင်ပြေပါတယ်။ သေချာပေါက် ဝင်တိုက်သူမှာတော့ စည်းကမ်းလေးတွေသတ်မှတ်ပေးထားတာမျိုးတော့ ရှိပါတယ်။

 

Rugby မှာဘောလုံးမတူ ကွဲပြားပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအများကြီးရှိပါတယ်။

 

ကစားနေတဲ့အတွင်းမှာတော့ တစ်ဖက်နဲ့တစ်ဖက် ရန်သူတွေလို သဘောထားပြီး တိုက်ခိုက်ကြပေမဲ့၊ ပွဲခဏနားတဲ့အချိန်မှာတော့ no side လို့ပြောပါတယ်။ no side ဆိုတာ တစ်ဖက်အသင်း၊ ရန်သူမရှိတော့ဘူး အားလုံးသင့်သင့်မြတ်မြတ် ပြန်နေကြမယ်ဆိုတာကို ပြောချင်တာပါ။

 

ဘောလုံးပွဲလိုပဲ အဝါကဒ်ပြတာတွေလည်းရှိတယ်။ စောစောကမှ ဘောလုံးရဖို့ ရန်သူတွေလိုအသည်းအသန်တိုက်ခိုက်နေကြတာ,

အော်!. no side လို့ပြောတာနဲ့ ပွဲခဏရပ်ပြီး ၂ သင်းစလုံး ချစ်ချစ်ခင်ခင် ပြန်နေရပါတယ်။

အထူးအဆန်းဖြစ်နေတယ်မဟုတ်လား? သို့သော် ဒါကတော့ Rugby ကစားသူတွေလိုက်နာရတဲ့ အခြေခံစည်းမျဥ်းပဲဖြစ်ပါတယ်။ ပျော်ဖို့ ကောင်းသလိုပဲနော်!!!!

 

ဘောလုံးပွဲမှာတော့ အမှန်တကယ်သတ်မှတ်ထားတဲ့အချိန်ထက် ဒိုင်လူကြီးတွေထပ်ပြီးပေးတဲ့ အချိန်ပိုဆိုတာရှိပါတယ်။ ဒါပေမဲ့ Rugby မှာတော့ ထပ်ပြီးပေးတဲ့အချိန်ပိုဆိုတာမရှိပါဘူး။

 

အံ့သြဖွယ်ရာဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့ပါတယ်.

 

岩手県釜石市(かまいしし)Iwate ခရိုင် Kamaishi မြို့မှာ ပြိုင်ပွဲဝင်ဖို့ ရောက်ရှိနေခဲ့တဲ့ ကနေဒါ အသင်း!

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ ဂျပန်ကိုရောက်ရှိလာပါတယ်။

တိုက်ဆိုင်ချင်တော့ တိုင်ဖွန်းမုန်တိုင်းကြောင့် ပြိုင်ပွဲရပ်နားလိုက်ရပါတယ်။

ဒါပေမဲ့ နောက်တစ်ကြိမ်ပြန်ကျင်းပဖို့ သူတို့ကိုယ်တိုင်ပဲဆုံးဖြတ်ခဲ့ပါတယ်။

 

https://the-ans.jp/rugby-world-cup/88260/

 

 

 

 

https://www.huffingtonpost.jp/entry/rugby-canada_jp_5da2c463e4b06ddfc51b1817

 

ဒါကတော့ ခက်ရင်းခွတွေ ဂေါ်ပြားတွေယူပြီး တိုင်ဖုန်းမုန်တိုင်းကြောင့်တင်ကျန်ခဲ့တဲ့ အမှိုက်တွေ၊ ရွံ့တွေကို သူတို့ကိုယ်တိုင် ဝိုင်းကူပြီးဖယ်ရှားပေးနေတဲ့ပုံပါ။

 

မုန်တိုင်းပြီးသွားလို့ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေအတွက် ဂျပန်နိုင်ငံမှာ လူလုပ်အားမလုံလောက်တဲ့အချိန်၊ သန်မာတဲ့ယောက်ျားကြီးတွေက ဒီလိုအဆင်သင့်ရှိနေတာ ကျေးဇူးတင်စရာပါပဲခင်ဗျာ !!! (ရယ်လျက်)

 

မြန်မာနိုင်ငံမှာ Rugby ကိုတော်တော်လေးလူသိနည်းနေသေးတယ်နော်!!

ဒီအားကစားသမားတွေရဲ့ စိတ်ဓါတ်က အရမ်းကိုအထင်ကြီးဖို့ကောင်းပါတယ်။

သေချာပေါက် မြန်မာနိုင်ငံမှာလည်း ဒီလိုနာမည်ကြီးပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Rugby ကိုဆော့စေချင်ပါတယ်!!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: