ပိုက်ဆံမရှိတဲ့ ဂျပန်နိုင်ငံရဲ့ ကိုယ်စားပြု Rugby အသင်း

ရပ်ဘီကစားနည်းဟာ မြန်မာနိုင်ငံမှာရော၊ ဂျပန်နိုင်ငံမှာပါ သိပ်ပြီးနာမည်မကြီးပါဘူး။

ဒါပေမဲ့ England တို့ New Zealand တို့မှာတော့ တော်တော်လေးကို နာမည်ရပြီး လူကြိုက်များတဲ့ဘောလုံးကစားနည်းတစ်မျိုးပါပဲ။

ဘောလုံးပွဲကနေကွဲထွက်လာတယ်လို့သာပြောပါတယ်၊ သန်မာတဲ့ယောက်ျားကြီးတွေက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်တဲ့ပုံစံမျိုးဖြစ်ပြီး ဘောလုံးပွဲလို့ပြောရမှာထက် တိုက်ကွမ်ဒိုဆော့နေတယ်လို့ပြောရင် ပိုပြီးမှန်ပါလိမ့်မယ်။

 

https://gunosy.com/articles/Rwp1K?s=s

 

အာရှသားတွေက ပိုပြီးကိုယ်ခန္ဓာတောင့်တင်ကြပါတယ်။ ဂျပန်နိုင်ငံမှာလည်း မထင်မှတ်ဘဲ လူကြိုက်များတဲ့အားကစားတစ်ခုဖြစ်လာပြီး တစ်ဖြည်းဖြည်းနဲ့ပိုပိုပြီး အားကောင်းလာခဲ့ပါတယ်။

ကျန်ခဲ့တဲ့ ၂၀၁၉ ခုနစ်မှာလည်း ဂျပန်နိုင်ငံမှာ ရပ်ဘီကမ္ဘာ့ဖလားကို ကျင်းပခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ အဆင့်တွေတစ်ခုပြီးတစ်ခုကို ကျော်ဖြတ်သွားပြီး final league အထိရောက်ရှိသွားခဲ့ပါတယ်။

ဒါပေမဲ့လည်း စိတ်မကောင်းစွာနဲ့ပဲ final league မှာရှုံးနိမ့်သွားခဲ့ပါတယ်။ အံ့သြစရာကောင်းလောက်တဲ့ လူကောင်သန်သန်မာမာကြီးတွေက ကမ္ဘာ့ဖလားကိုလုကြတဲ့အပေါ် ဂျပန်နိုင်ငံသားပရိသတ်အမြောက်အများကလည်း အုတ်အော်သောင်းနင်း အားပေးခဲ့ကြပါတယ်။

 

ဒီ ရပ်ဘီကစားပွဲဟာ တကယ်တော့ ဂျပန်နိုင်ငံမှာ ပိုက်ဆံအဲ့ဒီလောက်မရပါဘူး။

ဂျပန်နိုင်ငံကိုယ်စားပြုအနေနဲ့ ယှဥ်ပြိုင်ကစားကြတဲ့ ကစားသမားတွေက တစ်ရက်ကိုမှ ယန်း၁ သောင်းလောက်ပဲရကြပါတယ်။ ဘောလုံးကစားသမားတွေနဲ့ယှဥ်ရင် တော်တော်လေးနည်းတယ်လို့ ပြောလို့ရတယ်။ လေ့ကျင့်တဲ့အချိန်ပဲဖြစ်ဖြစ်၊ ပြိုင်ပွဲကာလပဲဖြစ်ဖြစ် ပုံမှန်ယန်း ၁ သောင်းပါပဲ။

သူတို့တွေက ဒီငွေပမာဏလောက်လေးနဲ့လည်း ကျေနပ်ပြီး၊ ရက်ပေါင်း ၂၄၀ ရှိတဲ့ Training camp မှာ မြန်မြန်ဆန်ဆန်နဲ့ လေ့ကျင့်မှုတွေလုပ်ပြီး အရည်အချင်းတွေကို တိုးတက်စေပါတယ်။

 

ဒါပေမဲ့လည်း ကမ္ဘာမှာနံပါတ်တစ်နေရာရောက်နေတဲ့ England ရဲ့ကိုယ်စားလှယ်အသင်းကတော့ ပြိုင်ပွဲရှိတဲ့ကာလမှာဆိုရင် ခန့်မှန်းချေတစ်ရက်ကို ဂျပန်ယန်းနဲ့ ၃၅၀ သောင်းရရှိပါတယ်။

လုံးဝကို အခကြေးငွေကကွာတယ်နော်!!

 

ဂျပန်နိုင်ငံရဲ့ ကိုယ်စားလှယ်အသင်းရတဲ့ ဝင်ငွေပမာဏကတော့ Professional မဟုတ်ဘဲ အပျော်တမ်းကစားသမားတစ်ယောက် ရရှိတဲ့ဝင်ငွေပမာဏလောက်ပဲ သူတို့ရရှိကြပါတယ်။

Rugby ဆိုတာကတော့ အရင်အချိန်ကပိုက်ဆံတို့ ပစ္စည်းတို့လဲလှယ်ခြင်းတွေမလုပ်ဘဲ အပျော်တမ်းဆော့တဲ့ ကစားနည်းတစ်မျိုးဖြစ်ခဲ့ပေမဲ့လည်း၊ ၁၉၉၀ ခုနှစ်ကနေစပြီး ဥရောပနိုင်ငံတွေမှာ Professional အားကစားတစ်ခုအဖြစ်ပြောင်းလဲလာပြီး၊ ဝင်ငွေအများဆုံးအားကစားတစ်ခုဖြစ်လာခဲ့ပါတယ်။

 

ဂျပန်မှာတော့ ဥရောပနိုင်ငံတွေထက်နောက်ကျပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ Professional ကစားပွဲတစ်ခုဖြစ်လာကာ၊ စိတ်ဝင်စားကြတဲ့သူတွေကလည်း ကုမ္ပဏီမှာအလုပ်လုပ်နေလျက်ပင် ဝင်ကစားကြတဲ့အတွက် လက်ရွေးစင်ကစားသမားတွေအဖြစ်ရွေးချယ်ခြင်းခံရခဲ့ပါတယ်။

ဒီလိုနည်းနဲ့ပဲ ဂျပန်နိုင်ငံရဲ့ Rugby အသင်း စဖြစ်လာတာပေါ့။

 

သို့ပေမဲ့လည်း ဂျပန်နိုင်ငံမှာ Rugby ဆိုတာလူသိနှုန်းက နိမ့်နေသေးတဲ့အတွက် ဝင်ငွေပမာဏကလည်း ဒီလိုနည်းနေရတာပဲဖြစ်ပါတယ်။

“အဲ့ဒီအချက်ကြောင့်ပါပဲ ဂျပန်နိုင်ငံရဲ့ ကိုယ်စားပြုအသင်းဟာ နံပါတ်တစ်နေရာရောက်ဖို့ တော်တော်လေးခက်ခဲပါလိမ့်မယ်”လို့ ကစားသမားဟောင်းတစ်ယောက်က ထင်မြင်ယူဆခဲ့ပါတယ်။

 

ပြောရမယ်ဆိုရင် ဒီကစားနည်းကတော်တော်လေး တိုက်ခိုက်ရတဲ့ပွဲဖြစ်သလို ဒဏ်ရာလည်းအနည်းနဲ့အများ ရကြတာပေါ့။

နိုင်ငံတကာအသင်းတွေနဲ့ ယှဥ်ပြိုင်ကစားရင်တော့ ပိုပြီးတော်တဲ့အသင်းက တိုက်ခိုက်မှုနဲ့အတူ ဒဏ်ရာရရှိမှုအများဆုံးပါပဲ။ ဒဏ်ရာရပြီဆိုတာနဲ့ အလုပ်အတွက်ထိခိုက်မှုတွေကလည်း ရှိလာတာကြောင့် ဂျပန်ကိုယ်စားလှယ်အနေနဲ့ ရွေးချယ်ခံရလည်းပဲ ငြင်းဆိုတဲ့လူတွေက တော်တော်လေးများကြတယ်။

 

အဲ့ဒီအထဲကမှာ ဂျပန်နိုင်ငံသားအဖြစ်ခံယူလိုက်တဲ့ Reach Michael က ဂျပန်ကိုယ်စားလှယ်အသင်းမှာ leader တစ်ယောက်ဖြစ်လာပြီးတော့၊ ပြိုင်ပွဲနဲ့ပတ်သက်ပြီး လှုံဆော်ပေးမှုတွေ၊ အားပေးမှုတွေနဲ့အတူ ကစားသမားတွေရဲ့ စိတ်ကို တက်ကြွစေခဲ့ပါတယ်။

 

ဂျပန်ရဲ့ Rugby နဲ့ပတ်သက်သူမှန်သမျှဟာ ဂျပန်နိုင်ငံရဲ့ ကိုယ်စားလှယ်ပဲ!!!!

 

အဲ့ဒီလို အားပေးတဲ့စကားတွေနဲ့အတူ ထိပ်တန်းကစားသမားတွေကိုလည်း ဆွဲခေါ်သွားခဲ့ပါတယ်။

 

Rugby လိုမျိုးလူသန်ကြီးတွေ ကစားကြတဲ့ပွဲမှာ ဂျပန်လိုလူကောင်သေးတဲ့အသင်းက ဘယ်လိုနည်းနဲ့ ကမ္ဘာ့ဖလားကိုရရှိနိုင်ပါ့မလဲ?

 

နည်းလမ်းရှာကြည့်ဖို့ရန် တစ်ရက်ကို ယန်း ၁ သောင်းလောက်သာရတဲ့၊ Training camp မှာ ရက်ပေါင်း ၂၄၀ နေပြီး၊ Teamwork တစ်ခုကို သူကိုယ်တိုင်တည်ဆောက်ခဲ့ပါတယ်။

 

 

https://すぽいべ.com/ラグビー-ワールドカップ-日本-結果/

 

ဒီလိုနည်းနဲ့ လပတ်ကစားပွဲတွေမှာ အနိုင်ရလာပြီး၊ ၂၀၁၉ ခုနှစ် ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ final ကမ္ဘာ့ဖလားမှာတော့ စိတ်မကောင်းစွာနဲ့ပဲ တောင်အာဖရိကကို ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမဲ့ သတင်းကောင်းတစ်ခုက အာရှတစ်ခွင်မှာတော့ နံပါတ်တစ်နေရာကိုရောက်ရှိသွားတာပါ။

 

သို့သော် လူကောင်သေးပေမဲ့၊ လူသန်ကြီးတွေကို အနိုင်ယူနိုင်ကြောင်း ကမ္ဘာကိုချပြနိုင်ခဲ့တယ်ပေါ့!!

 

ပြိုင်ပွဲပြီးလို့ ရှုံးနိမ့်သွားရပေမဲ့၊ ကြီးကြီးမားမားဒဏ်ရာတွေလည်းမရခဲ့လို့ တော်ပါသေးတယ်လို့ပဲ ပြောရမှာပေါ့ဗျာ!!!

ဒီကမ္ဘာ့ဖလားကြောင့်ပဲ ဂျပန်လူမျိုးတွေလည်း ဂျပန်ရပ်ဘီကိုပိုပြီးသိလာရသလို၊ ဂျပန်နိုင်ငံရဲ့အားကစားထဲမှာလည်း ဒါကိုအဓိကအားကစားတွေထဲက တစ်ခုအဖြစ် ပါဝင်စေချင်တယ်။ နောက်ပြီးကစားသမားတွေကလည်း ပိုပြီးတက်ကြွလာစေဖို့ ဆုလာဘ်တွေပေးတဲ့ ကစားပွဲတစ်ခုလည်း ဖြစ်စေချင်မိပါတယ်!!!

မြန်မာနိုင်ငံမှာလည်း Rugby ကစားနည်းကို စိတ်ဝင်စားကြသူတွေ ရှိပါသလား?

 

Kango Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: