အသက် ၅၂ နှစ်အရွယ် ဂျပန်နိုင်ငံရဲ့အကျော်ကြားဆုံး Professional ဘောလုံးကစားသမား

လွန်ခဲ့တဲ့ ၂၈ နှစ်မတိုင်မီက ဂျပန်မှာနာမည်ကြီး professional ဘောလုံးအသင်း J1 League ရှိခဲ့တယ်။

၂၈ နှစ်ဆိုတာ အချိန်တွေအရမ်းကြာခဲ့ပြီပေါ့။ အဲ့ဒီအချိန်က ဘောလုံးကစားသမားတွေလည်း အခုအနားယူကုန်ကြပါပြီ။ ဒါပေမဲ့ အဲ့ဒီထဲကတစ်ယောက်ကတော့ အသက် ၅၂ နှစ်အရွယ်အထိ အကောင်းဆုံးတိုက်ကွက်တွေနဲ့ ကစားနေပါတယ်။

 

ဂျပန်နိုင်ငံရဲ့  ဘောလုံးအသင်း အရှိန်အဟုန်ကောင်းခဲ့တာကတော့ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်၊ J1 League အသင်းကြီးရှိခဲ့တဲ့အချိန်ပေါ့။

အဲ့ဒီအချိန်တုန်းက ဂျပန်နိုင်ငံရဲ့အားကစားလို့ပြောလိုက်ရင် ဘော့စ်ဘော နဲ့ ဆူမို (၂ ) မျိုးပဲရှိပါသေးတယ်။ ၁၉၉၂ ခုနှစ်လောက်ရောက်မှ ဂျပန်ရဲ့ အားကစားလောကထဲကို ဘောလုံးပွဲရောက်လာခဲ့ပါတယ်။

 

အဲ့ဒီ ၁၉၉၂ ခုနှစ်မှာ ဂျပန်ရဲ့ ဘောလုံးအသင်းက ကမ္ဘာ့ဖလားစားရင်းတောင်ဝင်မလား? လို့ သုံးသပ်ကြတယ်။ ဘောလုံးပွဲဆိုတာဘာမှန်းမသိ၊ မကြည့်တတ်၊ နားမလည်တဲ့ သူတွေတောင်ဘောလုံးပွဲကြည့်တတ်လာခဲ့တယ်။

 

အဲ့ဒီအချိန်က ကစားခဲ့တဲ့ကစားသမားတွေကလည်း ခုအချိန်ဆိုအသက်တွေကြီးပြီး အနားယူကြပါပြီ။

ဒါပေမဲ့ တစ်ယောက်တော့ ဆက်ပြီးကစားနေတုန်းပါပဲ။

 

 

https://www.cnn.co.jp/showbiz/35147951.html

 

 

ဒီနှစ်ဆိုရင် သူ့အသက် ၅၃ထဲမှာရှိနေပါပြီး။ သူကတော့ ကမ္ဘာ့အသက်အကြီးဆုံး professional ကစားသမားတစ်ဦးဖြစ်တဲ့ Miura kazuyoshi ပဲဖြစ်ပါတယ်။

Yokohama FC အသင်းမှာ စာချုပ်ချုပ်ထားပါတယ်။ ဒီစာချုပ်ကတော့ ၁၂ ပေါ့။ သူရဲ့ ကစားသမားသက်တမ်းက ၃၅ နှစ်ရှိပါပြီ။

 

သူဒီနယ်ပယ်မှာ professional ဖြစ်လာရတဲ့အကြောင်းအရင်းကတော့ ၁၉၈၆ ခုနှစ် ဘရာဇီးနိုင်ငံမှာ အစပြုခဲ့ပါတယ်။ အသက် ၁၅ နှစ်မှာ ဘရာဇီးမှာကျောင်းသွားတက်ရင်းနဲ့ ဘောလုံးလောကထဲကို ဝင်လာခဲ့ပါတယ်။

၁၉၉၀ ကနေစပြီး နောက်ထပ် ၁၀ နှစ်အတွင်းမှာ ဂျပန်နိုင်ငံရဲ့ ကိုယ်စားလှယ်အနေနဲ့တောင် အသိအမှတ်ပြုခံရပြီး၊ ဘောလုံးပွဲစဥ်ပေါင်း ၈၉ ပွဲ နဲ့ ဂိုးပေါင်း ၅၅ ဂိုးကို လှလှပပလေးသွင်းနိုင်ခဲ့ပါတယ်။

 

ဒါပေမဲ့လည်း ပြင်သစ်ကမ္ဘာ့ဖလားရဲ့ လက်ရွေးစင်အားကစားသမားဘ၀ကနေ အထုတ်ခံရပေမဲ့၊ ဂျပန်ရဲ့ ဘောလုံးအားကစားကို ဒီအထိခေါ်လာပေးနိုင်တယ်ဆိုတာနဲ့ ပြန်ယှဥ်ကြည့်ရင် အရှုံးမရှိဘူးမဟုတ်လား။

 

သူရဲ့နာမည်ကိုလည်း King Kaz ဆိုပြီးတော့တောင် ပြောင်းခေါ်ကြပါတယ်။

အမြဲတမ်း positive thinking ရှိတဲ့ kazuyoshi တစ်ယောက်၊ သူကိုကြည့်ရင် အမြဲတမ်းသွက်သွက်လပ်လပ်နဲ့ ပေါ့ပါးနေတဲ့ လူငယ်တစ်ယောက်လိုပါပဲ။

 

https://www.soccerdigestweb.com/news/detail/id=34691

 

အသက်ကလည်းရနေပြီဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်ဖို့သင့်တော်တဲ့ အနေအထားတစ်ခုမဟုတ်တော့ပါဘူး။ ပုံမှန်လူသာဆိုရင် အနားယူလိုက်ပြီပေါ့။

ကျွန်တော်တို့ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ လူငယ်တွေလို သိပ်ပြီးမပြေးနိုင်၊ မလှုပ်ရှားနိုင်တော့တာကို လူတွေကိုအသိမပေးချင်ဘူးမဟုတ်လား?

ဒါပေမဲ့သူကတော့ “ သွက်သွက်လပ်လပ်နဲ့ဘောလုံးဆက်ကစားချင်လို့ပါ” ဆိုပြီးပြောထားပါတယ်။ ဒါကလည်း “စိတ်ပျိုကိုယ်နု”လို့ပဲ ပြောရမှာပေါ့နော်။

 

“လူငယ်တွေလို ကိုယ်ခန္ဓာက မတောင့်တင်းနိုင်တော့ရင်၊ လူငယ်တွေထက်ပိုပြီး လေ့ကျင့်မှုတွေလုပ်သင့်ပါတယ်။

အစားအသောက်တွေကအစ ကရုစိုက်တယ်။ အဆီမစားဘူး။ တစ်နေ့ကို ၄ ကြိမ် ၅ကြိမ်လောက် ကိုယ်အလေးချိန်တိုင်းတယ်။ စစ်ဆေးတယ်။”

 

ဒီအချိန်ထိ ဘာကြောင့်ဆော့နေရတာလဲလို့မေးကြည့်တဲ့အခါမှာ တစ်ခွန်းတည်းပဲ ပြန်ဖြေပါတယ်။

“ ဘောလုံးကစားရတာကို နှစ်သက်လို့ပါ”

 

သူက ၂၀၁၁ ခုနှစ်က ဟိုချီမင် မြို့ကနေလာပြီး ကိုးရီးယားနိုင်ငံ Pakchisong ကစားသမားရဲ့ ပရဟိတပွဲစဥ်မှာ ကစားပေးခဲ့တယ်။

ဘောလုံးပွဲလို့ပြောလိုက်ရင် ဘယ်နေရာမှာဖြစ်ဖြစ် သူသွားတယ်။

ဘောလုံးပွဲစဥ်တွေမရှိတဲ့နေ့တွေဆို suit ကိုပဲဝတ်ဆင်ထားတာမြင်တွေ့ရမှာပါ။ Professional ကစားသမားတစ်ယောက်အနေနဲ့ ကိုယ်ခန္ဓာရဲ့ ပြောင်းလဲလာမှုတွေကို လူတွေရှေ့မှာ မပြသချင်လို့ အမြဲ suit ဝတ်တာပါဆိုပြီးတော့လည်း ပြောထားပါတယ်။

 

ဘောလုံးအားကစားသမိုင်းတစ်လျှောက်လုံးမှာ အသက်၅၀ ကျော်ကစားသမားဆိုရင် သူကလွဲပြီးဘယ်သူမှမရှိပါဘူး။

နောက်ပြီး သူဟာနှစ်စဥ်နှစ်တိုင်း သူလုပ်နိုင်ခဲ့တာတွေကို မှတ်တမ်းတင်ထားတတ်တဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။

 

ဒီလောက်အထိ ဘောလုံးနဲ့ပတ်သက်ပြီး စိတ်ထက်သန်တဲ့ Kazuyoshi က ဘောလုံးလောကရဲ့ ဘုရင်ပဲလို့တောင် တင်စားခေါ်ဝေါကြပါတယ်။

 

အခုတော့ King Kaz က ဘောလုံးလောကကနေ အနားယူလိုက်ပါပြီ။

ဘောလုံးဝါသနာပါသူတွေ သူတို့အားပေးတဲ့ အားကစားသမားတွေက အနားယူသွားတဲ့အချိန်မှာ ငိုကြသလိုမျိုးပဲ၊ ကျွန်တော်လည်း ဒီစာကိုရေးနေတဲ့အခါမှာ မျက်ရည်ကျမတတ် Kazuyoshi ကို အားကျလေးစားမိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: