ဂျပန်ရဲ့ National Colour က အပြာရောင် ?

ဂျပန်အမျိုးသားဘောလုံးကစားသမားတွေ ဝတ်ဆင်တဲ့ယူနီဖောင်း က အပြာရောင်ဖြစ်‌နေတာကို စိတ်မသက်မသာခံစားရတဲ့သူတွေ ရှိပါသလား ?

https://news.yahoo.co.jp/byline/soichihayashisr/20180404-00083531/

Samurai Blue လို့ခေါ်တဲ့ ဘောလုံးအသင်းရဲ့ အပြာရောင်ကနေ National Colour ဖြစ်လာတာပါ။

ဒါပေမယ့် နိုင်ငံတော်အလံကတော့ အဖြူနှင့်အနီပါပဲ။ ဘယ်နေရာထဲမှာမှ အပြာ‌ရောင်မပါဝင်ပါဘူး။

သီအိုရီကတော့ များစွာရှိပါတယ်။ ဘောလုံးအသင်းရဲ့ အပြာရောင်ယူနီဖောင်းတွေကြောင့်ဆိုသလို ပင်လယ်နဲ့ကောင်းကင်ရဲ့ အရောင်တွေကြောင့် ဆိုပြီး အမျိုးမျိုးပြောကြပါတယ်။

ဒါပေမယ့် အဲလိုမဟုတ်ပါဘူး။

JAPAN BLUE ဆိုတဲ့ စကားလုံးကို အချို့နိုင်ငံခြားသားတွေအကြား အသုံးပြုခဲ့ကြပြီး အဲလို အသုံပြုခဲ့ကြတာဟာ ၁၈၇၅ ခုနှစ်ဝန်းကျင်လောက်မှာ ဖြစ်တဲ့အတွက်ကြောင့် ဘောလုံးအသင်းယူနီဖောင်း မတိုင်ခင်ကတည်းက ဖြစ်ပါတယ်။

ဂျပန်နိုင်ငံကိုလာတဲ့နိုင်ငံခြားသားတွေက ဂျပန်မှာတွေ့ရတဲ့ အပြာရောင်ဟာလှပပြီး အဲဒီအရောင်ကို JAPAN BLUE လို့နာမည်ပေးခဲ့ပါတယ်။

အဲဒီ အပြာရောင်ကတော့ ဂျပန်မှာရှိတဲ့ 藍色(あいいろ)မဲနယ်ရောင်ဆိုတဲ့ နက်ရှိုင်းတဲ့ အရောင်ဖြစ်ပြီး ပုံမှာပြထားတဲ့ ကီမိုနိုရဲ့ အရောင်ဖြစ်ပါတယ်။

တကယ်ကတော့ ဒီလိုအ‌ရောင်ကို မဲနယ်ရောင်လို့ခေါ်ပါတယ်။

https://www.fashion-press.net/news/26716

နိုင်ငံခြားသားတွေမြင်တဲ့ ဂျပန်ရဲ့အရောင်က အပြာရောင်ဖြစ်လာပြီး
အဲဒီကနေမှ JAPAN BLUE ဆိုပြီးဖြစ်လာပါတယ်။
ဘောလုံးအသင်းကလည်း ၎င်းစကားလုံးကို မွေးစားအသုံးပြုခဲ့ပြီး Samurai Blue ဖြစ်လာတယ် လို့ဆိုပါတယ်။
အရင်တုန်းကတော့ အခုခေတ်လောက် မြို့ထဲမှာ အရောင်တွေပြည့်လျှံနေတာမဟုတ်တဲ့အတွက်
ဒီအပြာရင့်ရောင်ကအရမ်းပဲ သိသာထင်ရှားခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဂျပန်ဘောလုံးအဖွဲ့ရဲ့ ယူနီဖောင်းအကြောင်းကိုပြောရမယ်ဆိုရင်
နောက်ထပ် ထူးဆန်းတဲ့အရာတစ်ခုရှိပါတယ်။
သူတို့ရဲ့ရင်ဘတ်ပေါ်မှာရှိတဲ့ အမှတ်အသားတွေကို အနီးကပ်ကြည့်ကြည့်ပါ။

https://matome.naver.jp/odai/2140144631575047101

ဒါကတော့ ဂျပန်ဘောလုံးအသင်းရဲ့ JFA အမှတ်တံဆိပ်ဖြစ်ပီး ခြေထောက်သုံးချောင်းဖြစ်နေပါတယ်။

ပုံမှားနေတာတော့မဟုတ်ပါဘူး။

八咫烏(やたがらす)Yatagarasu လို့ခေါ်တဲ့ ခြေထောက်သုံးချောင်းရှိတဲ့ ကျီးကန်းဖြစ်ပါတယ်။

https://matome.naver.jp/odai/2140144631575047101

ဂျပန်ရဲ့ ဒဏ္ဍာရီထဲမှာ ပေါ်ထွန်းလာတဲ့
ဘုရားသခင်ရဲ့ ကောင်းကင်တမန်ငှက်၊
ဧကရာဇ်မင်းရဲ့ လမ်းညွှန်အဖြစ် ပြောစမှတ်ပြုကြပါတယ်။
八咫烏の八咫(やた)Yata ရဲ့ အဓိပ္ပါယ်က
အရမ်းကြီးတယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။

အလွန်ကြီးမားတဲ့အရာတစ်ခုခုကို ဦးဆောင်တဲ့ငှက်ဆိုတဲ့ အဓိပ္ပါယ်ကိုအစွဲပြုပြီး
၁၉၃၁ ခုနှစ်မှ စ၍ ဂျပန်အသင်းကိုအောင်ပွဲသို့ ဦးဆောင်ပေးမယ်ဆိုတဲ့ ကံကောင်းစေတဲ့အရာအဖြစ်
JFA ရဲ့ သင်္ကေတတစ်ခုအဖြစ်အသုံးပြုခဲ့ပါတယ်။

စကားမစပ်၊ ခြေနှစ်ချောင်းပါတဲ့ သာမန်ကျီးကန်းကို ကံမကောင်းစေတဲ့ ငှက်ဆိုပြီ အမုန်းခံရပါတယ်။
ကျီးကန်းတွေအရမ်းအော်ဟစ်နေပြီဆို လူသေတတ်တယ် တို့ဘာတို့ . . .

စိတ်ဝင်စားစရာတစ်ခုကတော့ ခြေထောက်တစ်ချောင်း ထပ်ပိုလာတာနဲ့ အဓိပ္ပါယ်  က လုံးဝဆန့်ကျင်ဘက်ဖြစ်သွားတာပါပဲ။

ဒီ Yatagarasu လို့ ခေါ်တဲ့ငှက်က တရုတ်ဒဏ္ဍာရီ မှဖြစ်လာပုံရပါတယ်။
မြန်မာမှာ‌ရော ဒီလိုပုံပြင်မျိုးကြားဖူးပါသလား ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: