မြန်မာနိုင်ငံမှာ deaf soccer နည်းပြအဖြစ် သင်ကြားပေးနေတဲ့ ဂျပန်လူမျိုး

စာဖတ်သူတို့ရေ အားကစားကို ကြိုက်နှစ်သက်ပါသလား ?

ကလေးအရွယ်ကတည်းကနေ အားကစားတွေလုပ်ခဲ့ဖူးတယ်ဆိုရင် ကြီးလာတဲ့အခါမှာ အားကစားလုပ်ရတာက ဝါသနာတစ်ခုအနေနဲ့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

လတ်တလောမှာလည်း အားကစားလုပ်တဲ့သူတွေ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံကကလေးတွေအနေနဲ့ ကျွမ်းကျင်တဲ့သူတွေဆီကနေ သင်ယူဖို့သိပ်အဆင်မပြေဘူးလို့ ကြားနေရပါတယ်။

အထူးသဖြင့် မသန်စွမ်းအားကစားပါ။

မသန်စွမ်းအားကစားတွေထဲမှာလည်း ဆွံ့အနားမကြားတဲ့သူတွေအတွက် deaf soccer လို့ခေါ်တဲ့အားကစားတွေရှိတယ်ဆိုတာကို သိပါသလား?

ခုလက်ရှိမြန်မာနိုင်ငံမှာ ဒီလို deaf soccer တွေပိုပြီးတိုးတက်လာစေဖို့အတွက် ကြိုးကြိုးစားစားနဲ့ လှုပ်ရှားနေတဲ့ ဂျပန်လူမျိုးတစ်ဦးရှိပါတယ်။

ဒီဘောလုံးအားကစားနည်းကို Albirex Niigata ကဘောလုံးအသင်းသား တစ်ဦးဖြစ်တဲ့ ဂျပန်လူမျိုးတစ်ဦးကနေ မြန်မာနိုင်ငံမှာရှိတဲ့ ဆွံ့အနားမကြားကျောင်းကကလေးတွေကို ဘောလုံးကစားနည်းသင်ကြားပေးနေတာဖြစ်ပါတယ်။

https://images.app.goo.gl/vhr79oJkv48yJFp99

Albirex Niigata ဘောလုံးအသင်းဟာ မြန်မာလူမျိုးတွေအတွက်ရည်ရွယ်ပြီး အသင်းအဖွဲ့တစ်ခုတည်ထောင်ဖို့အတွက် လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းကနေ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒီအသင်းမှာ အရင်ကတည်းက တာဝန်ယူခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဂျပန်လူမျိုးတွေရဲ့ကျောင်းနားမှာ ဆွံ့အနားမကြားကျောင်းရှိတာကို သတိထားခဲ့မိပါတယ်။

နားမကြားကျောင်းမှာ ဘောလုံးကန်နေတဲ့ကလေးတွေကိုကြည့်ပြီး  Albirex Niigata ရဲ့ နည်းပြတွေဟာ

「ကလေးတွေကို ဘောလုံးကန်နည်းသင်ပေးချင်တယ်!」

ဆိုတဲ့အတွေးတွေပေါ်လာခဲ့တာကြောင့် volunteer အနေနဲ့ သင်ပေးချင်တယ်လို့ ဆွံ့အနားမကြားကျောင်းကိုပြောပြီး နည်းပြအလုပ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။

ဒီအောက်ကပုံထဲမှာတော့  “Albirex Niigata မြန်မာဘောလုံးကျောင်း” ကိုစတင်ခဲ့တာဖြစ်ပါတယ်။

https://images.app.goo.gl/vhr79oJkv48yJFp99

နည်းပြအနေနဲ့ လုပ်ကိုင်နေတဲ့ Yonegawa ဟာ “ ရိုးရှင်းတဲ့လက်ဟန်ပြဘာသာစကားကိုသင်ယူခဲ့ပြီး ကိုယ်ဟန်အမူအရာတွေကိုပါသင်ပေးခဲ့ပါတယ်။ ကလေးတွေကတော့ လိုက်ကြည့်ပြီး သင်ယူကြရတာဖြစ်ပါတယ်။ လုပ်ကြည့်ရတာက အမြန်ဆုံးနည်း” လို့ပြောပါတယ်။

ခြေလှမ်းလှမ်းတဲ့ပုံစံစတဲ့ အခြေခံခန္ဓာကိုယ်လုပ်ရှားပုံတွေရယ် ဘောလုံးကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ အခြေခံနည်းစနစ်တွေကို အဓိကထားပြီးသင်ကြားပေးတာဖြစ်ပါတယ်။

ဘောလုံးပွဲချိန်အတွင်းမှာ “ မဖြစ်နိုင်ဘဲနဲ့ ပြိုင်ဘက်ကိုအတင်းလိုက်မယှဥ်ပါနဲ့ “ လို့ ညွှန်ကြားပေးပြီး လက်ကိုနှိပ်တဲ့အမူအရာကိုလုပ်ပြီး ဘယ်ညာကိုလွှဲရင်း ညာဘက်လက်ကိုခါပြပါဆိုပြီးတော့ သင်ကြားပေးထားပါတယ်။

ဂျပန်လူမျိုးနည်းပြတွေရဲ့ လမ်းညွှန်မှုတွေက အောင်မြင်ခဲ့ပြီး ဆွံ့အနားမကြားကျောင်းကနေ အချင်းချင်းဖလှယ်နိုင်ဖို့အတွက် အရင်းနှီးဆုံးသူတွေဖြစ်အောင်လည်း ပျိုးထောင်ပေးခဲ့ပါတယ်။

နောက်ပြီးမြန်မာနိုင်ငံထဲမှာ စပွန်ဆာကုမ္ပဏီတွေအနေနဲ့ ထောက်ပံ့ပေးဖို့ဖြစ်လာပါတယ်! မိုက်တယ်နော် !

အခုချိန်မှာတော့ ၁၀ နှစ်အောက်၊ ၁၅ နှစ်အောက်စသဖြင့် ၅ မျိုးလောက်ခွဲခြားထားပြီး ကျောင်းသားအယောက် ၁၀၀ လောက်ကို သင်ကြားပေးနေတာဖြစ်ပါတယ်။

 

https://images.app.goo.gl/XUi2bQbieHTKAZwf6

နောက်ပြီး ၂၀၁၆ ခုနှစ်မှာ deaf soccer ရဲ့ မြန်မာအသင်းကိုတည်ထောင်ပြီး အရှေ့တောင်အာရှရဲ့ ပွဲတော်ကြီးကိုတက်ရောက်နိုင်ခဲ့ပါသေးတယ်။

ဒီတစ်ခေါက်မှာလည်း Albirex အသင်းကနေ အပြည်ပြည်ဆိုင်ရာအစည်းအဝေးကြီးကိုတက်ရောက်ဖို့ ရည်ရွယ်ထားပါတယ်။

နည်းပြ Yoneyama ဟာ “ဘောလုံးအားကစားကနေ တစ်ယောက်တည်းဆိုရင်လည်း ကျောင်းသားတွေကို ကမ္ဘာမှာကျော်ကြားစေချင်ပါတယ်။”

ဒီလိုဆန္ဒတွေနဲ့ ကလေးတွေကို ဆက်လက်သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်။

အကယ်၍ Albirex Niigata မြန်မာအသင်းရဲ့သင်တန်းကျောင်းကို စိတ်ဝင်စားတယ်ဆိုရင်တော့ Facebook Page ကနေ ဘယ်လိုလှုပ်ရှားမှုတွေပြုလုပ်နေလဲဆိုတာ စောင့်ကြည့်လိုက်ပါဦးနော်။

https://www.facebook.com/AlbirexMyanmer/

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: