ဂျပန်ကျောင်းသူလေးတွေရဲ့ တူရိယာအဖွဲ့

ဂျပန်နိုင်ငံက အထက်တန်းကျောင်းတွေမှာ လေမှုတ်တူရိယာအဖွဲ့တွေရှိနေတယ်ဆိုတာက ထူးတော့မထူးဆန်းပါဘူး။

ကျောင်းထဲမှာ လေမှုတ်တူရိယာအဖွဲ့ရဲ့ တီးမှုတ်နေတဲ့အသံတွေက အရမ်းကိုသာယာပါတယ်။

သရုပ်ပြယှဥ်ပြိုင်ခြင်းဟာ အရမ်းကိုအရေးပါတယ်ဆိုပေမယ့်လည်း marching band က အရမ်းကိုတော်တယ်ဆိုပြီး လူကြိုက်များပါတယ်။

လမ်းလျှောက်နေရင်း တီးမှုတ်နိုင်ဖို့အတွက် နည်းပညာပိုင်းကျွမ်းကျင်ဖို့ရယ် လေးလံတဲ့တူရိယာကြီးတွေများတာရယ်ကြောင့် လေမှုတ်တူရိယာအဖွဲ့ထဲက ကောင်မလေးတွေဟာ  အရမ်းပင်ပန်းကြပါတယ်။

ဒီထဲမှာမှ Kyoto Tachibana အထက်တန်းကျောင်း ဘင်ခရာအဖွဲ့ဟာ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အာရုံစိုက်ခြင်းကိုခံနေရပါတယ်။

https://odorujo.com/kyoto_tachibana_disneyland_anaheim/

ဟိုးအရင်တုန်းက မိန်းကလေးကျောင်းဖြစ်ခဲ့တာကြောင့် ကျောင်းသူလေးတွေများပြီး လေမှုတ်တူရိယာအဖွဲ့ရဲ့ ၉၅ ရာခိုင်နှုန်းဟာ မိန်းကလေးတွေဖြစ်ပါတယ်။

သူတို့ကျောင်းအစဥ်အလာအရ လိမ္မော်ရောင်ဝတ်ဆင်ထားတဲ့ကောင်မလေးတွေဟာ  ကမ္ဘာ့ထိပ်တန်းအဆင့်အရည်အချင်းတွေကို ပိုင်ဆိုင်ထားလို့ Orange Demonဆိုပြီး အင်အားကြီးတဲ့ကျောင်းတွေကတောင် ယှဥ်ပြိုင်ရမှာကို ကြောက်ကြပါတယ်။

ကျောင်းသူလေးတွေရဲ့ သရုပ်ပြမှုကို ကြည့်လိုက်ကြပါဦး။

https://www.youtube.com/watch?v=WEnMLbiDQGc

ဒါကတော့ အမေရိကန်နိုင်ငံရဲ့ Disneyland မှာ သရုပ်ပြထားတဲ့ ဗီဒီယိုလေးပါ။

https://www.youtube.com/watch?time_continue=1&v=-NKsNopeRyY

အားလုံးရဲ့လှုပ်ရှားတဲ့ပုံက တစ်ညီတည်းပဲနော်။

လေးလံတဲ့တူရိယာပစ္စည်းတွေကို ကိုင်ဆောင်ပြီး လှည့်လည်လှုပ်ရှားရတာကလည်း အားကစားလုပ်နေရသလိုပါပဲ။

အထပ်ထပ်အခါခါ လေ့ကျင့်ထားမယ်ဆိုရင်တော့ ဒီလိုလုပ်နိုင်ပါလိမ့်မယ်။

Marching band ရဲ့မူလဇစ်မြစ်ကတော့ အမေရိကန်နိုင်ငံကဖြစ်ပါတယ်။

California ပြည်နယ်မှာ နှစ်သစ်ကူးတိုင်းကျင်းပပြုလုပ်တဲ့ Rose Parade မှာ ၂ ခါလောက်ပါဝင်ဖူးပါတယ်။

အမေရိကန်နိုင်ငံအတွင်း နာမည်ကြီးတဲ့အသင်းတွေနဲ့  နှစ်ခါပြိုင်တဲ့အသင်းက အနည်းငယ်ပဲရှိတယ်လို့ ပြောကြပေမယ့် ဂျပန်နိုင်ငံကနေ ပါဝင်ယှဥ်ပြိုင်တဲ့ အကြိမ်အရေအတွက်က ထူးခြားပါတယ်။

https://www.youtube.com/watch?v=qkQ-i4fHaAk

အဖွဲ့၀င်တွေကလည်း တော်တော်လေးစည်လုံးမှုရှိပြီး ကျောင်းပြီးသွားတဲ့သူတွေကပါ စေတနာ့၀န်ထမ်းအဖြစ်နဲ့  ကျောင်းသားသစ်တွေကို လက်ဆင့်ကမ်းသင်ကြားပေးဖို့ မကြာခဏကျောင်းကို လာကြပါတယ်။

အခုလို သူတို့ကိုယ်တိုင်က စိတ်ပါလက်ပါနဲ့ ကျောင်းကိုပြန်ကြည့်ပေးတဲ့ ကျောင်းသူတွေရဲ့ သိတတ်မှုဟာလည်း ၀မ်းသာစရာတစ်ခုပါပဲ။

ထုံးစံအတိုင်းပါပဲ လေ့ကျင့်မှုတွေက ခက်ခဲကြမ်းတမ်းလွန်းတယ်ဆိုတဲ့ သတင်းတွေပျံ့နေတာကို ဂရုမပြုဘဲ တီး၀ိုင်းအောင်မြင်ရေးကိုသာ အာရုံစိုက်ထားရင်း ကျောင်းစာမေးပွဲကို ဖြေဆိုသူတွေလည်း အများအပြားရှိပါတယ်။

ဒီ့ထက်ပိုပြီး ကမ္ဘာအနှံ့အပြားမှာ အစွမ်းပြလိုက်ကြပါအုံးနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: