Myanmar-Japan World Cup qualifier

မြန်မာလက်ရွေးစင်အသင်းနဲ့ ဂျပန်လက်ရွေးစင်အသင်းတို့ ယှဥ်ပြိုင်ကစားကြမယ့် ပွဲစဥ်ကြီး ရောက်လို့လာပါပြီ။

စက်တင်ဘာလ ၁၀ ရက်နေ့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် သုဝဏ္ဏအားကစားကွင်းမှာ ယှဥ်ပြိုင်ကစားသွားမှာဖြစ်ပြီး ညနေ ၆း၅၀ မှာ စတင်မှာဖြစ်ပါတယ်။

https://scontent.frgn4-1

ဒီပွဲမှာတော့ လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ နာမည်ကြီးကစားသမားတွေက ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ဒီလိုဆိုရင်တော့ ပွဲကြီးပွဲကောင်းပဲနော် …

ဒီတစ်ခေါက်မြန်မာအသင်းက Japan, Mongolia, Tajikistan, Kyrgyzstan တို့နဲ့ Group F  မှာ ရှိနေပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲနှင့် ၂၀၂၃ ခုနှစ် အာရှဖလားခြေစစ်ပွဲကို ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။

နာမည်ကြီးကစားသမားတွေဆိုရင် မြန်မာအသင်းဘက်က ကစားသမားတွေကို အားလုံးသိပြီးသားဖြစ်လို့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်တော့ဘူးလို့ထင်ပါတယ်။

ဒါဆို ဂျပန်ကစားသမားတွေနဲ့ နည်းနည်းမိတ်ဆက်ပေးမယ်နော်…

အရင်တစ်ခေါက်တုန်းက Japo Myanmar မှာ မိတ်ဆက်ပေးခဲ့တဲ့ Real Madrid လူငယ်လက်ရွေးစင်ကစားသမား Kubo လည်းပါဝင်သွားမှာဖြစ်ပါတယ်။

https://images.performgroup.com/di/library

တခြားနာမည်ကြီးအသင်းတွေမှာ လက်ရှိကစားနေတဲ့ လက်ရွေးစဥ်ကစားသမားတွေလည်း ရှိပါသေးတယ်။

Werder Bremen အသင်းမှာကစားနေတဲ့ Yuya OsakoSouthampton F.C မှာကစားနေတဲ့ Maya Yoshida ၊ PSV အသင်းမှာကစားနေတဲ့ Ritsu DoanF.C Porto က Shoya Nakajima တို့လည်းပါဝင်သွားမှာဖြစ်ပါတယ်။

ဒါဆိုရင် ကစားသမားကောင်းတွေချည်းပဲဆိုတော့ လုံးဝ လုံးဝ လုံးဝ လက်မလွှတ်တန်း စောင့်မျှော်ကြည့်ရှု့သင့်တဲ့ ပွဲပဲနော်….

ပွဲစဥ်ကတော့ စက်တင်ဘာ ၁၀ ရက် ညနေ ၆း၅၀ နာရီ သုဝဏ္ဏဘောလုံးကွင်းမှာပါ။

လက်မှတ်မဝယ်ရသေးရင်လည်း အမြန်ဆုံးဝယ်လိုက်ပါနော်…

မင်မင်တို့လည်း သွားအားပေးမှာမို့ ဒီပွဲလေးမှာရှိနေပါမယ်။ တွေ့ရင်ခေါ်လိုက်နော် …

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: