ဂျပန်နိုင်ငံကနေပေါ်ထွက်လာတဲ့ Motor sports (Drift)

ကားလမ်းတွေချော်တယ်ဆိုတာက ပုံမှန်ပဲလို့ထင်နေကြပေမယ့် အရမ်းကိုအန္တရာယ်များတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါပေမယ့် ဒါကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ထိန်းချုပ်ရင်း ချော်နေတဲ့အချိန်မှာ ထောင့်ကနေကွေ့တဲ့ Drift ဆွဲပြိုင်ပွဲဆိုတာရှိပါတယ်။

ကားစီယာတိုင်တစ်ခုတည်းမဟုတ်ဘဲ accelerator၊ ဘရိတ်၊ hand brake ၊ ကလပ်စတာတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့အသုံးပြုပြီး ဘေးတိုက်သွားတဲ့ပုံစံကို ထိန်းချုပ်ကြပါတယ်။

ပြောနေရတာ နားလည်ရခက်လို့ ဒီအောက်မှာပဲဖွင့်ကြည့်လိုက်တော့နော်။

https://www.youtube.com/watch?v=9hMKztRFypU

Drift    ဆွဲတာက တစ်ကွက်လောက်မှားသွားတာနဲ့ ယာဥ်မတော်တဆမှုကြီး ဖြစ်သွားနိုင်မလားမသိပါဘူး။ ဒါကို အပြည့်အဝထိန်းချုပ်တဲ့အခါမှာ ကား ၂ စီးက အံ့ဩစရာကောင်းလောက်အောင် ယှဥ်ပြီးတော့ ထောင့်တွေကို ကွေ့သွားတဲ့ပုံစံက တကယ်ကို အားကောင်းတယ်နော်။

သဲတွေထဲမှာမောင်းတဲ့ ပြိုင်ကားတွေက မြန်မြန်မောင်းဖို့အတွက် နည်းပညာတွေကို သုံးနိုင်ရင်တော့ ဒီလိုပုံစံမျိုးပါ။

ဒါကိုပြိုင်ပွဲအနေနဲ့ ယှဥ်ပြိုင်ခဲ့တာက ဂျပန်နိုင်ငံဖြစ်ပါတယ်။

https://www.youtube.com/watch?v=eK5Pqf_qziI

အသံကိုပါနားထောင်လိုက်ရင် ကားအက်ဆီဒန့်ဖြစ်မလားလို့တောင် စိုးရိမ်နေမိတယ်နော်။

ဒါကတော့ ခုချိန်မှာ တစ်ကမ္ဘာလုံးကနှစ်သက်နေကြတဲ့ အားကစားတစ်ခုအနေနဲ့ ဖြစ်လာပါပြီ။

https://motorz.jp/race/drift/2471/

 

ပြိုင်ပွဲတွေမှာ စတိုင်အမျိုးမျိုးရှိပေမယ့် ပုံမှန်ဆိုရင်တော့ ၂ စီးစီ ယှဥ်ပြိုင်ကြပါတယ်။

ရှေ့ရောက်နေတဲ့ကားအနေနဲ့ တတ်နိုင်သလောက် အံ့ဩရလောက်တဲ့ Drift ဆွဲနိုင်မယ်အချက်ကို ယှဥ်ပြိုင်ကြတာဖြစ်ပါတယ်။

သေချာပေါက် ရှေ့ရောက်ဖို့ဆိုတာက အလှည့်ကိုလိုက်ပြီး ပြောင်းလဲသွားမှာဖြစ်ပါတယ်။

https://www.youtube.com/watch?v=ovqsIreARIc

ကနေသလိုပဲနော်။

 

ဆိုင်ကယ်နဲ့လည်း Drift ဆွဲနေတာကိုလည်း ကြည့်လိုက်ပါဦး။

https://www.youtube.com/watch?v=EOAEUangGmk

သေချာတာကတော့ ဒါတွေကို အများပြည်သူသွားလမ်းမှာ မလုပ်ဖို့အတွက်တားမြစ်ထားပါတယ်။

ဒီလိုမောင်းချင်တဲ့သူတွေရှိရင်တော့ ပြိုင်ပွဲကွင်းတွေထဲကိုသွားပါနော်။

တကယ်တော့ ပြိုင်ကွင်းတွေမှာလည်း မောင်းလို့ရတဲ့နေရာတွေရှိသလို မောင်းလို့မရတဲ့နေရာတွေလည်းရှိပါတယ်။ ဗီဒီယိုထဲကအတိုင်းဆိုရင် ကြမ်းပြင်မှာပွတ်ထားတဲ့အရာတွေ ကျန်နေမှာဖြစ်လို့ ပြိုင်ကွင်းတွေမှာ ခွင့်ပြုချက်သေချာယူလိုက်ပါနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: