ဘေ့စ်ဘောပွဲကြည့်ရင်းနဲ့ ဘီယာလေးသောက်ရအောင် !

ဂျပန်နိုင်ငံရဲ့အားကစားအနေနဲ့ နာမည်အကြီးဆုံးကတော့ ဘေ့စ်ဘောအားကစားဖြစ်ပါတယ်။

ဘေ့စ်ဘောအားကစားကိုမြန်မာနိုင်ငံမှာ သိပ်မသိကြပေမယ့် တကယ်တော့ ဘောလုံးပွဲထက်ပိုပြီး ဘေ့စ်ဘောပွဲတွေက ဘီယာနဲ့ပိုပြီးလိုက်ဖက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဘီယာကို အေးအေးဆေးဆေးလေး သောက်ပြီး အိမ်သာသွားလို့ ရလို့ပါ။

ဘောလုံးပွဲကြည့်မယ်ဆိုရင် ဘာဖြစ်သွားမှန်း မသိလိုက်တာမျိုးဖြစ်သွားတာကြောင့် အချိန်တစ်ဝက်အတွင်းမှာ သတိမထားလို့မရပါဘူး။

ဒါပေမယ့် ဘေ့စ်ဘောက ကစားသမားတစ်ယောက်ချင်းစီတလှည့်စီယှဥ်ပြိုင်ကြတာကြောင့် အဲ့ဒီနောက်တစ်ယောက်ပြောင်းနေတဲ့အချိန်နဲ့ လူလဲနေတဲ့အချိန်အတွင်းမှာ မကစားကြပါဘူး။

ဒါကြောင့် အေးအေးဆေးဆေးနဲ့ ဘီယာသောက်နိုင်မယ့် အခွင့်အရေးကိုရရှိနိုင်ပါတယ်။

ပြစ်ဒဏ်ကြောင့် လူလဲနေတဲ့အချိန်မှာလည်း အိမ်သာသွားလို့ရတယ်ဆိုတာက အချိန်တစ်ဝက်ရောက်မှ အကုန်စုပြီးသွားရတဲ့ ဘောလုံးပွဲထက် အိမ်သာမှာလည်း လူတွေပိတ်ပြီးပြည့်နေတာမျိုးလည်းမရှိတော့ဘူးနော်။

အဝသောက်လို့ရတယ်နော် !! ဒီလိုဘေ့စ်ဘောကွင်းမှာ မတ်တပ်ရပ်ရင်းဘီယာရောင်းနေတဲ့ ချစ်စရာကောင်းတဲ့ကောင်မလေးတွေရှိပါတယ်။

http://vippers.jp/archives/9365173.html

 ဘာကြောင့်ဒီလိုချစ်စရာကောင်းတဲ့ကောင်မလေးတွေ အများကြီးရှိနေရတာလဲဆိုရင် ဝင်ငွေကောင်းလို့ဖြစ်ပါတယ်။

ပုံမှန်လစာနဲ့ ကော်မရှင်ရတဲ့ ပုံစံနှစ်မျိုးရှိပါတယ်။

ပုံသေရတဲ့လစာက တစ်နာရီကို ယန်း ၁၂၀၀ ရရှိပြီး၊ တစ်ခွက်ကို ၃၅ ယန်းကိုပါရရှိကြတာဖြစ်ပါတယ်။

တစ်ရက်ကို ၄ နာရီလောက်ကြာပါတယ်။

ဘီယာခွက်ပေါင်း ၁၅၀ လောက်ရောင်းရပါတယ်။

ယန်း ၁၂၀၀ x ၄ နာရီ+ ၃၅ ယန်း x ခွက်ပေါင်း ၁၅၀ = ယန်း ၁၀,၀၅၀ ၄ နာရီလောက်အချိန်ပိုင်းလေးမှာ ဒီလောက်ရတယ်ဆိုတာက တော်တော်များတဲ့လစာဖြစ်ပါတယ်။

ဒီထဲမှာမှာ ခွက်ပေါင်း ၃၀၀ လောက်ရောင်းရတဲ့ ကောင်မလေးတွေလည်းရှိပါတယ်။

ဒါပေမယ့် တော်တော်လေးကို ပင်ပန်းပါတယ်။

http://baito-mag.line.me/ja/archives/1030278421.html

အဲဒီကျောမှာ လွယ်ထားတဲ့ထဲကို ဘီယာ ၂၂ ခွက်စာလောက်ထည့်ထားလို့ ၁၃ ကီလိုဂရမ်လောက်လေးပါတယ်။

ဒါကိုနောက်ကျောမှာ လွယ်ထားပြီးတော့ တက်လိုက်ဆင်းလိုက်မလုပ်လို့လည်းမရပါဘူး။

နောက်ပြီး ယောက်ျားလေးတွေအနေနဲ့လည်း တော်တော်လေးကို ချစ်စရာကောင်းတဲ့ ကောင်းမလေးတွေဆီကနေမှ ဝယ်ချင်ကြတာဖြစ်ပါတယ်။

ဘီယာရဲ့အရသာဆိုတာထက် ကောင်မလေးဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတဲ့ပေါ်မှာမူတည်ပြီး ရောင်းရမရပြောင်းလဲသွားတာဖြစ်ပါတယ်။

ဒီကနေပြီးတော့ idol ဖြစ်လာတဲ့ကောင်မလေးတွေလည်းရှိပါတယ်။

ဒါပေမယ့် ဘယ်လိုကောင်မလေးတွေက အလုပ်လုပ်နေလဲဆိုတာကို နည်းနည်းလောက်ကြည့်လိုက်ကြရအောင်နော်။

https://www.pinterest.com/pin/744571750871388271/

https://www.pinterest.com/pin/844213892626106692/

ဘီယာဝယ်တဲ့အချိန်မှာ အတူတူဓာတ်ပုံတွဲရိုက်လို့လည်းရပါတယ်။ ကလေးထက် အဖေကပိုပျော်နေတဲ့ပုံပဲနော်။

https://www.instazu.com/tag/ビール売り子可愛い

ဒီလိုမိန်းကလေးတွေက လက်လေးတွေထောင်ပြီး အပြုံးလေးနဲ့ ရောင်းပေးမယ်ဆိုရင် မသောက်ချင်ရင်တောင် ဘီယာလေးတော့ ဝယ်မိလိုက်ကြမယ်ထင်ပါတယ်။

ကဲသင်ရောဘယ်ကောင်မလေးဆီက ဘီယာဝယ်ချင်လဲ ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: