စိတ်ဝင်စားစရာ မသန်စွမ်းဘက်စ်ကတ်ဘောအားကစား

ခြေထောက်တွေမလှုပ်ရှားနိုင်လို့ အားကစားလုပ်ဖို့မဖြစ်နိုင်ဘူး…

ဒီလိုအရှုံးပေးထားတဲ့လူတွေ ကမ္ဘာပေါ်မှာ အများကြီးရှိပါတယ်။

ဒါပေမယ့် ကမ္ဘာပေါ်မှာ မသန်မစွမ်းပုဂ္ဂိုလ်တွေက အားသွန်ခွန်စိုက် အားကစားတွေ ပိုပိုပြီးပေါ်ထွက်လာပါတယ်။

ဒီလိုမသန်မစွမ်းတွေအတွက် ရည်ရွယ်ထားတဲ့ အားကစားတွေထဲမှာလည်း နာမည်ပိုကြီးလာတာက ဒီ Wheelchair basketball အားကစားဖြစ်ပါတယ်။

https://sportiva.shueisha.co.jp/clm/othersports/para_sports/2018/08/30/___split_19/

ပြေးပြီး ဂိုးပေါက်ထဲဝင်ပစ်ရမှာဖြစ်တဲ့ ဒီလို ဘက်စကတ်ဘော ကစားနည်းကို ဝှီးချဲလ် နဲ့ဆော့လို့ရမှာမဟုတ်ဘူးလို့ ထင်ကောင်းထင်နေလိမ့်မယ်ထင်လို့ ဘယ်လိုကစားလဲဆိုတာ အောက်က ဗီဒီယိုထဲမှာ ကြည့်လိုက်နော်။

https://www.youtube.com/watch?v=iLeTNVQKdRI

ရုတ်တရက်လှုပ်ရှားတဲ့အခါ အသံအကျယ်ကြီးနဲ့ တာယာညှော်နံ့တွေပါထွက်ပါတယ်။

ကြမ်းကြမ်းတမ်းတမ်းဝင်တိုက်မိတာကြောင့် ပြုတ်ကျတာတွေလည်းရှိပါတယ်။

ပုံမှန် ဘက်စ်ကက်ဘောကစားနည်းထက် ပိုပြီးပြင်းထန်မယ်ထင်တယ်နော် ? လို့တွေးရလောက်အောင် သွားကြည့်တဲ့သူတွေက မျက်ခြေမပြတ်စောင့်ကြည့်ချင်လာကြပါတယ်။

စည်းကမ်းချက်တွေကိုတော့ ဝှီးချဲလ် အသုံးပြုနိုင်ဖို့ညှိနှိုင်းထားပါတယ်။

ဘောလုံးကိုကိုင်ထားရင်းနဲ့ ၃ လှမ်းကျော်လို့မရတာကို Travelling လို့ ခေါ်ပြီး ဝှီးချဲလ်

ဘောလုံးကို ကိုင်ထားရင်းနဲ့ ဝှီးချဲလ်ရဲ့ ဘီးကိုလှည့်လို့ရတာ ၂ ကြိမ်တည်းပါ။

ကစားနေချိန်အတွင်းမှာ ဝှီးချဲလ်နဲ့တိုက်မိလို့လှဲကျသွားတဲ့အခါ ကိုယ်တိုင်ထနိုင်အောင် အခြေခံထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ကစားသမားနဲ့ အဖွဲ့လိုက်အမှတ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။

ကစားသမားတစ်ယောက်ချင်းစီရဲ့ မသန်စွမ်းတဲ့ပေါ်မူတည်ပြီး အမှတ်ကို ၁ မှတ်ကနေ ၄.၅ မှတ်အတွင်း ပြောင်းလဲနေပြီး ကစားကွင်းထဲမှာပါဝင်တဲ့ ကစားသမား ၅ ယောက်ရဲ့ စုစုပေါင်း ၁၄ မှတ် ထက်နည်းရမယ်ဆိုတဲ့ စည်းကမ်းချက်တွေရှိပါတယ်။

ပြင်းပြင်းထန်ထန် မသန်မစွမ်းဖြစ်နေတဲ့သူတွေဆိုရင်လည်း ဒီအားကစားမှာ လွယ်လွယ်ကူကူနဲ့ ပါဝင်နိုင်မှာဖြစ်ပါတယ်။

ဘယ်လောက်တောင် ပြင်းထန်လဲဆိုတာ ပုံထဲကိုကြည့်လိုက်ပါနော်…

http://www.kanpara.com/superathlete/3959/

https://www.para-sports.tokyo/topics/column/yahoo_a0007

http://www.kanpara.com/sports/wheelchair_basketball/

 

ဒါဟာ ပုံမှန်ကစားနေကြတဲ့ ဘက်စ်ကတ်ဘောကစားနည်းထက်ပိုပြီး ပြင်းထန်တယ်နော် …

ဝှီးချဲလ်နဲ့ကစားတဲ့ တခြားကစားနည်းတွေလည်းရှိပါသေးတယ်။

ဒါကတော့ Rugby ကစားနည်းဖြစ်ပါတယ်။

https://www.youtube.com/watch?v=LVmonw-gtwc

ခဏခဏဝင်တိုက်နေတော့တာပဲလား ? ? ? ဆိုပြီး စိုးရိမ်မိတယ်နော်…

၂၀၂၀ ခုနှစ် တိုကျိုအိုလံပစ်ကို ကျင်းပဖို့အတွက် ဆုံးဖြတ်နေဆဲဖြစ်ပြီး အိုလံပစ်နဲ့အလားတူ ကျင်းပလေ့ရှိတဲ့ မသန်စွမ်းသူများအတွက်အိုလံပစ်ပွဲဖြစ်တဲ့ မသန်စွမ်းအားကစားပြိုင်ပွဲဖြစ်ပါတယ်။

စိတ်မကောင်းပေမယ့် တစ်ခါမှမကြည့်ဖူးတဲ့သူတွေများပြီး တီဗီထဲမှာလည်း သိပ်မပြလို့ အားကစားကွင်းမှာ လာကြည့်တဲ့သူတွေကလွဲပြီး မသိကြပါဘူး။

အိုလံပစ်ပြိုင်ပွဲကြီးလိုပဲ မသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲကိုလည်း အားလုံးကအာရုံစိုက်ပေးသင့်တယ်လို့ထင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: