ကလေးကစားကွင်းတွေ ပျောက်ကွယ်တော့မှာလား ?

ပန်းခြံမှာတည်ဆောက်ပေးထားတဲ့ လျှောတွေ ဒန်းတွေရှိပါတယ်။
ဂျပန်နိုင်ငံရဲ့ ပန်းခြံတွေထဲမှာ ကလေးတွေကစားဖို့အတွက် ကစားစရာတွေအများကြီးရှိပါတယ်။
ဥပမာ…
လျှောနဲ့ ဒန်း
http://www.haut.jp/file_2016/2016_4.html
နောက်ပြီး ဒီလို ရှုပ်ထွေးတဲ့ကစားစရာတွေလည်းရှိပါတယ်။
https://hokkaido-child.com/sapporo-park-list
https://katsuyama-park.com/park/park-118/
https://comolib.com/features/715
ဒါတွေဟာကိုတစ်နေ့မှာတော့ အသုံးမပြုရဆိုပြီးတော့ တားမြစ်လိုက်တာက ဘာကြောင့်လဲနော်…
အိုကယာမခရိုင် အိုကယာမမြို့မှာ ပြဿနာကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။
ကစားကွင်းကိုသွားရင် ၇ ခုရှိတဲ့ထဲမှာမှ ၅ ခုကို အသုံးမပြုရ ဆိုပြီးတော့ ပိတ်ပင်တားမြစ်ထားခဲ့ပါတယ်။
တားမြစ်ထားတဲ့ တိပ်ဝါတွေအများကြီးကပ်ထားပြီး သုံးလို့မရတဲ့အခြေအနေဖြစ်ပါတယ်။
https://news.livedoor.com/article/detail/16633699/
အိုကယာမခရိုင်အတွင်းမှာ ပန်းခြံပေါင်း ၄၆၃ ခုရှိပြီး ကစားစရာ ၁၈၀၀ လောက်ထားရှိပေးထားပြီး ကစားစရာတွေကို စစ်ဆေးတွက်ချက်လိုက်တဲ့အခါ အဲ့ဒီထဲက ၇၀၀ လောက်ဟာ လုံခြုံရေးပြဿနာတွေကြောင့် ပိတ်ပင်တားမြစ်ခဲ့ရပါတယ်။
ပျက်စီးနေလို့အန္တရာယ်ရှိလို့ ဆိုတာမျိုးမဟုတ်ဘဲ ဆော့ကစားရင်းနဲ့ အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ အကြောင်းအရင်းနဲ့ ပိတ်ပင်တားမြစ်ခဲ့တာဖြစ်ပါတယ်။
ဥပမာ…
လျှောစီးနေတဲ့အချိန်မှာ လက်ကိုင်းတန်းတွေမှာ လွယ်အိတ်ကငြိကျန်ခဲ့ပြီး လည်ပင်းအစ်တာမျိုးတွေဖြစ်တတ်ပါတယ်။
ကြိုးတွေကိုနင်းပြီး ခြေထောက်ကိုတစ်လှမ်းချင်းလှမ်းရတဲ့ကစားစရာတွေမှာ ခြေချော်သွားတဲ့အခါမှာ ဇောက်ထိုးကျလာနိုင်လို့ အန္တရာယ်ရှိပါတယ်။
ပြောချင်တာကို သိပြီဆိုရင် သတိပေးတာလောက်ဆိုမကောင်းဘူးလားလို့ ထင်မိပါတယ်။
လတ်ရှိဂျပန်နိုင်ငံဟာ ပြဿနာဖြစ်ပြီဆိုရင် “ ဘယ်သူ့တာဝန်လဲ ” လို့ပြောတတ်ကြပါတယ်။
အဲ့ဒီတာဝန်ကိုလည်း ရှောင်ရှားချင်လို့ တားမြစ်လိုက်တယ်လို့ထင်ပေမယ့် ကစားကွင်းမှာကစားချင်တဲ့ ကလေးတွေအတွက် ထည့်မစဥ်းစားပေးကြဘူးလားနော်။
နေရထိုင်ရခက်တဲ့ နိုင်ငံကြီး ဖြစ်လာပါလားလို့လည်း ခံစားမိပါတယ်။