လယ်ကွင်းထဲမှာ ရွံ့လူးပြီးကစားရတဲ့ (ラグビー) ရာဂုဘီး အားကစား

ဘောလုံးကို ပြင်းပြင်းထန်ထန်လုယက်ပြီးကစားရတဲ့ (ラグビー) ရာဂုဘီး ဘောလုံးကစားနည်းတစ်မျိုးရှိပါတယ်။

https://number.bunshun.jp/articles/-/839570

ပုံထဲကလို ယောကျ်ားလေးအားကောင်းမောင်းသန်တွေ ကစားကြတဲ့ အားကစားနည်းဖြစ်ပေမယ့် ဒီလိုဆိုရင်ရော ဘယ်လိုလဲ?

https://mainichi.jp/articles/20170522/ddl/k26/040/357000c

မိန်းကလေးတွေရာ ကလေးတွေပါ အတူတူကစားနေကြတာနော်…

ဒါကတော့ စပါးမစိုက်ပျိုးခင်ရာသီမျိုးမှာ ကျင်းပကြတဲ့ လယ်ကွင်းထဲက ရာဂုဘီး အားကစားဖြစ်ပါတယ်။

ဟုတ်ပါတယ်။ လယ်ကွင်းတွေထဲမှာ ရာဂုဘီးကစားနည်းကို ကစားကြတာဖြစ်ပါတယ်။

https://www.w-higa.com/28925

ကောင်းကင်ပြာကြီးအောက်မှာ ရွံဗွက်တွေချည်းပဲရှိတဲ့ လယ်ကွင်းပြင်ထဲမှာ ဘောလုံးလုပြီးကစားကြပါတယ်။

လယ်ကွင်းပြင်ကျယ်ကြီးမှာ နှစ်ဘက်အသင်းမှာ ၄ ယောက်စီ လယ်ကွင်းထဲကိုဝင်ရောက်ပြီး ကစားရပါတယ်။

အပြင်းအထန်လုရက်ပြီး ကစားရတာမျိုးမဟုတ်ဘဲ ၄ ကြိမ်ထိမိပြီဆိုရင် လူလဲတဲ့နည်းလမ်းကို အသုံးပြုပါတယ်။

ဒါကြောင့် ရာဂုဘီး ကစားနည်းမှာ အနှိုင်ရရှိဖို့အတွက် ကြိုးစားဖို့လိုပါတယ်။

လယ်ကွင်းပြင်ထဲမှာ လုပြီးတော့ပြေးရင်း ရေထဲငုပ်ရတာမျိုးတွေလည်းရှိပါတယ်။

https://www.w-higa.com/28925

 

ဒါပေမယ့် လယ်ကွင်းထဲမှာ ဆော့ရတာကြောင့် ထိခိုက်နာကျဥ်တာမျိုးမရှိပါဘူး။

လယ်ကွင်းထဲဝင်ဝင်ချင်းမှာ ကြောက်လန့်နေတဲ့ ကစားသမားတွေဖြစ်ပါတယ်။

https://www.w-higa.com/28925

ဒါပေမယ့် သတိထားကြည့်မယ်ဆိုရင် ဘာကိုမှသတိမထားမိဘဲ ပြေးနေမိပါလိမ့်မယ်။

လယ်ကွင်းဆိုတာက စပါးစိုက်ဖို့အတွက် အရေးကြီးဆုံးနေရာတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် ခုခေတ်ကလေးတွေကတော့ အသန့်ကြိုက်တာများလို့ လယ်ကွင်ထဲကို မဝင်ရဲတော့တဲ့သူတွေများလာပါတယ်။

လယ်ကွင်းထဲမှာ ရွံ့တွေနဲ့ လူးလိမ့်ပြီးကစားရပါတယ်။

ဒါကလည်း ပညာရေးအတွက် အထောက်အကူပြုစေပြီး လူကြီးတွေအတွက်လည်း စိတ်အပြောင်းအလဲဖြစ်စေပါတယ်။

ရွံ့တွေပေနေသွာလို့ ရေချိုးပြီးတဲ့အခါ ဘီယာသောက်လိုက်ရရင်ဖြင့်….

အဲ့ဒီအချိန်လေးက ပျော်စရာအကောင်းဆုံးအချိန်ပဲထင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ခုချိန်ကမိုးရာသီဆိုတော့ ရွံ့တောထဲမှာဆိုရင် တကယ်ကိုပျော်စရာကောင်းမှာနော်…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: