အုပ်စုဖွဲ့ ခေါင်းအုံးပစ်ကစားခြင်း !

ဂျပန်နိုင်ငံရဲ့ကျောင်းတွေမှာ လေ့လာရေးခရီးအနေနဲ့ အားလုံးအတူတူခရီးဝေးသွားကြတာမျိုးရှိပါတယ်။

အားလုံးအတူတူသွားကြပြီး တစ်ခန်းထဲမှာ အတူတူအိပ်ကြရတာဖြစ်ပါတယ်။

အရမ်းကိုချစ်ခင်ရင်းနှီးတဲ့သူငယ်ချင်းနဲ့ အတူတူရှိနေတာကြောင့် အိပ်လို့တော့ပျော်မယ်လို့မထင်ပါဘူး။

MINOLTA DIGITAL CAMERA

https://ja.wikipedia.org/wiki/枕投げ

ဒီလိုပုံစံ ဂျပန်စတိုင်တည်းခိုခန်းမှာ တည်းခိုရင်း အားလုံးအတူတူအိပ်ကြမယ်လို့ဆိုပေမယ့် ညသန်းခေါင်ရောက်တဲ့ထိ ပြောစရာစကားတွေမကုန်နိုင်တာမျိုးလည်း ရှိပါတယ်။

ဒီလိုကနေပြီးတော့ ရိုးရာကစားနည်းတစ်ခုအနေနဲ့ ခေါင်းအုံးပစ်ကစားနည်း ပေါ်လာခဲ့ပါတယ်။

ဘယ်သူကနေ တီထွင်လိုက်တယ်ဆိုတာမျိုးမဟုတ်ဘဲ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

စကားပြောနေရင်းနဲ့ အိပ်ငိုက်ရင်း လုံးဝအိပ်ပျော်သွားတဲ့ သူတွေလည်းရှိပါတယ်။

ဘုန်း …. ! ဆိုပြီး မျက်နှာကိုခေါင်းအုန်းနဲ့ရိုက်လိုက်ပါတယ်။

မနာဘူးဆိုပေမယ့်လည်း နည်းနည်းတော့စိတ်တိုတာပေါ့နော်။

https://middle-edge.jp/articles/Te1rd

ဒါကြောင့် ပြန်ရိုက်မိတတ်ကြပါတယ်။

ဒီလိုပြန်လုပ်ရင်းကနေ ဘေးနားကသူငယ်ချင်းတွေရောက်လာပြီး အချင်းချင်း စစ်ပွဲတွေလို တိုက်ခိုက်ကြပါတယ်။

ဒီလိုစစ်ပွဲတွေမှာ နာကျဥ်တာမျိုးမရှိလို့ ရယ်မောရင်းနဲ့ တိုက်ခိုက်ကြပါတယ်။

နောက်ပြီး  အနိုင်အရှုံးဆိုတာမရှိဘဲ အာလုံးက ရယ်ရယ်မောမောနဲ့ ဆက်ပြီးတိုက်ခိုက်နေရုံနဲ့ အဆုံးသတ်ကြတာဖြစ်ပါတယ်။

ဒီခေါင်းဦးပစ်တဲ့ကစားနည်းကို ကျွန်တော်တို့လည်းဆော့ဖူးပြီး မိဘတွေခေတ်တုန်းကနေလည်း ခေတ်အဆက်ဆက်ဖြတ်ကျော်လာတဲ့ ကစားနည်းဖြစ်ပေမယ့်လည်း သမိုင်းမှာတော့ တွင်ကျယ်မှုမရှိခဲ့ပါဘူး။

ဂျပန်တစ်နိုင်ငံလုံးမှာ ဆော့နေကြတဲ့ မူရင်းကစားနည်းတစ်မျိုးဖြစ်ပါတယ်။

ဒီလိုခေါင်းအုံးပစ်စကားနည်းကို ကစားရင်းကစားရင်း အားကစားတစ်ခုအနေနဲ့ ဆော့လာကြတဲ့သူတွေ ရှိပါတယ်။

https://www.buzzfeed.com/jp/shunsukemori/pillow-fight

 

ရှိဇုအိုကခရိုင်ရဲ့ အိတိုးမြို့မှာ ပြိုင်ပွဲကြီးတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

https://www.youtube.com/watch?v=c8WF0VpwOfo

 

စည်းမျဥ်းစည်းကမ်းကတော့ ခေါင်းအုံးတွေတော်တော်များများကို ပစ်နိုင်ရမှာဖြစ်ပါတယ်။

ရေပူစမ်းတွေရှိတဲ့နေရာဖြစ်တာကြောင့် ဝတ်ရမယ့်ယူနီဖောင်းက ယူကတဖြစ်ပါတယ်။

နောက်ပြီး ခေါင်းအုံးပစ်သင်တန်းတွေကို လေ့လာရေးခရီးတွေမှာ ထည့်သွင်းပေးခဲ့ကြပါတယ်။

ဒါကြောင့် ညဘက်မှာအသံပြဲပြဲနဲ့ ဆရာတွေရောက်လာပါတယ်။

https://www.buzzfeed.com/jp/shunsukemori/pillow-fight

 “ ဆရာလာပြီထင်တယ် “လို့ပြောလို့ရတဲ့ အနေအထားရှိပါတယ်။

အဲ့ဒီအသံကိုကြားရင် ဆောင်ထဲကို မြန်မြန်ပြေးဝင်ရပါတော့မယ်။

တဖက်အသင်းရဲ့ နယ်မြေထဲကို ခေါင်းအုံးတွေအများကြီးပစ်လိုက်နိုင်ပြီဆိုရင် ပြန်သွားယူလို့ရပါတယ်။

ကာကွယ်ပေးနိုင်တာက စောင့်နဲ့ဖြစ်ပါတယ်။

ကိုယ့်ရဲ့အသင်းမှာ အကြီးဆုံးလူက ခေါင်းအုံးနဲ့ မထိမိအောင် ကာကွယ်ထားပေးရတာဖြစ်ပါတယ်။

 

ကဲ …. ဒီလိုစည်မျဥ်းစည်းကမ်းလေးတွေနဲ့ကလည်း စိတ်ဝင်စားဖို့ကောင်းပြီး အထူးသဖြင့်သူငယ်ချင်းတွေနဲ့ အားရပါးရရယ်ပြီးဆော့ရတာလည်း ပျော်စရာတစ်ခုပါပဲ။

သူငယ်ချင်းတွေနဲ့ ခရီးသွားမယ်ဆိုရင် ဒါတွေကို ဆော့တတ်ဖို့လည်း လိုအပ်တာကြောင့် အားလုံးကလည်းတစ်ခေါက်လောက်ဆော့ကြည့်ကြပါနော်။

အော်ဒါနဲ့ ဟိုတယ်မှာရှိတဲ့ ပစ္စည်းတွေကို မပျက်စီးစေနဲ့ဦးနော်…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: