ဒေါ်လာ ၁၀ သိန်းရရှိတဲ့ Pro Gamer ဘဝရဲ့ရိုးရှင်းမှု

၂၀၁၈ ခုနှစ် ၁၂ လပိုင်း ၁၆ ရက်နေ့ မှာကျင်းပတဲ့ Shadowverse World Grand Prix2018 မှာ ယှဥ်ပြိုင်ခဲ့ပြီး ဒေါ်လာ ၁၀ သိန်းရရှိခဲ့တဲ့ လူငယ်လေးတစ်ယောက်ရှိပါတယ်။

သူကတော့ Fegu ဆိုတဲ့ကောင်လေးဖြစ်ပါတယ်။

https://nikkan-spa.jp/1565425?cx_clicks_art_mdl=5_title

 

ဒါက သူ့ရဲ့နာမည်အရင်းဖြစ်လိမ့်မယ်မထင်ပါဘူး။

ဘောလုံးအားကစားကို အကြိုက်ဆုံးဖြစ်တာကြောင့် ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက် ဖြစ်လာဖို့အတွက်ကြိုးစားသလို၊ ဂိမ်းကစားရတာကိုနှစ်သက်တာကြောင့် Pro Gamer ကြီးဖြစ်ဖို့ မျှော်မှန်းခဲ့ပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့….

 

တကယ်တော့ ဂိမ်းကိုသိပ်မကစားဖြစ်ဘဲ ဒီတစ်ခေါက် ShadowVerse မှာတောင် တက္ကသိုလ်အကြီးတန်းတွေကအကြံပြုလို့ ပြိုင်ပွဲတွေကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် Card Game ဆိုတာ ဘာမှန်းတောင်မသိခဲ့ပါဘူး။

ဆက်ပြီးတော့စိတ်ဝင်စားလာခဲ့တာက ဆုကြေး ယန်း သိန်း၄၀ ပေးမယ့်ပွဲကနေ စပြီးပါဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

 

အဲ့ဒီမှာအနိုင်ရရှိခဲ့ပြီး ဂျပန်နိုင်ငံရဲ့ထိပ်ဆုံးနေရာကိုရရှိခဲ့တဲ့သူဟာ ဂျပန်နိုင်ငံကိုယ်စားပြုကစားသမား ဖြစ်လာခဲ့ရာ နိုင်ငံတကာပြိုင်ပွဲကြီးမှာ ယှဥ်ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ အဆင့် ၅ နဲ့အဆုံးသတ်ခဲ့တာကိုမကျေနပ်နိုင်ခဲ့ဘဲ ၂၀၁၈ ခုနှစ်မှာ ဂိမ်းထဲကိုနှစ်မြှုပ်ခဲ့ပါတယ်။

တက္ကသိုလ်ကနေတောင်မှထွက်ပြီး ဂိမ်းတစ်မျိုးတည်းကိုပဲ အာရုံစိုက်နေခဲ့ပါတယ်။

Pro Gamer ဆိုတာဟာ ဆန်းသစ်တဲ့အလုပ်တစ်ခုဖြစ်ပြီးတော့ မိဘတွေနဲ့လည်းအမြဲတမ်းအတိုက်အခံလုပ်ရပါတယ်။

ဒီလိုကြားထဲမှာမှ ဒီဂိမ်းကစားသမားကို ပံ့ပိုးပေးတဲ့ကုမ္ပဏီတွေ ပေါ်ထွက်လာပြီး ရရှိမယ့်လစာကိုလည်း သက်တမ်းကိုလိုက်ပြီးတိုးပေးရင်းနဲ့ မိဘတွေနဲ့ ညှိနှိုင်းပေးတာဖြစ်ပါတယ်။

ဒေါ်လာ ၁၀ သိန်းကိုအနိုင်ရှိခဲ့တာဟာ သူနဲ့ဆက်နွယ်တဲ့ ကုမ္ပဏီတွေလည်းရှိနေတာကြောင့် ပိုက်ဆံတွေအကုန်လုံး သူ့ရဲ့လက်ထဲကိုဝင်ရောက်သွားတာတော့မဟုတ်ပါဘူး။

ဒါပေမယ့် အဲ့ဒီလောက်နီးနီးပိုက်ဆံတွေရမှာသေချာတာကြောင့် ဘယ်လိုနေထိုင်စားသောက်နေလဲဆိုတာ ……

 

လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ကောင်မလေးလည်းမရှိ ဝါသနာလည်းမပါပါဘူး။

အပြောင်းအလဲဖြစ်အောင် တစ်ခါတစ်ရံ သူငယ်ချင်းတွေနဲ့အပြင်သွားမယ်.. ဒီလောက်ပါပဲ။

ဈေးကြီးတဲ့ပစ္စည်းတွေလည်းမဝယ်ဘဲ ဘာသာရေးကိုင်းရှိုင်းပြီး မိဘတွေနဲ့အတူနေထိုင်ဖို့ တိုက်ခန်းဝယ်မယ်လို့ပဲ တွေးထားပါတယ်။

 

တကယ်ကိုရိုးရှင်းတည်ငြိမ်တဲ့ဘဝလေးပဲဖြစ်ပါတယ်။

စကားမစပ် ဒီဂိမ်းကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ဆော့နိုင်ဖို့က ငွေကြေးတွေလည်းလိုအပ်မှာပဲနော်။

ဒေါ်လာ ၁၀ သိန်းဆိုရင် ယန်း သန်းပေါင်း ၁၁၀ လောက်ရှိတယ်ဆိုပေမယ့် ဒီလောက်ရဖို့အတွက် ယန်း ၁၀ သိန်းကိုပေးသွင်းရပါသေးတယ်။

ပုံမှန်အတိုင်းစဥ်းစားကြည့်မယ်ဆိုရင် ဂိမ်းမှာ ယန်း ၁၀ သိန်းတောင်မှ ပေးလိုက်ရမယ်ဆိုရင် များလွန်းတယ်လို့ထင်ပေမယ့် ဒီပေးထားတဲ့ပိုက်ဆံတွေအကုန်လုံးကို ဆုငွေအဖြစ်နဲ့ပြန်ရတာဟာ လုံးဝကိုတန်ပါတယ်။

စကားမစပ် စာရေးသူလည်း StreetFighter2 ဆိုတဲ့ဂိမ်းကစားပွဲမှာ ယန်း ၁၀ သိန်းကျော်လောက် သုံးဖူးခဲ့ပါသေးတယ်။

အဲ့ဒီအချိန်တုန်းက eSports ဆိုတာမျိုးမရှိသေးတာကြောင့် ဆုကြေးငွေကတော့ သုညပါ။

https://nikkan-spa.jp/1565425/2

တကယ်တော့ လေ့ကျင့်တဲ့အချိန်ကိုအကြာကြီးသုံးရတာကြောင့် နေ့တိုင်းတစ်ရက်ကို ၁၀ နာရီလောက် ဂိမ်းထိုင်ဆော့နေတာဖြစ်ပါတယ်။

ဒီလိုနေထိုင်ရတာကို ကျေနပ်မှုရှိရဲ့လားလို့ မေးကြည့်တဲ့အခါမှာတော့ …

ကောင်မလေးမရှိတာကလွဲရင်အဆင်ပြေလို့ ၉၉ ရာခိုင်နှုန်းလောက်ကျေနပ်ပါတယ်။

အသက် ၃၀ မတိုင်ခင်မှာ လက်ထပ်ချင်လို့ ဂိမ်းကိုနားလည်တဲ့ကောင်မလေးကိုရှာမှ ဖြစ်မှာဖြစ်မှာပေါ့နော်။

လို့ ရယ်မောပြီးဖြေကြားသွားခဲ့ပါတယ်။

မိဘတွေရဲ့ခွင့်ပြုချက်ကိုမရတဲ့အလုပ်ဖြစ်ပြီး တည်ငြိမ်မှုမရှိတဲ့ကြောက်စရာအလုပ်အကိုင်တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် ဂိမ်းဆော့ရတာကြိုက်တဲ့ကလေးတွေရဲ့ အိမ်မက်ကိုဖြစ်မြောက်လာစေတဲ့ အလုပ်ဖြစ်တာကြောင့် ဒီနှစ်မှာလည်း ကြိုးစားပြီးအနိုင်ရရှိစေချင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: