မြန်မာ ယူ ၂၃ နဲ့ ဂျပန် ယူ ၂၃ တို့ထိပ်တိုက်တွေ့မယ့်ပွဲစဉ်

AFC U-23 Championship Thailand 2020 ခြေစစ်ပွဲတွေကို သုဝဏ္ဏအားကစားကွင်းမှာ ယှဥ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

AFC U-23 Championship Thailand 2020 Qualifier တွေကတော့ စုစုပေါင်း အုပ်စု ၁၁ စုရှိပြီး အသင်းပေါင်း ၄၃ သင်းပါဝင်ပါတယ်။

အနောက်တိုင်းအသင်း ၂၃ သင်း နဲ့ အရှေ့တိုင်းအသင်း ၂၀ တို့ ပါဝင်ယှဥ်ပြိုင်နေတာဖြစ်ပါတယ်။

၎င်းတို့ထဲမှ အုပ်စုပထမ ၁၁ သင်းနဲ့ အကောင်းဆုံးဒုတိယ ၄ သင်းကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

ယခုတစ်ကြိမ်မှာကျရောက်တဲ့ အုပ်စု I ပွဲစဥ်ကို မြန်မာနိုင်ငံမှာကျင်းပလျက်ရှိပြီး မြန်မာ ယူ ၂၃ အသင်းဟာ ၂၀၁၆ ခုနှစ်ရဲ့ချန်ပီယံတွေဖြစ်တဲ့ ဂျပန်၊ အရှေ့တီမော၊ မကာအို တို့နဲ့အတူယှဥ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

ဒီပွဲစဥ်တွေအတွက် မတ်လ ၁၈ ရက်၊ တနင်္လာနေ့ကတည်းကနေ ဂျပန် ယူ ၂၂ အသင်းဟာ ရန်ကုန်ကို ရောက်ရှိနေပြီး ပြိုင်ပွဲအတွက်အထူးလေ့ကျင့်နေတယ်လို့လည်း သိရှိရပါတယ်။

ယခု ယူ ၂၂ အသင်းမှာပါဝင်တဲ့ ကစားသမားတွေထဲမှာ ဘာစီလိုနာ ကစားသမားဟောင်းဖြစ်တဲ့ Takefusa Kubo လည်းပါဝင်မှာဖြစ်ပါတယ်။

သူရဲ့ မိခင်အသင်းကတော့ တိုကျိုအသင်းဖြစ်ပါတယ်။

https://i.ytimg.com/vi/ENpXImSplvI/maxresdefault.jpg

ယှဥ်ပြိုင်နေတဲ့ပွဲစဥ်တစ်လျှောက် ကြားရက်တွေမှာလည်း လေ့ကျင့်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

ဂျပန်အသင်းနဲ့အတူ မြန်မာ၊ အရှေ့တီမော၊ မကာအိုတို့က တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

နောက်ဆုံးပွဲစဥ်အနေနဲ့ မြန်မာနဲ့ဂျပန်တို့က ထိပ်တိုက်ယှဥ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

ကျင်းပမယ့်ပွဲစဥ်အချိန်ဇယားတွေကတော့

မတ်လ ၂၂ ရက်နေ့ ညနေ (၃း၀၀) ၊ မကာအို – ဂျပန်

မတ်လ ၂၂ ရက်နေ့ ညနေ (၆း၀၀) ၊ မြန်မာ – အရှေ့တီမော

မတ်လ ၂၄ ရက်နေ့ ညနေ (၃း၀၀) ၊ အရှေ့တီမော – ဂျပန်

မတ်လ ၂၄ ရက်နေ့ ညနေ ( ၆း၀၀) ၊ မြန်မာ – မကာအို

မတ်လ ၂၆ ရက်နေ့ ညနေ (၃း၀၀) ၊ အရှေ့တီမော – မကာအို

မတ်လ ၂၆ ရက်နေ့ ညနေ( ၆း၀၀) ၊ မြန်မာ – ဂျပန်

မြန်မာပွဲစဥ်တွေကိုပဲကြည့်ရှု့ချင်တဲ့သူတွေအတွက်ကတော့ ၂၂ ရက်နေ့ ညနေ ၆ နာရီ မြန်မာ – အရှေ့မောတီပွဲစဥ်၊ ၂၄ ရက်နေ့ ညနေ ၆ နာရီ မြန်မာ – မကာအိုပွဲစဥ် နဲ့ မတ်လ ၂၆ ရက်နေ့ ညနေ ၆း၀၀ မြန်မာ – ဂျပန်ပွဲစဥ်တို့ကို ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ မြန်မာပွဲတွေအားလုံးက ပုံမှန်ရုံးချိန်လွတ်မယ်လို့ထင်ပါတယ်။

ဂျပန်ပွဲစဥ်တွေပဲ ကြည့်ချင်တဲ့သူတွေဆိုရင်တော့ ၂၂ ရက်နေ့ ညနေ ၃း၀၀ မကာအို – ဂျပန်ပွဲစဥ်၊ ၂၄ ရက်နေ့ ညနေ ၃း၀၀ ၊ အရှေ့တီမော – ဂျပန်ပွဲစဥ်၊ ၂၆ ရက်နေ့ ညနေ ၆း၀၀ မြန်မာ – ဂျပန်ပွဲစဥ်တို့ကို ကြည့်ရှု့နိုင်ပါတယ်။

အရေးကြီးဆုံးကတော့ နောက်ဆုံးပွဲစဥ်ဖြစ်တဲ့ မြန်မာ-ဂျပန် ပွဲစဥ်ကို ကြည့်ရှု့ဖို့မမေ့ပါနဲ့နော်။ နောက်နေ့  ၂၇ ရက်နေ့က ပိတ်ရက်ဖြစ်တာကြောင့် ကောင်းကောင်းအနားယူလို့ရပါတယ်။

မတ်လ ၂၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နည်းပြတွေရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ

“ဒီပွဲစဥ်တွေက ဂျပန်အသင်းအတွက် မလွယ်ကူတဲ့ပွဲစဥ်တွေလို့ထင်ပါတယ်။ ကစားရမယ့်အသင်း ၃ သင်းလုံးက အရမ်းကောင်းမွန်ပြီး ပွဲစဥ်တိုင်းက အရမ်းအရေးကြီးပါတယ်။”

လို့ Japan U-23 ရဲ့ နည်းပြ Akinobu Yokouchi က အခုလိုပြောကြားခဲ့ပါတယ်။

မြန်မာအသင်းနည်းပြဖြစ်တဲ့ Velizar Popov ကလည်း

” ပြိုင်ပွဲအတွက် အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။ ဒါက မြန်မာအသင်းအတွက်အရမ်းကိုကောင်းမွန်တဲ့ အခွင့်အရေးဖြစ်သလို အုပ်စုထဲမှာပါတဲ့ ဂျပန်အသင်းက အာရှအဆင့်မှာပါတဲ့အသင်းဖြစ်ပါတယ်။ နောက်ပြီးတော့ မကာအိုနဲ့ တီမောကိုလည်း လုံးဝလျော့တွက်လို့မရပါဘူး။ နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်ဖို့အတွက် အကောင်းဆုံး ကြိုးစားသွားမှာပါ။ “

လို့ပြောကြားခဲ့ပါတယ်။

https://scontent.frgn4-1.fna.fbcdn.net/v/t1.0-9

သွားရောက်ကြည့်ရှု့ချင်တဲ့အတွက် လက်မှတ်တွေကို online ကနေလည်း ဝယ်ယူလို့ရနေပါပြီ။

အထူးတန်းအတွက် တစ်ယောက် ၃၀၀၀ ကျပ်ဖြစ်ပြီး ရိုးရိုးတန်းအတွက် တစ်ယောက်ကို ၁၀၀၀ ကျပ်ဖြစ်ပါတယ်။

တစ်ရက်စာဝယ်ယူပြီး ၂ ပွဲလုံးကြည့်ရှု့နိုင်တယ်လို့လည်း သိရပါတယ်။

အေးအေးဆေးဆေးသွားရောက်ကြည့်ရှု့နိုင်ဖို့အတွက် online ကနေ ဝယ်ယူချင်တယ်ဆိုရင် အောက်ပါ link ကနေ ဝယ်ယူနိုင်ပါတယ်နော်။

https://www.messenger.com/t/MFFMYANMAR

 

အကြောင်းအမျိုးမျိုးကြောင့် သွားမကြည့်နိုင်တဲ့သူတွေအတွက်ကတော့ Live My Sports၊ MRTV MRTV Sport channel၊ Channel 7 တို့မှာ စောင့်မျှော်ကြည့်ရှု့နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: