အသင်းဝင် ၈ ယောက်ပဲရှိတဲ့ အမျိုးသမီးဘောလုံးအသင်း

ဂျပန်နိုင်ငံရဲ့ အထက်တန်းကျောင်းသူတစ်စုက မဖြစ်နိုင်တဲ့ ဘောလုံးအသင်းကို ဖွဲ့စည်းခဲ့ကြပါတယ်။

အီဂဘွန်းခိုးကျောင်းခွဲရဲ့ အမျိုးသမီးဘောလုံးအသင်းမှာ ပထမနှစ်ကျောင်းသူ ၈ ယောက် ပါဝင်ပါတယ်။

http://www.isenp.co.jp/2019/02/25/29031/?fbclid=IwAR3gDXa5VbqhrLd3I5rrG9pTXmTu73x7ihkouH8fjNzMmaLyvGM4pNM1kSw

ခမိမုရ ဂခုအန်း ကျောင်းက အမျိုးသမီးဘောလုံးအားကစားမှာ အားကောင်းတယ်ဆိုပြီးနာမည်ကြီးပေမယ့် အဲ့ဒီကျောင်းခွဲမှာရှိတဲ့ မိန်းကလေးကစားသမားတွေက လူအပြည့်တောင်မရှိပါဘူး။

အသင်းကို ၂၀၁၈ ခုနှစ်မှာ စပြီးဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

နောက်ပြီးတော့ ၈ ယောက်ကလွဲပြီးမစုစည်းနိုင်ခဲ့တဲ့အခြေအနေဖြစ်ခဲ့ပြီး မိအဲ စီရင်စု အထက်တန်းကျောင်းသူတွေနဲ့ ပထမဦးဆုံးပွဲစဥ်ကို ကန်ခဲ့ပါတယ်။

ဒီပွဲရဲ့ ပထမပိုင်းမှာတင် ၁၀ ဂိုးသွင်းနိုင်ခဲ့ပြီး မိအဲအထက်တန်းကျောင်းကို အနိုင်ပိုင်းခဲ့ကာ အဲ့ဒီအရှိန်နဲ့ပဲ အနိုင်ရရှိခဲ့ပါတယ်။

၈ ယောက်ထဲနဲ့လား ?

တစ်ဖက်အသင်းကတော့ ၁၁ ယောက်နဲ့ လူအပြည့်ကန်သွားခဲ့ပါတယ်။

အရေအတွက်နဲ့ မသက်ဆိုင်ပါဘူး။ ဒါကိုအစားထိုးဖို့အတွက် အဖွဲ့ဝင်အားလုံးက စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာပြီး သွက်သွက်လက်လက်နဲ့ အပေးအယူမျှမျှ ဂိုးသွင်းနိုင်ဖို့က အဓိကပဲဖြစ်ပါတယ်။

အရေအတွက်နည်းတဲ့အခြေအနေနဲ့ အနိုင်ရမရဆိုတာ မသက်ဆိုင်ပါဘူး။

ဒါကိုနားလည်ပြီး ကစားသမားတွေကိုရွေးချယ်စုဆောင်းမယ်ဆိုရင် ကစားသမား ၈ ယောက်နဲ့တင် အနိုင်ရရှိမှာလား ?

ဒါက မထူးဆန်းတော့ပါဘူး။

စီရင်စုမှာ ပထမနေရာကို သိမ်းပိုက်ထားတဲ့သူတို့တွေက တစ်ချိန်မှာ ဂျပန်နိုင်ငံရဲ့ ပထမနေရာကို ရောက်ဖို့ရည်ရွယ်ထားပါတယ်။

ဒီလိုတွေအထိဖြစ်လာခဲ့ပြီးမှ အသင်းရဲ့ ကစားသမား ၁၁ ယောက်ပြည့်သွားမယ်ဆိုရင် ပိုကောင်းတာပေါ့နော်။

၈ ယောက်တည်းနဲ့ ဒီလောက်ထိ အနိုင်ရခဲ့တဲ့အသင်းက ၁၁ ယောက်ပြည့်မယ်ဆိုရင် ဘယ်လောက်တောက်အင်အားကောင်းလိုက်မလဲနော်?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: