စိတ်ဖိစီးတဲ့အခါ ပေါက်ကွဲဖို့အတွက် အကောင်းဆုံးနည်းလမ်း

အထက်လူကြီးကဆူတဲ့အခါ ၊ ကောင်လေးကထားခဲ့တဲ့အခါ ၊ ဖေဖေမေမေဆီကနေ ဆူခံထိတဲ့အခါ ……….

စတာတွေနဲ့ကြုံတွေ့ရရင် စိတ်ဖိစီးမှုတွေအများကြီးရှိနေပါလိမ့်မယ်။

ဒီလိုစိတ်ဖိစီးမှုတွေကို သင်ဘယ်လိုဖြေလျော့ပါသလဲ ?

သူငယ်ချင်းတွေနဲ့သောက်ပြီးတော့ ကာရာအိုကေသွားဆိုတာလား?

မဟားတရားစားတာလား ?

စျေးဝယ်ထွက်လိုက်တာလား ?

အန်နာဗွန်စီ သောက်လိုက်တာလား ?

ဒါတွေကစိတ်ဖြေလျော့ဖို့ကောင်းပေမယ့် သင်ရဲ့ ကျန်းမာရေးနဲ့ ပိုက်ဆံအိတ်ကို ရက်စက်ရာမကျဘူးလား ?

ဂျပန်နိုင်ငံမှာ ဒီလိုစိတ်ဖိစီးမှုကို ဖြေလျော့ဖို့အတွက် နည်းလမ်းကောင်းရှိပါတယ်။

 

https://riverstone-roofing.com/kawara-wari/20150407_why-kawarawari/

တွေ့တဲ့အတိုင်းပါပဲ၊ ကရာတေးကစားသမားတွေကစားနေကျ အုတ်ချပ်တွေကို ရိုက်ခွဲကြတာဖြစ်ပါတယ်။

ကြည့်ဖူးတဲ့သူတွေကသိမယ်လို့ထင်ပါတယ်။  “ ခွမ်း “ ဆိုတဲ့အသံကျယ်ကြီးနဲ့ အုတ်ချပ်တွေ ကွဲထွက်သွားတာဖြစ်ပါတယ်။

ကြည့်နေရင်းနဲ့တောင်အားရနေသလိုခံစားရတော့ ကိုယ်တိုင်လုပ်ကြည့်လိုက်ရရင် စိတ်ထဲတော်တော်ပေါ့သွားမယ်ထင်ပါတယ်။

ဒါပေမယ့် ဒါကိုသာမာန်လူတွေလုပ်လို့မှမရတာ… လို့ထင်နေပါလိမ့်မယ်။

ဂျပန်မှာတော့ ကိုယ်တိုင်လုပ်လို့ရပါတယ်။

ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ ( 東京浅草 ) တိုကျိုမြို့ အဆခုဆမှာရှိတဲ့ ( カワラナ ) ခဝရန ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။

https://retrip.jp/articles/120158/

 

ကိုယ်ဘယ်နှစ်ချက်ချိုးချင်ကိုလိုက်ပြီး ငွေရှင်းရမှာဖြစ်ပါတယ်။

 

https://retrip.jp/articles/120158/

 

နောက်ပြီးတော့ အုတ်ချပ်တွေကို ကြိုတင်ပြင်ဆင်ပေးထားပါတယ်။

https://retrip.jp/articles/120158/

ကဲ….. စာဖတ်သူတို့ရဲ့မျက်စိရှေ့မှာ ခဝဟရကို မြင်အောင်ပြပေးလိုက်ပြီနော်……

 

ခေါင်းထဲမှာပေါ်လာတဲ့ အထက်လူကြီးနာမည်ကို အကျယ်ကြီးအော်ပြီး ခွဲပစ်လိုက်တော့ !

 

ဟာ ? အဲ့ဒီအပြားတွေက မာတယ်မဟုတ်ဘူးလား ?

 

တကယ်တော့ ကရာတေးမှာလည်းသုံးတဲ့အပြားက အထူးပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ကွဲလွယ်ပါတယ်။

နောက်ပြီးတော့ ဂင်းနစ်စံချိန်စိန်ခေါ်မှု ဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့အစီအစဥ်လည်းရှိပါတယ်။

ယန်း ၅,၀၀၀ ကုန်မယ်ဆိုပေမယ့် တစ်နှစ်အတွင်းမှာလာပြိုင်တဲ့ တခြားသူတွေထက် အချပ်ရေများများချိုးနိုင်ခဲ့မယ်ဆိုရင် ငွေအပြည့်အဝပြန်အမ်းပေးမှာဖြစ်ပါတယ်။

အထက်လူကြီး၊ ချစ်သူနဲ့ သူငယ်ချင်းတွေကို မကျေနပ်မှုတွေရှိတဲ့ စာဖတ်သူတို့ရေ ရှိတဲ့ဒေါသတွေအားလုံးကို ဖြေလျှော့ပြီးတော့ ဂင်းနစ်စံချိန်ဝင်နိုင်တဲ့ အခွင့်အရေးရှိတယ်နော်။

 

တိုကျိုကိုသွားမယ့်သူတွေရော၊ တိုကျိုမှာနေနေတဲ့သူတွေရော အဲ့ဒီကိုသေချာပေါက်သွားဖို့ အောက်မှာလိပ်စာဖော်ပြပေးလိုက်ပါတယ်။

瓦割りカワラナ

東京都台東区浅草二丁目27-17

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: