ရေဘူးအဖုံးပစ်ကစားနည်း

လွယ်လွယ်ကူကူနဲ့ ကစားနိုင်တဲ့ ကစားနည်းတစ်မျိုးက ဂျပန်နိုင်ငံရဲ့တက္ကသိုလ်ကျောင်းသားတွေကြားမှာ အရမ်းကိုရေပန်းစားနေပါတယ်။

ရေဘူးတွေရဲ့ အဖုံးကိုပစ်ရုံလေးနဲ့ ရိုးရိုးရှင်းရှင်းဆော့ရတဲ့ဂိမ်းဖြစ်တဲ့အတွက် ပျော်စရာကောင်းပါ့မလားဆိုတာကို အောက်ကဗွီဒီယိုလေးမှာ ကြည့်လိုက်နော်….

https://www.youtube.com/watch?v=uLjBrDtfVPc

ကြည့်လိုက်တော့ စိတ်ဝင်စားဖို့ကောင်းပါသလား ?

အဝိုင်းပုံစံအမျိုးမျိုးကို ယူပြီးပစ်လို့ရပါတယ်။

https://pbs.twimg.com/media/DhACQHOU8AEmETo.jpg

အားတဲ့အချိန်မှာ အပျင်းပြေအနေနဲ့ တစ်ခါလောက်စမ်းပြီး ပစ်ကြည့်စေချင်ပါတယ် ။

နောက်ထပ် အတူတူဆော့ချင်တဲ့သူတွေရှိမယ်ဆိုရင် ဘေ့စ်ဘောဆော့သလိုမျိုး ဆော့ကစားလို့ရပါတယ်။

ဘူးအဖုံးနဲ့ ရိုက်ဖို့တုတ်ကိုတော့ ကြိုတင်ပြင်ဆင်ထားရပါမယ်။

https://www.youtube.com/watch?v=hoEBhKftCGQ

အကန့်အသတ်မရှိတဲ့အတွက် ဒိုင်လူကြီးတစ်ယောက်ကိုထည့်လိုက်ရင်တောင် ၅ ယောက်တည်းနဲ့ ဆော့ကစားလို့ရပါတယ်။

နေရာကျယ်ကျယ်ဝန်းဝန်းလည်းမလိုအပ်ဘဲနဲ့ အဝိုင်းလုံးလေးတွေက တခြားသူဆီကို လွင့်ပြီးသွားထိတဲ့အခါမှာ ထိခိုက်မှုမဖြစ်စေပါဘူး။

ပိုက်ဆံအကုန်အကျလည်း လုံးဝမရှိတာကြောင့် လွယ်လွယ်ကူကူနဲ့ စပြီးကစားခဲ့ကြတယ်လို့ထင်ပါတယ်။

 

မြန်မာနိုင်ငံမှာ ဘေ့စ်ဘောကိုအဲ့လောက်ထိမကစားကြပေမယ့် အပျော်အနေနဲ့ ဆော့ကြရင်မကောင်းဘူးလား ?

 

ဘူးအဖုံးတွေကို ဘောလုံးအနေနဲ့ ကန်လာရင်းကနေ ဒီလိုလွယ်ကူတဲ့ကစားနည်းက တော်တော်လေး ရေပန်းစားလာခဲ့ပါတယ်။

 

ဒီကစားနည်းကို ကြိုက်နှစ်သက်တဲ့သူများလာပြီဆိုရင် အိုလံပစ်မှာ ထည့်လိုက်မယ်ဆိုရင်ရော ? ? ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: