127kg ကိုပေါ့တယ်လို့ပြောတဲ့ အသန်မာဆုံးအဖွား

လတ်တလော ကမ္ဘာ့အလေးမပွဲမှာ ၁၇ ကြိမ် အနိုင်ရခဲ့ပါတယ်။

ကမ္ဘာ့အသန်မာဆုံး အဖွားက အလေးမသမားတစ်ယောက်ဖြစ်ပါတယ်။

လေ့ကျင့်ရင် 130 kg မနိုင်ခဲ့တာလည်းရှိခဲ့ပါတယ်။

ကမ္ဘာ့စံချိန်ကို ဆက်တိုက်မှတ်တမ်းတင်နိုင်လောက်အောင်ကျန်းမာသန်စွမ်းပါတယ်။

http://news.livedoor.com/article/detail/15310735/

ဆဝစံဟာ အသက်၅၀ အရွယ်မှာ အလေးမအားကစားကို စတင်ခဲ့ပါတယ်။

ကျန်းမာရေးတွေစစ်ဆေးတဲ့အခါမှာ အဝလွန်တယ်ဆိုတဲ့ အဖြေကိုရရှိခဲ့ပြီးနောက်မှာ

လက်ဝှေ့အားကစားရုံမှာ စပြီးလေ့ကျင်ခန်းတွေလုပ်ခဲ့ပါတယ်။

လေ့ကျင့်ရေးအပိုင်းမှာ အလေးမနေတဲ့ ယောကျ်ားလေးတွေတောင်မှာ သဘောကျခဲ့ရပါတယ်။

စစချင်းမှာပဲ အလေးကို 50kg တောင် မ နိုင်ခဲ့လို့ အားလုံးပဲလန့်ဖြန့်သွားခဲ့ရပါတယ်။

အဲ့ဒီနောက်မှာ အလေးမအားကစားရုံကို ဝင်ရောက်ခဲ့ပါတယ်။

နောက်တော့ ကမ္ဘာစင်မြင့်ကိုတောင် ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။

 

အလေးမခြင်းရဲ့ အားသာချက်က ?

 

အောင်မြင်မှုတွေရရှိတာက အရမ်းကိုကောင်းမွန်ပါတယ်။

နည်းနည်းမှမလေးတာကို မလိုက်ရတဲ့အချိန်မှာ ပျော်ရွှင်မှုက အတိုင်းမသိပါပဲ !

 

အလေးမပြီးတော့ဘဝက ပြောင်းလဲခဲ့လား ?

 

ကမ္ဘာ့ပွဲစဥ်မှာ ၁၀ ကြိမ်အောင်မြင်ခဲ့ပြီးနောက်မှာ “ လုပ်ရင်ဘာမဆိုဖြစ်တယ် “ လို့တွေးမိခဲ့ပါတယ်။

 

အလေးမခြင်းရဲ့ အဓိကပြဿနာက ?( ပြုံးလျက်)

 

ဝိတ်ချဖို့အတွက်စပြီးကစားခဲ့တာဆိုပေမယ့် အဲ့ဒါနဲ့ပြောင်းပြန် ပိုပြီးဝလာခဲ့ပါတယ်။

 

http://news.livedoor.com/article/detail/15310735/

 

ဆဝစံက အသားစားရတာကိုအကြိုက်ဆုံးပါပဲ။ နောက်ပြီးတော့ သူမကြိုက်နှစ်သက်တဲ့အစားအစာတွေကို ရှာဖွေပြီးတော့ အပြင်သွားရတာကို ကြိုက်နှစ်သက်ပါတယ်။

84kg အတန်းကို တက်ရောက်ခဲ့ပေမယ့် အဲ့ဒီအတန်းက 72.01〜84.00kg အထိရှိတဲ့သူတွေပဲတက်ရောက်နိုင်တာပါ။

ဆဝစံက သတ်မှတ်ထားတဲ့ အလေးချိန်ကို ကျော်ခဲ့ပေမယ့် အဲ့ဒီသတ်မှတ်ထားတဲ့အလေးချိန်မဟုတ်လဲ OK ခဲ့တယ်လို့တွေးမိပြီးတော့ 7kg တောင်မှ ဝလာခဲ့တဲ့ပုံပါပဲ။

 

ဆဝစံဟာ တစ်ပတ်မှာတစ်ကြိမ်ထက်ပိုပြီး လေ့ကျင့်ခန်းမလုပ်ရင်တောင် စံချိန်ကိုဆက်ပြီးထိန်းထားနိုင်ပါတယ်။

ပတ်ဝန်းကျင်ကနေ “တိတ်တိတ်လေးလေ့ကျင့်နေတာမဟုတ်ဘူးလား ? “ လို့အထင်ခံနေရပေမယ့် အဲ့ဒီလိုမဟုတ်ရပါဘူး။

ပုံမှန်အားဖြင့် ဟချိအိုးဂျိ ရဲ့ဝန်ထမ်းအနေနဲ့ အလုပ်လုပ်ပြီးတော့ အားလပ်နေတဲ့အချိန်မှာဆိုရင် စေတနာ့ဝန်ထမ်းအနေနဲ့ လုံ့လရှိရှိပူးပေါင်းပါဝင်တဲ့သူဖြစ်ပါတယ်။

အိပ်ချိန်ကိုလည်းတစ်နေ့မှာ ၆ နာရီလောက်နဲ့ ကျန်းမာအောင်နေထိုင်တဲ့သူဖြစ်ပါတယ်။

ရှေ့ဆက်ပြီးတော့ အလေးမရင်းနဲ့ ကမ္ဘာ့အသန်မာဆုံးအဖွားရဲ့ စဥ်ဆက်မပြတ်မှတ်တမ်းကိုဆက်ပြီးတော့ထိန်းထားနိုင်ဖို့ဆုတောင်းရင်း……

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: