105km ကိုမဖြစ်မနေလမ်းလျှောက်ရတဲ့ပွဲ!
ကျောင်းသားဘ၀မှာ ကျောင်းရဲ့လေ့လာရေးခရီးစဥ်တွေ ပွဲတွေအမျိုးမျိုးရှိပါတယ်လေနော်.=။
ဂျပန်မှာလည်း အရင်တုန်းကတော့ ကျောင်းသားတွေအားလုံးစုပြီးတော့မှ အဝေးတစ်နေရာရာကို လမ်းလျှောက်ပြီးသွားကြတဲ့ ပွဲမျိုးရှိပါတယ်။
အခုတော့ ဘတ်စ်ကားတို့၊ ရထားတို့နဲ့ သွားတာတွေများပါတယ်။
ဒါပေမယ့် အခုအချိန်အထိ အရင်တုန်းကလိုဘဲလမ်းလျှောက်ပြီးသွားတဲ့ ကျောင်းတွေလည်းအနဲငယ်တော့ ရှိပါသေးတယ်။
Kofu Daiichiအထက်တန်းကျောင်း
ဒီကျောင်းက ၁၉၂၄ခုနစ်ကစပြီးတော့ လမ်းလျှောက်သွားတာမျိုးကို တောက်လျှောက်လုပ်လာတာပါ။
လမ်းလျှောက်ပြီးသွားလာတာက ကျန်းမာရေးအတွက်အကောင်းဆုံးပါ!
ဒီလိုနဲ့ ယောကျာ်းလေးက ၁၀၅ကီလိုမီတာ၊ မိန်းခလေးက ၄၃ကီလိုမီတာ
မဖြစ်မနေပါ၀င်လမ်းလျှောက်ရပါတယ်။
https://matome.naver.jp/odai/2144495006531697801
ဒီလိုမျိုးမဖြစ်မနေလုပ်ရမယ်လို့သတ်မှတ်တဲ့ကျောင်းတွေလည်း ရှိပါတယ်။
တစ်ခေါက်က ပါ၀င်လမ်းလျှောက်တဲ့ကျောင်းသူတစ်ယောက် မတော်တဆဒဏ်ရာရပြီးတော့
အကွာအဝေးကို နည်းနည်းတိုသွားခဲ့ပေမယ့်
၂၀၁၈မှာတော့ ၁၁နှစ်ကြာမှ နဂိုမူရင်းခရီးအကွာအဝေးကို ပြန်သတ်မှတ်လိုက်ပါတယ်။
အဲလိုလမ်းလျှောက်မထွက်ကြခင်မှာ ဒီလိုချစ်စရာကောင်းတဲ့ အရာလေးတွေလည်း လုပ်ကြပါတယ်.
https://matome.naver.jp/odai/2144495006531697801
မိန်းခလေးက ယောကျာ်းလေးကို ပုံထဲကလိုအိတ်လေးလက်ဆောင်ပေးတာပါ။
ဂျပန်လို အိုမာမိုးရိ(お守り)၊ တစ်ခုခုဖြစ်ရင် စောင့်ရှောက်ပေးတဲ့အိတ်လေးလို့ ပြောကြပါတယ်။
အထဲမှာပါတာတွေကတော့ လမ်းလျှောက်ရင်းနဲ့ ခြေထောက်နာရင်ကပ်ဖို့ ပလာစတာ၊
မောရင်စားဖို့ သကြားလုံးလေးတွေပါပါတယ်။
မိန်းခလေးက ကိုယ်သဘောကျတဲ့ကောင်လေးကိုပေးတာပါ။
ဒီလိုနဲ့ယောကျာ်းလေးတွေက မနားမနေလမ်းလျှောက်ကြတာပေါ့။
https://matome.naver.jp/odai/2144495006531697801
လမ်းတစ်၀က်မှာ လမ်းလျှောက်နေရင်းနဲ့ အစားအစာလည်းရပါမယ်။
အစားအစာတွေကိုလုပ်ပေးတာကတော့ ကျောင်းပြီးသွားတဲ့သူတွေက ဒေသခံတွေနဲ့ပေါင်းပြီးတော့ လမ်းလျှောက်တဲ့ကျောင်းသားတွေကို အားပေးချင်တဲ့အတွက်ပါ။
ဒီလိုနဲ့လျှောက်သွားရင်း ပန်းတိုင်၀င်သွားရင်တော့ ပန်းတိုင်၀င်တဲ့သူကို ပန်းသီးဆုချပါတယ်။
https://matome.naver.jp/odai/2144495006531697801
ဒီပန်းသီးကိုရတဲ့အခါ ကောင်လေးတွေက အိုမာမိုးရိအိတ်လေးပေးခဲ့တဲ့
ကောင်မလေးကို ပြန်ပေးကြပါတယ်။
ပန်းသီးရတဲ့ကောင်မလေးက အဲပန်းသီးနဲ့ ပန်းသီးမုန့်လုပ်ကြပါတယ်။
https://matome.naver.jp/odai/2144495006531697801
အဲဒီပန်းသီးမုန့်လေးကို အတူတူစားရင်း အချင်းချင်းပိုရင်းနှီးသွားကြပါတယ်တဲ့…
ကျောင်းသားဘ၀မှာ ဒီလိုကြည်နူးစရာအဖြစ်အပျက်လေးတွေလည်းရှိကြတယ်လေ။။
ဒီလိုလမ်းလျှောက်ပွဲမျိုးကို ပါ၀င်ကြည့်ချင်ကြပါသလား??